သုတေသန · ဖြစ်စဉ်များ

တအာင်းပြည် တော်လှန်ရေးကာလအစိုးရအစီအမံ မူကြမ်း ရေးဆွဲအတည်ပြု

TPCC

၁၀:၂၇စစ်ဆင်ရေးအတွင်း သိမ်းယူထားသည့်မြို့များနှင့် စီမံအုပ်ချုပ်နေသည့် မြို့နယ်များ၌ အရပ်ဘက် အုပ်ချုပ်ရေးအစိုးရ ပေါ်ထွန်းရေးအတွက် တအာင်းပြည် တော်လှန်ရေးကာလအစီအမံအား ရေးဆွဲဆွေးနွေးပြီးနောက် မူကြမ်းအဖြစ် လက်ခံအတည်ပြုကာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရေး ရှေ့လုပ်ငန်းစဉ်များ သဘောတူပြီးဖြစ်ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (Ta’ang Political Consultative Committee – TPCC) က မတ် ၂၅ ရက်တွင် ထုတ်ပြန်သည်။

TPCC နှစ်ပတ်လည် အစည်းအဝေးအား မတ် ၁၉ မှ ၂၁ ရက်အထိ တအာင်းပြည်နယ်၊ နမ့်ဆန်ခရိုင်၊ နန့်ဆန်မြို့၌ ကော်မတီဝင်၊ အရံကော်မတီဝင်၊ အစုအဖွဲ့ ခေါင်းဆောင်နှင့် လူငယ်ကိုယ်စားလှယ် စုစုပေါင်း၈၆ ဦးဖြင့် ပြုလုပ်ပြီးနောက် ထိုသို့ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေး၌ TPCC ၏လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့် တအာင်း (ပလောင်)ဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကို ဆက်လက်မထားရှိတော့ရန်လည်း သဘောတူဆုံးဖြတ်ခဲ့သည်။