• ပြည်တွင်းစစ်မီး ပိုမိုရှည်ကြာအောင် စစ်အုပ်စု လုပ်ဆောင်နေဟု CRPH ထုတ်ပြန်

    အကြမ်းဖက်စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲဖြင့် တိုင်းပြည်အာဏာကို ဆက်လက်ထိန်းချုပ်ရန် ကြိုးပမ်းနေကာ ပြည်တွင်းစစ်မီး ပိုမိုရှည်ကြာစေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ပိုအလှမ်းဝေးစေရန် ဦးတည်နေကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

    CRPH
  • နိုင်ငံပြဿနာဖြေရှင်းရေးအတွက် ထိန်းသိမ်းခံများ လွတ်မြောက်မှု အရေးကြီးဟု C2N3 ထုတ်ပြန်

    ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် လက်ရှိ နိုင်ငံပြဿနာများဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးကြောင်း C2N3 က ဇန်နဝါရီ ၃ ရက်တွင် ပူးတွဲထုတ်ပြန် ကြေညာလိုက်သည်။

    ICNCCCRPH
  • ပြည်ထောင်စုတည်ရေး၌ အမျိုးသမီးခေါင်းဆောင်မှု ၃၀ % အနည်းဆုံး ပါဝင်ရေး ကြိုးပမ်းမည်

    အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အမျိုးသမီး ခေါင်းဆောင်မှု အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထိ ပါဝင်လာရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်ချက်အဖြစ် ညီလာခံက အတည်ပြုခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (Ta’ang Women’s Organization - TWO) က ကြေညာလိုက်သည်။

    TWO
  • ဒေသန္တရ အစိုးရ အားကောင်းရေး မူကို အဓိက ကျင့်သုံးမည်ဟု ချင်းပြည်ကောင်စီ ထုတ်ပြန်

    ဒေသန္တရအစိုးရများ အားကောင်းရေးမှသည် ချင်းပြည် (Chinland) အစိုးရ အားကောင်းရေး၊ ချင်းပြည် (Chinland) အစိုးရ အားကောင်းရေးမှသည် ပြည်ထောင်စုအစိုးရ အားကောင်းရေးမူနှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်မည်ဟု ချင်းပြည် (Chinland) ကောင်စီက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

    CCCC
  • အောင်ဆန်းတက္ကသိုလ် လေကြောင်းတိုက်ခံရ၍ ကျောင်းသူတစ်ဦး သေဆုံး

    မကွေးတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တည်ထောင်ထားသည့် အောင်ဆန်းဘာသာရပ်စုံတက္ကသိုလ်အား အကြမ်းဖက်စစ်အုပ်စုက ဇန်နဝါရီ ၃၀ ရက်တွင် လေကြောင်းမှ ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက်၂၀ နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးခဲ့သည်။

    NUG
  • စစ်ကိုင်းယူနစ် ကြားကာလဖွဲ့စည်းပုံ ဒုတိယမူကြမ်း ရေးဆွဲပြီးစီး

    ပြည်ထောင်စုအစုအဖွဲ့၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အင်အားစုများ၏ အကြံပြုချက်များ၊ သုံးသပ်ချက်နှင့် ဆွေးနွေးချက်များအား လေ့လာသုံးသပ်ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ရေးဆွဲပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

    Sagaing ForumSF
  • NUG နှင့် PIO/PIA စစ်ရေး၊ အုပ်ချုပ်ရေး ပူးပေါင်းမည်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းကူညီ ဆောင်ရွက်ရန် သဘောတူညီထားပြီ ဖြစ်ကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independent Organization/People Independent Army - PIO/PIA) က ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

    PIO/PIANUG
  • ဂန့်ဂေါ “ပ" သုံးလုံးအား လူထုရွေးချယ်မှုဖြင့် ပြန်လည်ဖွဲ့စည်းရန် YDP နှိုးဆော်

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ "ပ" သုံးလုံးအဖွဲ့များအား ပြန်လည်စိစစ်ကာ လူထုရွေးချယ်မှုဖြင့် ပြင်ဆင်ဖွဲ့စည်းရန် အချိန်ကျပြီဟု ယောကာကွယ်ရေးတပ် (YDF) ဗဟိုစစ်ရုံးချုပ်က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။

    NUG
  • သုံးဦးသေသည့် ကျောက်မဲဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှု MFM နှင့် TNLA ရှုံ့ချ

    အကြမ်းဖက်စစ်အုပ်စုက ခုတင် ၁၅၀ ဆံ့ ကျောက်မဲဆေးရုံအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDM ကျန်းမာရေးဝန်ထမ်းနှင့် ရုံးဝန်ထမ်း၊ လူနာတစ်ဦး၊ စုစုပေါင်း သုံးဦးသေဆုံးကာ ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ရာ ယင်းဖြစ်စဉ်သည် လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်သာ ဖြစ်ကြောင်း ကျန်းမာရေးမိသားစု - မန္တလေး (MFM) က ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

    MFMPSLF
  • မြန်မာ့ဆိုက်ဘာရာဇဝတ်အရေး ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ သဘောထား ထုတ်ပြန်

    မြန်မာနိုင်ငံအား ဒေသတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခများ ပိုမိုဆိုးရွားနိုင်စေသည်သာမက ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများကိုပါ ထိခိုက်စေမည့် ဆိုက်ဘာနှင့် အခြားရာဇဝတ်မှုများ၏ဗဟိုချက်မ မဖြစ်လာစေရေးအတွက် ကာကွယ်တားဆီးရန် ခိုင်မာစွာ သိန္နိဋ္ဌာန်ချထားကြောင်း မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများက ဇန်နဝါရီ ၂၀ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။

    KNPPKNU
  • မွန်လေးဖွဲ့ “ရာမညပူးတွဲစစ်ကြောင်း” ဖွဲ့စည်း

    ဒေသတွင်း ပူးတွဲစစ်ဆင်ရေး လုပ်ငန်းများအတွက် “ရာမည ပူးတွဲစစ်ကြောင်း” အား ဇန်နဝါရီ ၁၇ ရက်တွင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း မွန်လက်နက်ကိုင်လေးဖွဲ့က ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာလိုက်သည်။

    MSFCNMSP - AD
  • ကိုးကန့် (MNDAA) တပ် နှင့် စစ်အုပ်စုအကြား အပစ်ရပ်ပြီဟု တရုတ် ထုတ်ပြန်

    မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်) (MNDAA) နှင့် မြန်မာစစ်တပ်အကြား ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အား တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က တနင်္လာနေ့တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုလိုက်သည်။

    MNTJP
  • မြောက်ဦး AA စစ်သုံ့ပန်းစခန်း တိုက်ခိုက်ခံရမှုကြောင့် ၂၈ ဦး သေဆုံး

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးရှိ အာရက္ခတပ်တော် (AA) ၏ စစ်သုံ့ပန်းများ ထားရှိရာနေရာအား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီး ၂၈ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

    ULA/AA
  • ချင်းပြည်ကောင်စီတပ်များအား စစ်ရေးလှုပ်ရှားမှု ရပ်တန့်ရန် ၂၀၂၀ တီးတိန်မြိုနယ်ရွေးကောက်ခံများ သတိပေး

    တီးတိန်မြို့နယ်တွင် ကြားကာလ ချင်းအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းညီနောင် (CB) ဦးဆောင်မှုဖြင့် မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးလုပ်ဆောင်ရန် အပြင်းအထန် လုပ်ဆောင်နေချိန်ဖြစ်၍ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အခြားသော ချင်းပြည်ကောင်စီ (Chinland Council) အဖွဲ့ဝင်များက စစ်ရေးလှုပ်ရှားမှုများအား အမြန်ဆုံး ပြန်လည်ရုပ်သိမ်းရန် တီးတိန်မြို့နယ် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

    ICNCCCC
  • မန္တလေးတွင် ၁၅ ရက်အတွင်း လူငယ် ၁၂၂ ဦးထက်မနည်း စစ်မှုထမ်းရန် ဖမ်းဆီးခံရ

    မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ခုနစ်ခုတွင် အကြမ်းဖက်စစ်အုပ်စုက မတရားဥပဒေမျိုးစုံသုံး၍ ဖမ်းဆီးကာ အတင်းအဓမ္မစစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူပေါင်း ၁၂၂ ဦးထက်မနည်း ရှိသည်ဟု မန္တလေး သပိတ်အင်အားစုက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

    MFMAFCC
  • သေဒဏ် မပါတော့သည့် ဒေသန္တရတားမြစ်ချက် ကျောတိုက်နယ်-ပအဖ ထပ်မံထုတ်ပြန်

    တားမြစ်ချက်များအား ကျူးလွန်သည်ဟု ထင်ရှားပါက သေဒဏ်အထိ ချမှတ်နိုင်သည့် တရားစီရင်ခြင်းဖြင့် ဒေသန္တရနည်းဥပဒေအတိုင်း ဆောင်ရွက်မည်ဟု စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ထုတ်ပြန်ခဲ့ရာ ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီးနောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာအမှတ် ၀၀၃/၀၁၀/ဂဂ(ကတန)/ဦး-၁ ဖြင့် ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဗဟိုဦးဆောင်ကော်မတီက ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်ထုတ်ပြန်ထားသည်။

    NUG
  • မန္တလေး ကြားကာလအစီအမံမူကြမ်း အခန်း (၄) ခန်း ရေးဆွဲပြီး ဖြစ်

    မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) အား ပြည်သူများ၏ အကြံပြုချက်များအား ထည့်သွင်းစဉ်းစား၍ အခန်း(၁) မှ (၄) အထိ စုစုပေါင်း လေးခန်းအား အကြမ်းရေးဆွဲပြီးဖြစ်ကြောင်း မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

    MFMAFCC
  • တီးတိန်မြို့သိမ်းရေးကိစ္စ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား သဘောထား ကွဲ

    ဇိုမီးလူမျိုးများ၏ မြို့တော်ဖြစ်သည် တီးတိန်မြို့အား ချင်းပြည် ကြားကာလအတိုင်ပင်ခံကောင်စီ (ICNCC) ကာကွယ်ရေးတပ်ဖြစ်သည့် ချင်းညီနောင် (Chin Brotherhood – CB) က လွတ်မြောက်နယ်မြေအဖြစ် ဖော်ဆောင်ရန် လုပ်ငန်းစဉ်များချမှတ်ထားပြီးဖြစ်ကာ စစ်ကောင်စီ၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နှင့် PDA စသည့် မည်သည့်အဖွဲ့အစည်းကိုမှ မြို့ပေးအပ်မည် မဟုတ်ကြောင်း Zomi Federal Union/PDF Zoland က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

    ICNCCCC
  • ကိုယ်မြို့ ကိုယ်သိမ်းမည်ဟု တီးတိန်မြို့နယ်ကောင်စီ ထုတ်ပြန်

    တီးတိန်မြို့သိမ်းတိုက်ပွဲအား မဟာမိတ်တပ်များနှင့်အတူ ကောင်စီလက်အောက်ခံ PDA-Tedim က ဖော်ဆောင်မည်ဖြစ်ကာ မည်သည့်အဖွဲ့အစည်းကမှ ကန့်ကွက်ခွင့်မရှိကြောင်းနှင့် အမှန်တကယ် အကြမ်းဖက်စစ်အုပ်စု ကင်းစင်စေလိုသော မည်သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို လာရောက်ပူးပေါင်းရေး အကူအညီတောင်းဆိုကြောင်း တီးတိန်မြို့နယ်ကောင်စီ (Tedim Township Council) က ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

    CC
  • ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးအခြေအနေစစ်တမ်း NUG-MOHR ထုတ်ပြန်

    ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုနှင့် လက်အောက်ခံ အဖွဲ့အစည်းများက ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (MOHR) က မဟာဗျူဟာ လေးရပ်နှင့်အညီ တရားမျှတမှု ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှု ရှိစေရေး ဆောင်ရွက်ခဲ့မှုများအား "၂၀၂၄ခုနှစ် လူ့အခွင့်အရေးအခြေအနေစစ်တမ်း" အမည်ဖြင့် ရုပ်သံဖိုင်အား ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NUG
  • ပြည်သူပါဝင်သည့် လူထုအစိုးရ PSLF/TNLA ဖွဲ့စည်းမည်

    ၁၀:၂၇ စစ်ဆင်ရေး၌ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၁၂ မြို့အပါအဝင် တအာင်းတပ်မတော် အခြေစိုက်သည့် နယ်မြေဒေသများ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများအား တာဝန်ခံမှုရှိစွာ ဦးဆောင်စီမံအုပ်ချုပ်ရေးအတွက် ဒေသခံပြည်သူများ ပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်အောင်ဆောင်ရွက်မည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

    PSLF
  • ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ အား အကောင်အထည်ဖော်ရန် နိုင်ငံ ၁၀ ခု တောင်းဆို

    မြန်မာနိုင်င့အတွင်း အကြမ်းဖက်မှုအားလုံး ချက်ချင်း အဆုံးသတ်ရန်နှင့် ပဋိပက္ခများ ရပ်တန့်ရန်၊ တင်းမာမှုများ ဖြေလျှော့ရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးအား ပြန်လွှတ်ပေးရန် တိုက်တွန်းထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) အား အကောင်အထည်ဖော်ရန် နိုင်ငံပေါင်း ၁၀ ခုက ထပ်မံတိုက်တွန်းထားသည်။

  • အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ (ပဲခူး) ဖွဲ့စည်း

    စစ်အာဏာရှင်စနစ် ကျရှုံးရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအပြင် အခြားကိစ္စများ ဆောင်ရွက်နိုင်ရေးအတွက် အရှို (ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ (ပဲခူးတိုင်းဒေသကြီး) (Asho Chin National Federal Council – Bago Region) ကို ဇန်နဝါရီ ၄ ရက်တွင် စတင်ဖွဲ့စည်းလိုက်သည်။

    ACNFC
  • ၂၀၂၄ စစ်ရေးတိုးတက်မှု အစီရင်ခံစာ NUG-MoD ထုတ်ပြန်

    “လမ်းအားလုံး နေပြည်တော်သို့" မဟာဗျူဟာစီမံချက်အား စစ်ဆင်ရေးများဖြင့် အကောင်အထည်ဖော်နေကာ နွေဦးတော်လှန်ရေး ဖြစ်စဉ်အတွင်း တိုးတက်မှု သုံးခုအား ဖော်ပြထားသည့် "၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာ" အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NUG