ထိန်းချုပ်မြို့နယ် ၁၂ ခုတွင် PSLF/TNLA တရားရေးယန္တရား စတင်

၁၀:၂၇ စစ်ဆင်ရေး အပိုင်း (၁) နှင့် (၂) အတွင်း ထိန်းချုပ်ထားနိုင်သည့် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ စသည့် မြို့နယ် (၁၂) ခုတွင်ဗဟို၊ ခရိုင် နှင့် မြို့နယ်တရားသူကြီးများ၊ ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်များ လွှဲပြောင်း၊ ခန့်အပ်ကာ တရားရေးယန္တရား စတင်လည်ပတ်နေပြီဖြစ်ကြောင်း ပလောင်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။

တရားစီရင်ရေးစနစ် အားကောင်းရေး၊ ဥပဒေ စိုးမိုးရေးနှင့် တရားမျှတရေးအတွက် ဗဟိုတရားသူကြီး (၃)ဦး၊ ခရိုင်တရားသူကြီး (၄)ဦး၊ မြို့နယ်တရားသူကြီး (၈)ဦး၊ ဥပဒေရှေ့နေ (၇) ဦးတို့အား PSLF/TNLA ဗဟိုအလုပ်အမှုဆောင် ကော်မတီက အမိန့်စာထုတ် ခန့်အပ်ခြင်း ဖြစ်ကာ ခန့်အပ်ပွဲသို့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူဂျာ၊ ဒုဌာနမှူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော် အပါအဝင် တအာင်းပြည် တရားရေးဌာန တာဝန်ရှိသူများပါ တက်ရောက်ခဲ့သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.