သုတေသန · ဖြစ်စဉ်များ

စစ်ကိုင်း ကြားကာလဖွဲ့စည်းပုံ မူကြမ်းအား လွှတ်တော်သို့ တင်သွင်း

Sagaing Forum

စစ်ကိုင်းဒေသအတွင်းရှိ နိုင်ငံရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးကော်မရှင်က မူကြမ်းအား တိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်ကြောင်း လွှတ်တော်က အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ကော်မရှင်အား ဖေဖော်ဝါရီ ၁ ရက်က ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များ၊ CDM နိုင်ငံ့ဝန်ထမ်း၊ တိုင်းရင်းသားအင်အားစု၊ လေးစားယုံကြည်ရသူများနှင့် သပိတ်အင်အားစု၊ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းပြီးနောက် အစုအဖွဲ့များမှ အဖွဲ့ဝင် ၅၇ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

လွှတ်တော်အနေဖြင့် မူကြမ်းအား လွှတ်တော်လုပ်ထုံးလုပ်နည်းများနှင့်အညီ မဆောင်ရွက်မီ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဒေသတွင်း တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအင်အားစုများအပြင် ကျန်ရှိနေသည့် ယူနစ်အတွင်း အခြားအင်အားစုများကိုပါ ပေးပို့၍ ပေါင်းစပ်ညှိနှိုင်းအကြံပြုချက်များ ရယူမည်ဟုလည်း ကြေညာချက်၌ ပါရှိသည်။