မြန်မာအပေါ် ICJ တရားစွဲဆိုမှု၌ နိုင်ငံရှစ်ခုအား ပါဝင်ဆောင်ရွက်ခွင့် ပြု

လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုသည့်အမှုနှင့် ပတ်သက်၍ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ မြောက်အိုင်ယာလန်နှင့် မော်လ်ဒိုက်နိုင်ငံတို့အားပါဝင်ဆောင်ရွက်ခွင့်ပြုကြောင်းInternationalCourt of Justice (ICJ) က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

ICJ Article36 အရ ထိုသို့ ဆောင်ရွက်ခွင့်ပြုခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ပါဝင်ဆောင်ရွက်ခွင့်ပြုရန် တောင်းဆိုထားမှုအား ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။ ယင်းခွင့်ပြုချက်အရ အဆိုပါနိုင်ငံများသည်စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ ၎င်းတို့၏ လေ့လာတွေ့ရှိချက်များအား ရေးသားတင်သွင်းခွင့် ရရှိမည်ဖြစ်သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.