နိုင်ငံတကာ ဆက်ဆံရေး

ကမ္ဘာ့နိုင်ငံကြီး ရှစ်ခုတွင် NUG အစိုးရ၏ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်လာနိုင်ခဲ့သည်။ ၎င်းနိုင်ငံရှစ်ခု မှာ သြစတြေးလျ၊ ချက်ရီပက်ဗလစ်၊ ပြင်သစ်၊ ဂျပန်၊ ဗြိတိန် ၊ နော်ဝေ၊ တောင်ကိုရီးယား နှင့် ဝါရှင်တန်ဒီစီ တို့၌ ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာရှိ လွှတ်တော်များနှင့် ထိတွေ့မှုများ ပိုမိုလုပ်ဆောင်လာနိုင်ခဲ့ကာ မြန်မာ့ဒီမိုကရေစီရေးနှင့် အာဏာသိမ်းစစ်တပ်က ကျူးလွန်နေသည့် ရာဇဝတ်မှုကိစ္စရပ်များအား တင်ပြ နိုင်ခဲ့ကြသည်။ အာဏာသိမ်းစစ်တပ်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး - ICC ၊ ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး - ICJ အပြင် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ တရားရုံး၊ ဂျာမနီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၌ စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများဖြင့် တရားစွဲဆိုထားသည်။

  • NUG တရုတ်မူဝါဒ မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစုအား ကိုယ်စားမပြု

    “မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံနှင့် စပ်လျဉ်းသည့် ရပ်တည်ချက်” - “The National Unity Government’s Position on China” အား NUG က ဇန်နဝါရီ ၁ ရက်၌ ထုတ်ပြန်ထားရာ ယင်းရပ်တည်ချက်ကြေညာစာတမ်းသည် မိမိတို့၏ မူဝါဒနှင့် ရှုမြင်မှုအား ကိုယ်စားပြုခြင်း မဟုတ်ကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (Myanmar Labour Alliance - MLA) က ထုတ်ပြန်လိုက်သည်။

    MLANUCC
  • တရုတ်နိုင်ငံဆိုင်ရာ သဘောထား NUG ထုတ်ပြန်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားကာ တရုတ်နိုင်ငံ၏ တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံ ကျင့်သုံးမည်ဖြစ်ပြီး စစ်မှန်သည့် "ဆွေမျိုး - ပေါက်ဖော်" ဆက်ဆံရေး တည်ဆောက်သွားမည် ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ၁/၂၀၂၄ ဖြင့် ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်လိုက်သည်။

  • ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရှိရေး ကြိုးပမ်းနေသည်ဟု NUCC နှင့် NUG ပူးတွဲထုတ်ပြန်

    ၂၀၂၄ ခုနှစ်တွင် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံး ရရရှိရေး ကြိုးပမ်းနေသည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲ ထုတ်ပြန်လိုက်သည်။

  • လေယာဉ်ဆီဖြတ်တောက်ရေး အဖြူရောင်ကမ်ပိန်း

    အကြမ်းဖက်စစ်အုပ်စုက အရပ်သားများအပေါ် ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်နေမှုများအား နိုင်ငံတကာ အစိုးရများ သိစေရေးအတွက် လေယာဉ်ဆီဖြတ်တောက်ရေး အဖြူရောင်ကမ်ပိန်း "Ban Jet Fuel – White Campaign” အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါဝါရီလအထိ (အပတ်စဉ် တနင်္လာနေ့တိုင်း) ပြုလုပ်သွားရန် မြန်မာ့ဒီမိုကရေစီအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။

    PV
  • ဦးကျော်မိုးထွန်းအား မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိ

    မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးအဖြစ် ကိုယ်စားပြုသူ ရွေးချယ်ရေးအား ကုလစိစစ်ရေးကော်မတီက ဆိုင်းငံ့လိုက်သည့်အတွက် လက်ရှိအသိအမှတ်ပြုခံထားရသူ ဦးကျော်မိုးထွန်းမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိနေမည် ဖြစ်သည်။

  • မြန်မာ့လူထုသဘောထားနှင့် တော်လှန်ရေးအခြေအနေမှန် သိစေရေး တရုတ်အား အိတ်ဖွင့်ပေးစာ ပို့

    မြန်မာပြည်သူတစ်ရပ်လုံး ထောက်ခံ၊ ပါဝင်၊ ဆင်နွှဲနေသည့် မြန်မာ့နွေဦး တော်လှန်ရေးသည် ဖက်ဆစ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ပြည်သူ့ကိုယ်စားပြု ဒီမိုကရေစီအစိုးရစနစ် ပေါ်ထွန်းရေး၊ လူမျိုးပေါင်းစုံ တန်းတူရည်တူရှိသည့် ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ရှေးရှုကာ တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံတစ်ရပ်ရပ်၏ အကျိုးစီးပွားကို ထိခိုက်နစ်စေမှု လုံးဝ ဖြစ်စေမည် မဟုတ်သည့် ပြည်သူတော်လှန်ရေးသာ ဖြစ်ကြောင်း တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိထံ လိပ်မူ၍ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာလူထုအခြေပြုနှင့် တော်လှန်ရေးအဖွဲ့အစည်း ၂၂၅ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။

    GSCB
  • မုံရွာထောင်အတွင်း နိုင်/ကျဉ်းများအား စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်နေ

    မုံရွာထောင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ မတရားပုဒ်မ တပ်၍ ထောင်သွင်းအကျဉ်းကျခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား ထောင်အာဏာပိုင်များက စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်နေသည့်အပေါ် ချက်ချင်းရပ်တန့်ရန် သတိပေးလိုက်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်လိုက်သည်။

    MPSSC
  • စစ်အုပ်စုလောင်စာရရေး ပါဝင်ပတ်သက်နေသည် လု်ပငန်း ၁၂ ခုအား ပြစ်ဒဏ်ခတ်ရေး တောင်းဆို

    အကြမ်းဖက်စစ်အုပ်စု လိုအပ်သည့် လေယာဉ်ဆီနှင့် စစ်ဘက်/အရပ်ဘက် နှစ်မျိုးသုံး လောင်စာရရေးအတွက် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ ဝယ်ယူရေးအတွက် ငွေကြေးလွှဲပြောင်းမှုနှင့် လောင်စာဆီတဆင့်သိုလှောင်ပေးမှု၌ ပါဝင်သည့် ကုမ္ပဏီများ၊ ရေကြောင်းအာမခံနှင့် သင်္ဘောအေဂျင်စီများအနေဖြင့် စီးပွားရေးပိတ်ဆို့ထားမှုအပေါ် ချိုးဖောက်သည့်အတွက် ပြစ်ဒဏ်ခတ်မှု ချမှတ်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

  • စစ်အုပ်စု အကျိုးဖြစ်စေသည့် ODA နှင့် စီမံကိန်းများ ရပ်ဆိုင်းရန် ဂျပန်အစိုးရအား တောင်းဆို

    မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရက ပေးအပ်နေသည့် ဖွံ့ဖြိုးရေးဆို်ငရာ တရားဝင်အကူအညီ (Official Development Assistance – ODA) ချေးငွေများ ပေးအပ်ခြင်း၊ ဂျပန်အစိုးရန်ပုံငွေဖြင့် လည်ပတ်နေသည့် ဂျပန်နိုင်ငံ၏ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (Japan Oversea Infrastructure Investment Corporation for Transport and Urban Development – JOIN) နှင့် ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်းဘဏ် (Japan Bank for International Cooperation – JBIC) သည် စစ်သမိုင်းပြတိုက် ပြန်လည်ပြုပြင်ရေးစီမံကိန်းများ၌ ပါဝင်ပတ်သက်နေသည့်အတွက် အကြမ်းဖက်စစ်အုပ်စုအား အကျိုးဖြစ်ထွန်းနေစေသည့်အတွက် ၎င်းတို့အား ရပ်တန့်ရန် ဂျပန်အစိုးရအား ဦးတည်၍ ဒီဇင်ဘာ ၁ ရက်က နွေဦးတော်လှန်ရေး၌ ပါဝင်နေသည့် အရပ်ဘက်အဖွဲ့အစည်း ၈၅ ခုက တောင်းဆိုလိုက်သည်။

    PV
  • စစ်အုပ်စုအား မဖိတ်ရန် GPEDC နှင့် ကိုရီးယားအစိုးရအား အရပ်ဘက် ၆၆၀ ဖွဲ့က ကန့်ကွက်

    ၂၀၂၃ ဘူဆန် ကမ္ဘာ့မိတ်ဖက် ဖိုရမ် (2023 Busan Blobal Partnership Fourm) အား အကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ် ဖိတ်ကြားထားမှုအား ပြန်လည်ရုပ်သိမ်းရန်နှင့် မြန်မာပြည်သူများအား ထောက်ခံကြောင်း ပြသရန် မြန်မာ့အရပ်ဘက် အဖွဲ့အစည်း ၆၆၀ က နိုဝင်ဘာ ၂၉ ရက်တွင် အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်သည်။

    PV
  • မြန်မာအရေး၌ ပါဝင်လှုပ်ရှားနေသူများနှင့် တွေ့ဆုံခဲ့ကြောင်း အင်ဒိုနိုင်ငံခြားဌာန ထုတ်ပြန်

    အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ရေး တွန်းအားပေးရန်၊ မြန်မာ့အကျပ်အတည်းအား ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းနိုင်ရေး အတွက် အားလုံးပါဝင်သည့် ဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာ့အရေးအတွက် အဓိကပါဝင်ပတ်သက်နေသူများနှင့် ဂျကာတာမြို့တွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

  • လူသားချင်းစာနာထောက်ထားမှု ဥပဒေ လိုက်နာရန် ကုလအတွင်းရေးမှူးချုပ်ရုံး ထုတ်ပြန်

    မြန်မာနိုင်ငံ၌ "ပဋိပက္ခကျယ်ပြန့်လာသည့်အတွက်" သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအား လိုက်နာရန်နှင့် အရပ်သားများအား အကာအကွယ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

  • စစ်အုပ်စုကို တရားဝင်မှုပေးခြင်း ရပ်ဖို့ ဖင်လန်နှင့် ဆွစ်ဇာလန်အား အဖွဲ့အစည်း ၆၆၁ ခု တောင်းဆို

    ဖင်လန်နှင့် ဆွစ်ဇာလန်အစိုးရများက မြန်မာအကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တရားဝင်မှုပေးအပ်နေခြင်းအား မဖြစ်မနေ ရပ်တန့်ရမည်ဟု နွေဦးတော်လှန်ရေးနှင့် မြန်မာ့ ဒီမိုကရေစီရေးလုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်း ၆၆၁ ခုက နိုဝင်ဘာ ၁၁ ရက်တွင် အိတ်ဖွင့်ပေးစာထုတ် တားမြစ်ထားသည်။

    PV
  • မြန်မာ့အရေး အကူအညီပေးရေး ကနေဒါပါလီမန်က ၎င်းတို့အစိုးရအား တောင်းဆို

    မျိုးသားညီညွတ်ရေးအစိုးရ – NUG သည် တရားဝင်အစိုးရဖြစ်ကာ ၎င်းတို့နှင့် ပိုမိုလက်တွဲလုပ်ဆောင်ရန်အတွက် ကနေဒါပါလီမန်က ကနေဒါအစိုးရထံ တောင်းဆိုသည့်စာအား နိုဝင်ဘာ ၁၀ ရက်က ပေးပို့လိုက်သည်။

  • MOGE ကို ပိတ်ဆို့အရေးယူမှုအပါအဝင် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ ပိတ်ဆို့အရေးယူမှုများ

    ထိုအရေးယူမှုများတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများ ပါဝင်ပြီး၊ အမေရိကန်အစိုးရအနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးခြင်းမှ ပိတ်ဆို့အရေးယူခြင်းလည်းပါဝင်သည်။

  • ဥရောပသမဂ္ဂအတွက် ပရာဟာ ပန်ကြားလွှာ

    ယင်း ပရာဟာပန်ကြားချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC ၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ - EROs နှင့် နွေဦးတော်လှန်ရေး အင်အားစုများက အောက်တိုဘာ ၁၆ ရက်တွင် စုပေါင်းရေးသား ပန်ကြားထားခြင်း ဖြစ်သည်။

  • စစ်အုပ်စုအား ပြတ်သားစွာ အရေးယူရန် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ ကုလသမဂ္ဂထံပေးပို့သော အိတ်ဖွင့်ပေးစာ

    မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံမှု ရှိလာစေရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှ ခိုင်မာ ပြတ်သားစွာ အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံအတွင်း၊ ဒေသအတွင်းနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့အစည်း ၄၄၀ ကျော်က အောက်တိုဘာ ၁၇ ရက်တွင် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့သည်။

  • လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် NUG တွေ့

    လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis နှင့် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဝန်ကြီးများ စက်တင်ဘာ ၂၂ ရက်တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအတွင်း NUG နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးနှင့် ဒေသတွင်းဖွံ့ဖြိုးမှု ချိတ်ဆက်နေမှု၊ ကမ္ဘာတစ်ဝန်း ဒီမိုကရေစီ အကြပ်အတည်းဆိုက်မှုများနှင့် ချိတ်ဆက်နေမှုအား ရှင်းလင်းခဲ့သည့်အပြင် ဒီမိုကရက်တစ်နိုင်ငံငယ်များ၏ အခန်းကဏ္ဍ အရေးပါမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများ ဆွေးနွေးခဲ့သည်။

  • တီမောသမ္မတနှင့် NUG ဝန်ကြီးများ ကုလညီလာခံ၌ တွေ့ဆုံ

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုသည့် တီမောနိုင်ငံ သမ္မတ Jose Ramos Horta နှင့် နယူးယောက်မြို့၌ ပြုလုပ်နေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ NUG ဝန်ကြီးများ စက်တင်ဘာ ၂၁ ရက်က တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။

  • ကုလ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဆဲဖြစ်

    မြန်မာကိုယ်စားပြု ကုလသမဂ္ဂသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဆဲဖြစ်ကြောင်း ညီလာခံဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူ Monica Grayley က မီဒီယာများသို့ တရားဝင် ပြောဆိုထားသည်။

  • အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် NUG ဝန်ကြီးများ ကုလညီလာခံ၌ တွေ့ဆုံ

    ကုလသမဂ္ဂညီလာခံ ကျင်းပနေသည့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးများနှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Joseph Kritenbrink တို့ စက်တင်ဘာ ၂၀ ရက်က တွေ့ဆုံခဲ့သည်။

  • စစ်အုပ်စုလူ့အခွင့်အရေး ကော်မရှင်အား အဖွဲ့ဝင်အတွင်းမှ ဖယ်ထုတ်ရန် APF သို့ တောင်းဆို

    စစ်အုပ်စု စိတ်ကြိုက်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကောင်စီ (MNHRC) အား အာရှ-ပစိဖိတ်ဖိုရမ် (APF) မှ အဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်ရန် လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) CSO Working Group on Independent National Human Rights Institution (Burma/Myanmar) က စက်တင်ဘာ ၁၈ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားသည်။

    WG-NHRI
  • တရားဝင်မှု တိုက်ပွဲ၌ နည်းပေါင်းစုံသုံး ပါဝင်ကြရန် GSCB ပန်ကြား

    ပြည်သူ့အစိုးရ အသိအမှတ်ပြုရေးနှင့် စစ်ရာဇဝတ်ကောင်များအား ထိုက်သင့်သည့်ပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး တရားဝင်မှုတိုက်ပွဲ (Credential Campaign) ၌ ပြည်သူတစ်ရပ်လုံးက မြေပြင်၊ အွန်လိုင်း၊ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု ပုံစံမျိုးစုံဖြင့် ဝိုင်းဝန်းပါဝင် ဆင်နွှဲကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ပန်ကြားထားသည်။

    GSCB
  • အာဆီယံလေတပ်ဦးစီးချုပ် စည်းဝေးပွဲ

    မြန်မာ့မြေတွင် လက်ခံပြုလုပ်မည့် (၂၀) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေးပွဲအား နေရာရွှေ့ပြောင်း လုပ်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ - HRW အပါအဝင် လေ့လာသူများက ဝေဖန်ထားသည်။ ယင်းအစည်းအဝေးသို့ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှား လေတပ်ဦးစီးချုပ်တို့က တက်ရောက်မည် မဟုတ်ပေ။