စစ်ဆင်ရေးကာလ စည်းကမ်းနှင့် လမ်းညွှန်ချက်များ Mandalay PDF ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုအား ထိုးစစ်ဆင်နေသည့် ကာလအတွင်း တပ်ဖွဲ့ဝင်အားလုံး လိုက်နာရမည့် စည်းကမ်းနှင့် လမ်းညွှန်ချက်၂၈ ချက်အား ကဏ္ဍသုံးခုခွဲ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (People’s Defense Force – Mandalay) စစ်ဦးစီးအဖွဲ့က ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်၌ "မြို့ရွာများ သိမ်းပိုက်ထိန်းချုပ်ရာ၊ ထိုးစစ်ဆင်ရာတွင် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်" (၁၀)ချက်၊ "ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လမ်းညွှန်ချက်" (၁၂)ချက်၊ "အရေးပေါ်အခြေအနေတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်" (၆) ချက်တို့ ပါဝင်ကာ အချက်တစ်ခုခုအား ဖောက်ဖျက်ကျူးလွန်ပါက သတ်မှတ်ထားသော စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များအတိုင်း တိတိကျကျ ထိထိရောက်ရောက် အရေးယူမည်ဟုလည်း ဖော်ပြထားသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.