No items found.

၂၀၂၄ လည်ပြန်

၂၀၂၄ ခုနှစ်သည် စစ်ရေးအောင်မြင်မှုများဖြင့် ပြဋ္ဌာန်းသောနှစ်တနှစ်ဖြစ်ခဲ့သည်။ စစ်အုပ်စုအနေဖြင့် တိုင်းစစ်ဌာနချုပ် ၁၄ ခုအနက်တိုင်းစစ်ဌာနချုပ်နှစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို နယ်စပ်ဒေသ တလျောက်နယ်မြေဆုံးရှုံးမှု အများအပြားနှင့် အလယ်ပိုင်းရှိ အညာဒေသတွင်လည်း စစ်ရေးအရခြိမ်းခြောက်မှုများကိကို သိသိသာသာ ရင်ဆိုင်ခဲ့ရသည်။ တော်လှန်ရေးအင်အားစုများ၏စစ်ရေး အောင်မြင်မှုများအတွက် လူထုကို ပြစ်ဒဏ်ပေးသည့်သဖွယ် စစ်အုပ်စုအနေဖြင့်၎င်းတို့ အစဉ်အဆက် ကျင့်သုံးခဲ့၊ ကျင့်သုံးမြဲ နည်းဗျူဟာတရပ်အနေဖြင့် အရပ်သားနှင့်လက်နက်ကိုင် ပစ်မှတ်မခွဲခြားပဲ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကိုလည်း ဆက်လက်တွေ့မြင် ခဲ့ကြရသည်။

ပြည်တွင်းစစ်များ၏ အဆုံးသတ်ကို သတ်မှတ်ကြရာတွင် တော်လှန်ရေးအောင်ပွဲ၊အာဏာချုပ်ကိုင် ထားသူ၏ အောင်ပွဲ၊ ညှိနှိုင်းသည့်အဖြေစသည်ဖြင့် သတ်မှတ်ကြလေ့ရှိရာတဖက်ဖက်က စစ်ရေး အောင်ပွဲတခုခုသည် အားကောင်းသည့် အဆုံးသတ်အဖြစ်သတ်မှတ်ဖော်ပြကြလေ့ရှိသည်။ ညှိနှိုင်းသည့်အဖြေကို သတ်မှတ်ကြရာတွင်လည်းသဘောတူညီချက်ဖြင့် ရလဒ်ထွက်ပေါ်ခြင်းနှင့် သဘောတူညီချက် ခိုင်ခိုင်မာမာ မရှိပဲအပစ်အခတ်ရပ်စဲခြင်းကိုလည်း ခွဲခြားဖော်ပြကြလေ့ရှိသည်။ နိုင်ငံတကာသည်ထိုအခင်းအကျင်းများကို တွန်းအားပေးကြလေ့ရှိသည်။ ၂၀၂၄ ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံများ၏ ဝင်ရောက်ပါဝင်မှုများကို ပိုမိုထင်ရှားစွာ မြင်တွေ့ခဲ့ကြရသည်။၎င်းတို့နယ်စပ်တလျောက် ဖြစ်ပွားခဲ့သော တိုက်ပွဲများကို အဆုံးသတ်ရန်အတွက်အချိန်အခါနှင့် ပုံစံကို တွက်ဆကြမှုများကို ပိုမိုမြင်သာလာခဲ့သည့်နှစ်တနှစ်ဖြစ်ခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့်အပစ်အခတ်ရပ်စဲမှု ကာလတခုဖြစ်ပေါ်ခဲ့သည့်တိုင် အလွယ်တကူပင် ပြန်လည်ပျက်ဆီးသွားခဲ့သည်။ သမာရိုးကျ ဖိအားပေးသည့် ယန္တရားများလည်းအလုပ်မဖြစ်ခဲ့သည်ကိုလည်း တွေ့ခဲ့ရခြင်းက ပြောင်းလဲသွားပြီဖြစ်သည့် အခင်းအကျင်းကိုပိုမိုလက်တွေ့ကျကျ ထင်ဟပ်လျက်ရှိသည်။  

ပြက္ခဒိန်ဖြင့် တနှစ်စာကို ပိုင်းခြားနိုင်သည့်တိုင် မြန်ဆန်စွာတိုးတက်ပြောင်းလဲနေသည့် သမိုင်း၏ လှိုင်းနှင့် တရွေ့ရွေ့ မှိန်ပြလာနေသည့်၊တဖန်ပိုမိုထင်သာလာနေသည့် နယ်မြေပထဝီအပိုင်းအခြား လိုင်းများကားဆက်လက်စီးဆင်းနေမြဲပင်ဖြစ်သည်။ မရေရာမှုများရှိသည့်အကြားတွင် ဖမ်းဆုတ်ကိုင်ယူစရာကား အနာဂတ်မျှော်ရည်ချက်များသာဖြစ်သည်။

တော်လှန်ရေး၏ စစ်ရေးအောင်မြင်မှုများကပေါ်ပေါ်ထင်ထင် ထုတ်ဖော်မကြေညာကြသည့်တိုင် မြင်သာသည့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုများကို မြင်သာစေပြီး၊ နောက်ဆက်တွဲ ဝတ္တရားတရပ်ဖြစ်သောအုပ်ချုပ်ရေး ဖော်ဆောင်မှုများကိုလည်း စတင်မြင်တွေ့လာရပြီ ဖြစ်သည်။ သို့သော်အလုံးစုံ ကောင်းမွန်နေသည်ချည်းတော့ မဟုတ်ပေ။ လတ်တလော ပြဿနာအချို့နှင့်​အနာဂတ်အတွက် ဆင်ခြင်သတိပြုစရာ၊ စောင့်ကြည့်စရာအချို့ကိုမူ ၂၀၂၅ ခုနှစ်ထံသို့လက်ဆင့်ကမ်း လာခဲ့သည်။

တော်လှန်စစ်၏ အောင်မြင်မှုများ

ပိုမိုမြင်သာလာခဲ့သည့် အိမ်နီးချင်းနိုင်ငံများ၏ ကြားဝင်ဆောင်ရွက်မှုများ

ပြည်နယ်အားကောင်းရေးနှင့်ညီညွတ်မှုတည်ဆောက်ရေး လွှမ်းမိုးခဲ့သည့် နိုင်ငံရေး

စစ်ရေးအောင်မြင်မှုများနောက် သတိပြုဆင်ခြင်စရာများ

ပိုမိုကြီးထွားလာသည့် လူထုအကြပ်အတည်း

Photo by Ajay Karpur on Unsplash

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.