NUG Pay နှစ်နှစ်ပြည့် အစီရင်ခံစာ ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်မှုအောက်တွင်ရှိသည့် ငွေကြေးစနစ်အပေါ် မှီခိုရမှု အဆုံးသတ်ရေး၊ ပြည်သူများ ကြုံတွေ့နေရသည့် လုံခြုံရေးစိန်ခေါ်မှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ငွေကြေးလည်ပတ်မှု ယန္တရားဖြစ်သော NUGPay စနစ် လည်ပတ်မှု နှစ်နှစ်ပြည့် ပြည်သူ့အစီရင်ခံစာအား NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

NUGPay အား၂၀၂၂ ခုနှစ် ဇွန် ၂၆ ရက်တွင် အစိုးရအဖွဲ့ သဘောတူညီချက်ဖြင့် ဒစ်ဂျစ်တယ်မြန်မာကျပ် (DigitalMyanmar Kyat – DMMK) ကို နိုင်ငံတော်၏ တရားဝင် ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ဖြန့်ဝေ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် NUGPay သုံးစွဲသူ ၃၅,၀၀၀ ခန့်ရှိကာ စျေးကွက်အတွင်း လည်ပတ်ငွေပမာဏမှာ DMMK ၃၇ဒသမ ၂ ဘီလျံ ရှိသည်ဟု အစီရင်ခံစာ၌ ပါရှိသည်။ စနစ်အတွင်းငွေကြေးစီးဆင်းမှုနှင့် ငွေပေးငွေယူ (Transaction) ပမာဏမှာလည်း ကျပ် ၁ ဒသမ ၅ ထရီလီယံအထိ ရှိလာနေပြီလည်း ဖြစ်သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.