ရန်ကုန်တိုင်း ပကဖတပ်ဖွဲ့ (၁) အား မြို့နယ်လေးခု ထပ်ပေါင်း ဖွဲ့စည်း

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အချို့ဖြင့် စုဖွဲ့ထားသည့် ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့ (၁) အား ခရမ်း၊ သုံးခွ၊ ကျောက်တန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ တော်လှန်ရေးရဲဘော်အချို့အား ပူးပေါင်းပါဝင် စုစည်း၍ ပြင်ဆင်ဖွဲ့စည်းကြောင်း သြဂုတ် ၁၉ ရက်တွင် တပ်ဖွဲ့တာဝန်ခံ အမည်ဖြင့် ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁) အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က ဖွဲ့စည်းကာ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EROs) များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ လက်ရှိတွင် တိုက်ခိုက်ရေးအင်အားအရ တပ်ခွဲ (၁)၊ (၂)အဖြစ် စီမံကွပ်ကဲလျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) ညွှန်ကြားချက်များအတိုင်း တိုက်ခိုက်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်မည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.