လူသားဒိုင်း လုပ်ခံထားရသည့် မောင်တောပြည်သူ ရာနှင့် ချီအား ULA/AA ကယ်ထုတ်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၈)ရပ်ကွက်၊ ကညင်တန်းရွာတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်အချို့က လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားသည့် ဒေသခံပြည်သူ ၅၀၀ ခန့်အား သြဂုတ် ၈ ရက် ညနေပိုင်းက လုံခြုံရာနေရာသို့ ကယ်ထုတ်ခဲ့သည့် ရုပ်သံမှတ်တမ်းဖိုင်အား အာရက္ခတပ်တော် (ULA/AA) ထုတ်ပြန်လိုက်သည်။

သြဂုတ် ၈ ရက်နေ့လယ်ပိုင်းကလည်း မောင်တောမြို့နယ်၊ ဗိုလ်မှူး (မူဆလင်) ရွာ မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးပိတ်လှောင်ခံထားရသူ မူဆလင် သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် ၃၀၀ ခန့်အားလည်းကောင်း၊ သြဂုတ် ၇ ရက်ကလည်း မောင်တောမြို့နယ်၊ လသာရွာ ၌ လူသားဒိုင်းလုပ်ခံထားရသူ ပြည်သူအများအပြားကိုလည်း ကယ်ထုတ်ခဲ့ရကြောင်းULA/AA က ရုပ်သံဖိုင်များနှင့်တကွ ဆက်တိုက် ထုတ်ပြန်နေခြင်းဖြစ်သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.