ပြစ်ဒဏ်လွတ်ငြိမ်း၊ သက်သာခွင့်အမိန့်များ IEC ထုတ်ပြန်

ကရင်နီအမျိုးသားတို့၏(၁၄၉) နှစ်မြောက် အမျိုးသားနေ့နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အတွက် ကရင်နီ ကြားကာလအစီအမံနှင့် တရားစီရင်ရေးအစီအမံ ဥပဒေများအရ အကျဉ်းသား ၁၂ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၁၀၅ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များ ခွင့်ပြုလိုက်ကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဇွန် ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

ကြားကာလအစီအမံ ပုဒ်မ ၃၂၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲငယ် (၂)၊ ကြားကာလတရားစီရင်ရေး ဥပဒေပုဒ်မ ၃၂ တို့အရ "နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်"ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် သက်သာခွင့်များအား အမိန့်အမှတ် ၁၇/၂၀၂၄ ဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.