စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုစစ်တမ်းအား BWU ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုက အသက်သွင်းလိုက်သည့် မတရားစစ်မှုထမ်းဥပဒေ၌ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဟု ပါရှိကာ ယင်းနောက်ဆက်တွဲ သက်ရောက်မှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ အမျိုးသမီးများအား မေးမြန်းကာ လေ့လာသုံးသပ်ထားသည့် "မတရားစစ်မှုထမ်းဥပဒေများနှင့် အမျိုးသမီးများအပေါ်သက်ရောက်မှုများ"စစ်တမ်းအား မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ဇွန် ၁၉ ရက်တွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်လိုက်သည်။

စစ်တမ်းအတွက် အချက်အလက်များအား ၂၀၂၄ ခုနှစ် ဧပြီလအတွင်း တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်၍ ရယူထားခြင်းဖြစ်ကာ ယုံကြည်ခိုင်မာသည့် သတင်းမီဒီယာများမှ အချက်အလက်များကိုလည်း ကိုးကားအသုံးပြုထားသည်။ စစ်တမ်းအား "အာဏာသိမ်းရန် ကြိုးပမ်းသည့်ကာလမှ လက်နက်ကိုင်ပဋိပက္ခ အခြေအနေ"၊ "တရားမဝင် စစ်မှုထမ်းဥပဒေနှင့် အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရန် စိန်ခေါ်မှုများ"၊ "စစ်မှုထမ်းဥပဒေနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စိုးရိမ်မှုများ"၊ "အမျိုးသမီးများ၏ စားဝတ်နေရေး အကြပ်အတည်းနှင့် စစ်မှုထမ်းဥပဒေ"၊ "အတင်းအကြပ် လက်ထပ်ထိမ်းမြှားခြင်းနှင့်အိမ်တွင်းအကြမ်းဖက်မှုများ" စသည်ဖြင့် ကဏ္ဍအလိုက် ခွဲ၍ ဖော်ပြထားသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.