အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

အကြမ်းဖက်စစ်အုပ်စု၏ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အထိုင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အား သြဂုတ် ၃ ရက် နေ့လယ်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်အတည်ပြုထားသည်ဟု သတင်းမီဒီယာများက ဖော်ပြကြသည်။

တိုင်းစစ်ဌာနချုပ်အား ယင်းနေ့ နေ့လယ်ပိုင်းတွင် ရှေ့တန်းတပ်ဖွဲ့ဝင်များ၏ သွေးထွက်သံယိုမှုနှင့်အတူ အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကာ ဌာနချုပ် စစ်ဆေးရုံ၌ ဒဏ်ရာရ အကြမ်းဖက်စစ်အုပ်စု တပ်သားများနှင့် မိသားစုဝင် ၄၇၀ ကျော်ကိုလည်း စွန့်ပစ်ထားခဲ့ကြောင်း၊ ၎င်းတို့အား လူသားချင်း စာနာထောက်ထားမှု၊ စစ်သုံ့ပန်းမူဝါဒအရ တိုက်ပွဲပြင်းထန်သည့်ကြားမှ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးထားကြောင်း MNDAA က ထုတ်ပြန်ထားသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲ၌ MNDAA နှင့်အတူ ဗမာ့ပြည်သူလွတ်မြောက်ရေး တပ်တော်(BPLA) ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ရမခ သည်အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပထမဆုံး လက်လွှတ်လိုက်ရသည့် တိုင်းစစ်ဌာနချုပ် ဖြစ်သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.