စဉ့်ကူးမြို့နယ်အား Mandalay PDF အပြီးတိုင် သိမ်းပိုက်၊ ထိန်းချုပ်

မန္တလေးတိုင်း ၊စဉ့်ကူးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု စခန်းများအားလုံးနှင့် မြို့နယ်အား ဇူလိုင် ၁၇ ရက်တွင် အပြီးသတ် သိမ်းပိုက်၊ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) စစ်ဦးစီးအဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

စဉ့်ကူးမြို့နယ်သည် လက်ရှိတွင် စစ်အုပ်စုကင်းစင်သော မြို့နယ်ဖြစ်ပြီဖြစ်ကာ MDY-PDF က မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသောမြို့နယ်ဖြစ်ပြီး စစ်ဆင်ရေးအတွက် မိမိတို့ဘက်မှကျဆုံးသူများ ရှိခဲ့ကာစစ်အုပ်စုဘက်မှ သုံ့ပန်းအများအပြားနှင့် လက်နက်ခဲယမ်း အများအပြားအား ဖမ်းဆီး၊ သိမ်းဆည်းရမိထားကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.