NUG အိန္ဒိယရုံးကိုယ်စားလှယ်အား ရာထူးမှ ထုတ်ပယ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်အား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့်ပတ်သက်၍ တိုင်ကြားခံရပြီးနောက် သြဂုတ် ၁ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးဌာနက သြဂုတ် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဆလိုင်းအိုက်ဇက်ခင်သည် လက်အောက်ဝန်ထမ်း အတွင်းရေးမှူး အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု၊ လုပ်ပိုင်ခွင့်အာဏာအား မလျော်သြဇာသုံး၍ ကျူးလွန်ခံရသူအား အလုပ်မှ ထုတ်ပယ်ခြင်းတို့ကြောင့် တိုင်ကြားခံရပြီးနောက် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ ဗဟိုကော်မတီ၏ သုံးသပ်ဆုံးဖြတ်ချက်များနှင့်အညီ ရာထူးမှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.