“မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ၏တရုတ်နိုင်ငံနှင့် စပ်လျဉ်းသည့်ရပ်တည်ချက်” - “The NationalUnity Government’s Position on China” အားNUG ကဇန်နဝါရီ ၁ ရက်၌ ထုတ်ပြန်ထားရာယင်းရပ်တည်ချက်ကြေညာစာတမ်းသည်မိမိတို့၏ မူဝါဒနှင့်ရှုမြင်မှုအား ကိုယ်စားပြုခြင်းမဟုတ်ကြောင်း ဇန်နဝါရီ ၂၁ရက်တွင် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MyanmarLabour Alliance - MLA) က ထုတ်ပြန်လိုက်သည်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ထုတ်ပြန်သည့် တရုတ်မူဝါဒဆိုင်ရာကြေညာချက် အမှတ် (၇)၌" တရုတ်နိုင်ငံ၏စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့်အခြားလူမှုစီးပွားလုပ်ငန်းများ၏လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်”ဟု ပါရှိရာ ၎င်းသည်MLA ကအဖွဲ့ဝင်အဖြစ် ပါဝင်သည့်အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့်NUG တို့၂၀၂၂ ခုနှစ် မေလက သဘောတူရေးဆွဲထားသည့်မဟာဗျူဟာစာတမ်းပါအချက်နှင့် ကွဲလွဲနေသည့်အတွက်ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
ထို့ပြင်တရုတ်တနိုင်ငံတည်းမူဝါဒ(One China Policy) အားမြန်မာနိုင်ငံ၏ အမျိုးသားရေးမူဝါဒကဲ့သို့ထည့်သွင်းဖော်ပြထားခြင်းအပေါ်နွေဦးတော်လှန်ရေး၌ ပါဝင်သည်အင်အားစုအားလုံး မူဝါဒအဖြစ်သဘောတူနိုင်မည် မဟုတ်သည့်အတွက်ကန့်ကွက်ကြောင်းကိုလည်းထုတ်ပြန်ချက်၌ ပါရှိကာယင်းမူဝါဒများနှင့် ပတ်သက်၍ပိုမိုကောင်းမွန်သည်ဆွေးနွေးဖလှယ်မှုများပြုလုပ်နိုင်ရန် အဆင်သင့်ရှိကြောင်းလည်းဖော်ပြထားသည်။