တကောင်းမြို့ သိမ်းပြီးဖြစ်ကြောင်း NUG-MoD ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်းမြို့အား အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း ကွပ်ကဲမှုဖြင့် သြဂုတ် ၁၁ ရက် နံနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ သြဂုတ် ၁၂ ညပိုင်းတွင်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) က သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သည်။

မြို့သိမ်းတိုက်ပွဲအတွင်း အထူးလှုပ်ရှား တပ်ရင်း - ၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန်းခရိုင် တပ်ရင်း (၄)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ်/တကောင်းတိုက်နယ် ပကဖ တို့ ပူးပေါင်းထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကာ စစ်အုပ်စု အခြေပြုထားရာ ထွေအုပ်ရုံး၊ ဆေးရုံနှင့် ရဲစခန်းအား သြဂုတ် ၁၁ ရက်နှင့် လေးမျက်နှာဘုရားအား သြဂုတ်၁၂ ရက်တွင် တိုက်ခိုက်ပြီးနောက် မြို့သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တော်လှန်ရေးအင်အားစုများဘက်မှ မြို့ပေါင်း ၇၇ မြို့အထိ သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.