Home
Institutions
Stakeholders
Revolutionary Highlights
Resources
Podcasts
ကချင်လွတ်လပ်ရေး အဖွဲ့ချုပ်
အမျိုးအစား
လူမျိုး/ပြည်နယ် အဖွဲ့အစည်း
January 6, 2025
ဆက်သွယ်ရန်
Colonel Naw Bu
kachinnet.net@outlook.com
8615969236886
ယခုဆောင်းပါးသည် အများပြည်သူသို့ ထုတ်ပြန်ထားပြီးဖြစ်သည့် အချက် အလက်များကို အခြေခံ၍ ပြုစုထား ခြင်းဖြစ်ပါသည်။ ပြင်ဆင်ရန် အဆို ပြုလိုသည့်အချက်အလက်များရှိပါက springsprouts@proton.me သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
လှုပ်ရှားဆောင်ရွက်မှုများ
ကချင်အထူးဒေသ (၁) အား ဖျက်သိမ်းကြောင်း KIO ထုတ်ပြန်
စစ်အာဏာရှင်အစိုးရအဆက်ဆက် အာဏာတည်မြဲရေးအတွက် ကချင်အထူးဒေသ (၁) ဟူ၍ ခွဲခြားအုပ်ချုပ်ထားမှုအား နိုဝင်ဘာ ၂၈ ရက်မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဗဟိုကော်မတီက ထုတ်ပြန်လိုက်သည်။
January 6, 2025
စစ်အုပ်စုရဲ့ “နိုင်ငံရေး” အတု
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို ကမ်းလှမ်းသော ကြေညာချက်တစ်စောင်အား စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုဖြစ်ကာ ၂၀၂၂ခုနှစ် ဧပြီလတွင် ပထမအကြိမ်အဖြစ်အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင်ရုပ်မြင်သံကြားမှတစ်ဆင့်ကမ်းလှမ်းခဲ့ဖူးသည်။မတူညီသည့်အချက်မှာ ယခုတစ်ကြိမ်ကမ်းလှမ်းချိန်၌ EROs၊PDFs များ၏စစ်ဆင်ရေးများကြောင့်အကြမ်းဖက်စစ်အုပ်စုဘက်မှစစ်စခန်းများ၊ စစ်ဌာနချုပ်များအပြင်မြို့များကိုပါ လက်လွှတ်နေရချိန်ဖြစ်သည်။
January 6, 2025
ဘုံသဘောထားရပ်တည်ချက် အကောင်အထည်ဖော်ရေး NUG အစည်းအဝေး ပြုလုပ်
အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းမှု သုံးနှစ်ပြည့်အဖြစ် ထုတ်ပြန်သည့် "စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်" ပါ လုပ်ငန်းစဉ်အဆင့်ဆင့်အား အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဖေဖော်ဝါရီ ၆ ရက်တွင် အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်ခဲ့သည်။
January 6, 2025
NUG နှင့် K3C တို့၏ ဘုံသဘောထားရပ်တည်ချက် ထုတ်ပြန်
"စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေသည့် အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်" အမည်ဖြင့် ဦးတည်ချက် ခြောက်ရပ်အား အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ၊ ကရင်အမျိုးသားအစည်းအရုံး - KNU ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ - KNPP ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO ၊ ချင်းအမျိုးသားတပ်ဦး - CNF တို့ ပူးပေါင်း၍ ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်လိုက်သည်။
January 6, 2025
မုန်လိုင်ခတ် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ် တော်လှန်ရေးအင်အားစုများ၏ တုံ့ပြန်မှုများ
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက် ည (၁၁) နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် ကလေးသူငယ် (၁၃) ဦးအပါအဝင် အရပ်သား စစ်ရှောင်ပြည်သူ (၃၂) ဦး သေဆုံးခဲ့ကာ (၂၀) ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ သေဆုံးသူအများစုမှာ အမျိုးသမီးများ ဖြစ်ပြီး စစ်ရှောင်နေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့သည်။
January 6, 2025
View All