သုတေသန · ဖြစ်စဉ်များ

ကရင်နီပြည်နယ် ကြားကာလလွှတ်တော် တစ်နှစ်ပြည့် အစီရင်ခံစာ

Karenni IECKSCC

ကြားကာလ ဥပဒေပြုရေးကော်မတီအား ကရင်နီပြည်နယ် ကြားကာလလွှတ်တော် (Karenni State InterimParliament - KSIP) အဖြစ် ပြောင်းလဲရပ်တည် လည်ပတ်မှု တစ်နှစ်ပြည့်အစီရင်ခံစာအား သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

KSIP အား ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ ကိုယ်စားလှယ် (၁၂) ဦးဖြင့် ကော်မတီမှ ကြားကာလလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်း လည်ပတ်ခဲ့သည့် တစ်နှစ်တာအတွင်း ဥပဒေပြုခြင်း၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွက် ရသုံးမှန်းခြေ ငွေစာရင်း အတည်ပြုခြင်း၊ ကရင်နီပြည် တရားရုံးချုပ် တရားသူကြီးများခန့်အပ်ခြင်း အပါအဝင် လွှတ်တော်၏မြေပြင်ကွင်းဆင်းမှုလုပ်ငန်းစဉ်များကိုလည်းအစီရင်ခံစာ၌ ဖော်ပြထားသည်။