တပ်မဟာ (၆) ထိန်းချုပ်ရာ ဒူးပလာယာခရိုင်အတွင်း စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်ရာ၌ ရှုပ်ထွေးမှုမရှိစေရန် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဌာနအသီးသီး၌ လုပ်ကိုင်နေသည့် ဝန်ထမ်းများ (Non-CDM) အားလုံးအနေဖြင့် နုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ခြင်း (သို့မဟုတ်) အစည်းအရုံး၏အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ကူညီပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ကဇွန် ၂၈ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။
ထိန်းချုပ်နယ်မြေများအတွင်းရှိ Non-CDM များ အနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား အားပေး၊ ထောက်ခံ၊ ကူညီသည့် မည်သည့်လုပ်ဆောင်မှုမျိုးကို မပြုလုပ်ကြရန်ကိုပါ သတိပေးထားကာ မလိုက်နာပါကတပ်မဟာ (၆)အနေဖြင့် အဆင့်ဆင့်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟုလည်း ပါရှိသည်။