အဖွဲ့အမည်ခံ ကိုယ်ကျိုးရှာမှုများ ချက်ချင်း ရပ်တန့်ရန် YPDF နှင့် AA သတိပေး

အဖွဲ့အခြေစိုက်ဒေသနှင့် စစ်ရေးလှုပ်ရှားနေသည့်နေရာများ၌ အဖွဲ့အစည်းအမည်ခံ၍ ကိုယ်ကျိုးရှာ လက်နက်ခဲယမ်း ရောင်းဝယ်ခြင်း၊ သယံဇာတ သယ်ယူရောင်းချခြင်းနှင့် ငွေကြေး တောင်းခံ၊ ကောက်ယူခြင်းများရှိနေသည့်အတွက် ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက ပြဌာန်းထားသည့် တပ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊အမိန့်၊ ညွှန်ကြားချက်နှင့်အညီ အရေးယူသွားမည်ဟု ယောဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် အာရက္ခတပ်တော် (ULA/AA) တို့က ထုတ်ပြန်လိုက်သည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ လက်မှတ်ထိုးကာ ဇူလိုင် ၃ ရက်ရက်စွဲဖြင့် ထုတ်ပြန်သည့် YPDF သတိပေးထုတ်ပြန်ချက်၌ တော်လှန်ရေးရန်ပုံငွေအလို့ငှာ ငွေကြေးခွဲတမ်းချခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓားမြတိုက်ခြင်း၊ ဂိတ်ဖွင့်ငွေတောင်းခံခြင်း၊ တရားမဲ့ပြုကျင့်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ဘဲ ဂုဏ်သိက္ခာရှိရှိဖြင့် တော်လှန်ရေးကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်နေသော တပ်ဖွဲ့ဖြစ်ကြောင်းနှင့်"ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါရှိသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုအား အာရက္ခတပ်တော် (ULA/AA) ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကာ တိုင်ပွဲပြင်းထန်နေမှုအား အခွင့်ကောင်းယူလျက် အဖွဲ့အမည်ခံကာ သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များထံမှ ငွေလိမ်လည် တောင်းခံကောက်ယူမှုများ ရှိနေကြောင်းနှင့် ယင်းလုပ်ရပ်အား ချက်ချင်းရပ်တန့်ရန်သတိပေးကြောင်း ဇူလိုင်  ၂ ရက်တွင် ထုတ်ပြန်ထားသည်။ ULA/AA အနေဖြင့် ယင်းလုပ်ရပ်မျိုး မလုပ်ဟု မိဘပြည်သူများအား သတိပေးကြောင်းနှင့် ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းများ ထပ်မံရှိလာပါက ဗဟိုဌာနချုပ်နှင့် သံတွဲဒေသတာဝန်ခံထံ တိုက်ရိုက်ဆက်သွယ်မေးမြန်းရန်လည်း သတိပေးထားသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.