သုတေသန · စာတမ်းများ

တနင်္သာရီဒေသ၏ နိုင်ငံရေးအခြေအနေ တိုးတက်ပြောင်းလဲမှုများ

ဤစာတမ်းတိုသည် တနင်္သာရီဒေသရှိ ထားဝယ်၊ ကရင်၊ ကော့သောင်းခရိုင်၊ မြိတ်ခရိုင် နိုင်ငံရေးအင်အားစုများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မွန်နိုင်ငံရေးအင်အားစုများအား တွေ့ဆုံမေးမြန်းခြင်းအားဖြင့် နွေဦးတော်လှန်ရေးကာလအတွင်း ဒေသ၏ နိုင်ငံရေးအခြေအနေ တိုးတက်ပြောင်းလဲမှုကို လေ့လာသုံးသပ်ထားခြင်း ဖြစ်ပါသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် တနင်္သာရီဒေသတွင် NLD ၏ ပြည်မအခြေစိုက် ဦးဆောင်မှုကို မှီခိုရာမှ ဒေသတွင်း ကိုယ်တိုင်ဖန်တီးခွင့် (Localization) နှင့် အောက်ခြေမှ တက်လာသော ဖက်ဒရယ်စနစ် (Bottom-up Federalism) အတွေးအခေါ်များ ထွန်းကားလာသည်။

ထားဝယ်အင်အားစုများသည် ၂၀၂၆ ခုနှစ် ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးညီလာခံမှတဆင့် ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) နှင့် ထားဝယ်တပ်တော် (TA) တို့ကို ဖွဲ့စည်းခဲ့ကြသည်။ TNF က အမျိုးသားရေးအခြေခံ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဦးတည်သော်လည်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အင်အားစုများက ပထဝီနယ်မြေကို အခြေခံ စဉ်းစားကြသည်။ NLD/လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်သည့် ကြားကာလအစီအမံ ရေးဆွဲမှုသည် ဒေသတွင်းအင်အားစုများ အားလုံးပါဝင်ခွင့် မရှိဟု ဝေဖန်ခံရပြီး KDPO က ယင်းလုပ်ငန်းစဉ်ကို ရပ်ဆိုင်းရန် တောင်းဆိုထားသည်။ သယံဇာတ ပေါကြွယ်မှုသည် ဒေသ၏ အဓိကပြဿနာ ဖြစ်ပြီး ထိန်းချုပ်မှု ရောထွေးနေသည့် နယ်မြေများတွင် ဒေသခံပြည်သူများ ကြားညှပ်ခံနေရသည်။

အင်အားစုအများစုက Bottom-Up ဖက်ဒရယ်စနစ်ကို ထောက်ခံကြသော်လည်း တနင်္သာရီဖက်ဒရယ်ယူနစ် ဖြစ်မြောက်ရေး ကြိုးပမ်းမှု လေးကြိမ်ခန့် မအောင်မြင်ခဲ့ရာ စိတ်ရှည်စွာ အားလုံးပါဝင်သော ညှိနှိုင်းမှု လိုအပ်နေဆဲ ဖြစ်သည်။