ကရင်ဘာသာစကား၊ယဉ်ကျေးမှု၊ သမိုင်းနှင့်ဝိသေသလက္ခဏာများအပြင်ဒေသန္တရအုပ်ချုပ်ရေးထိန်းသိမ်းမြှင့်တင်ရေးအတွက်လုပ်ဆောင်နေသည့် KarenTeacher Working Group – KTWG မှာလက်ရှိတွင် ကျောင်းပေါင်း၂,၁၆၇ကျောင်း တည်ထောင်ထားနိုင်ပြီဖြစ်ကာဆရာ/ဆရာမ၁၂,၀၃၅ဖြင့် လည်ပတ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
KTWG အားမြန်မာနိုင်ငံရှိ ကရင် အပါအဝင်အခြားသော ဌာနေတိုင်းရင်းသားကလေးသူငယ်များ အရည်အသွေးမှီပညာရေးအား လက်လှမ်းမီနိုင်ရေးအတွက်၁၉၉၇ ခုနှစ်ကတည်းကစတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။KTWG သည်လက်ရှိတွင် မြန်မာပြည်အရှေ့ပိုင်းဒေသကျောင်းပညာရေးအစီအစဉ် (EasternBurma Community Schooling Project) ကိုလည်းအကောင်အထည်ဖော်နေကာကျောင်းသားပေါင်း ၄၈၇,၆၅၅ဦးအထိ ပညာသင်ကြားပေးထားနိုင်ပြီဖြစ်သည်။