နိုင်ငံအတွင်း ဖြစ်တည်နေသည့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် သုံးသပ်မှုနှင့်အတူ ဒုတိယမြောက် ပြည်သူ့ညီလာခံက ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် (၃) ရပ်၊ အကြံပြု တိုက်တွန်းချက် (၂၁) ရပ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
အချက် (၁၃) ချက်ပါရှိသည့် ကောင်စီထုတ်ပြန်ချက်၌ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှု အခြေအနေ၊ တိုးမြှင့်ရမည့် နိုင်ငံတကာ ပိတ်ဆို့မှုအခြေအနေ၊ စစ်ရေးအရ အောင်မြင်မှုများအား ဂုဏ်ပြုကြောင်းနှင့် အရပ်သားကာကွယ်ရေးကိစ္စများ၌ ပူးပေါင်းပါဝင်မည့် ကိစ္စများအပြင် ညီလာခံက ချမှတ်ထားသည့် ဆုံးဖြတ်ချက်၊ တိုက်တွန်းချက်များအတွက် ဆောင်ရွက်နေမှု အခြေအနေများကို သီးခြားစီ ဖော်ပြထားသည်။