သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ ဖိုရမ်
နွေဦးတော်လှန်ရေး၌ အမျိုးသမီးများ ပါဝင်မှု အခန်းကဏ္ဍအပြင် မြေပြင်၌ ကြုံတွေ့နေရသည့် လိင်အခြေပြု အကြမ်းဖက်အခြေအနေ၊ နိုင်ငံတကာယန္တရားများဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁၉ မှ ၂၀ ရက်အထိ "ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်" ကို ပြုလုပ်ခဲ့သည်။
စစ်ကိုင်းလူထုသပိတ်အင်အားစုများ စုံညီ အစည်းအဝေး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နွေဦးတော်လှန်ရေး၌ ပါဝင်နေကြသည့် လူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များ တွေ့ဆုံမှုအား အောက်တိုဘာ ၁ ရက်က ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲ၌ ဆက်သွယ်ရေး အခက်အခဲကြောင့် မတက်ရောက်သည့် အင်အားစုအချို့သာ ရှိခဲ့သည်။
မုံရွာသပိတ်ကော်မတီနှင့် CRSH တွေ့ဆုံ
မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များ၊ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) တို့ စစ်ကိုင်းတိုင်းအတွင်း စက်တင်ဘာ ၂၈ ရက်က တွေ့ဆုံခဲ့သည်။
၃၅ နှစ်ပြည့် အထိမ်းအမှတ် NLD ကြေညာချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း (၃၅) နှစ်ပြည့်အဖြစ် ထုတ်ပြန်ချက်တစောင်ကို စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FCSS) အစည်းအဝေး (၂/၂၀၂၃) ကို စက်တင်ဘာလ (၂၀) ရက်က်အနေ့တွင်တ ပြုလုပ်င်မျိုးပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၏ အဖွင့်မိန့်ခွန်းဖြင့် ဖွင့်လှစ်ခဲ့သည်။
ပအိုဝ်းဖွဲ့စည်းပုံဥပဒေရေးဆွဲခြင်းနှင့် အမျိုးသားဒေသဆိုင်ရာ ပြုစုရေး လုပ်ဆောင်မည်
ပအိုဝ်းပြည်နည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပအိုဝ်းအျိုးသားဒေသများဆိုင်ရာ ပြုစုရေးဆွဲရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်သွားရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အစည်းအဝေး၌ ဆုံးဖြတ်ချက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်အမှတ် ၀၇/၂၀၂၃ ဖြင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်လိုက်သည်။
ကိုးကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး ကွန်ဂရက်
ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ (ညောင်လေးပင်ခရိုင်)၊ မူး (မုန်း) မြို့၌ စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ကရင်အမျိုးသမီးအစည်းရုံး၏ ကိုးကြိမ်မြောက် ကွန်ကရက်အား ကျေးရွာ/အုပ်စု ၁၀ ခုမှ အမျိုးသမီးခေါင်းဆောင်နှင့် ကိုယ်စားလှယ် စုစုပေါင်း ၅၂ ဦးဖြင့် ပြုလုပ်ခဲ့သည်။
လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် NUG တွေ့
လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis နှင့် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဝန်ကြီးများ စက်တင်ဘာ ၂၂ ရက်တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအတွင်း NUG နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးနှင့် ဒေသတွင်းဖွံ့ဖြိုးမှု ချိတ်ဆက်နေမှု၊ ကမ္ဘာတစ်ဝန်း ဒီမိုကရေစီ အကြပ်အတည်းဆိုက်မှုများနှင့် ချိတ်ဆက်နေမှုအား ရှင်းလင်းခဲ့သည့်အပြင် ဒီမိုကရက်တစ်နိုင်ငံငယ်များ၏ အခန်းကဏ္ဍ အရေးပါမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများ ဆွေးနွေးခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ
“ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ ကူ" ခေါင်းစဉ်ဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအား စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည်။
တီမောသမ္မတနှင့် NUG ဝန်ကြီးများ ကုလညီလာခံ၌ တွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုသည့် တီမောနိုင်ငံ သမ္မတ Jose Ramos Horta နှင့် နယူးယောက်မြို့၌ ပြုလုပ်နေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ NUG ဝန်ကြီးများ စက်တင်ဘာ ၂၁ ရက်က တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။
စစ်အုပ်စု အာဏာသိမ်းပြီး နှစ်နှစ်ခွဲကြာ မြန်မာ့အခြေအနေ
စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် နိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများကို စုစည်း၍ "မြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်" အမည်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကုလ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဆဲဖြစ်
မြန်မာကိုယ်စားပြု ကုလသမဂ္ဂသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဆဲဖြစ်ကြောင်း ညီလာခံဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူ Monica Grayley က မီဒီယာများသို့ တရားဝင် ပြောဆိုထားသည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် NUG ဝန်ကြီးများ ကုလညီလာခံ၌ တွေ့ဆုံ
ကုလသမဂ္ဂညီလာခံ ကျင်းပနေသည့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးများနှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Joseph Kritenbrink တို့ စက်တင်ဘာ ၂၀ ရက်က တွေ့ဆုံခဲ့သည်။
ချင်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ကောင်စီ ဖွဲ့စည်းရေး အကြိုညီလာခံ
နွေဦးတော်လှန်ရေးကာလအတွင်း ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ချင်းပြည်ကောင်စီ ဖွဲ့စည်းရေးနှင့် မဏ္ဍိုင်သုံးရပ် ထူထောင်ရေး အကြိုညီလာခံအား စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့ရာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြုအဖွဲ့အစည်းမှ စုစုပေါင်း ၁၀၈ ဦး ပါဝင်ခဲ့သည်။
ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များအတွက် ကူညီပံ့ပိုးမှုများ ပန်ကြား
စစ်အုပ်စုက ဖြတ်လေးဖြတ် လုပ်ထားသည့် ကရင်နီပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လိုအပ်ချက်များအား ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ထုတ်ပြန်ပြီး ကူညီထောက်ပံ့မှုများကို ပန်ကြားထားသည်။
ဝမ်ပေါင်နှင့် စစ်အုပ်စု လှုပ်ရှားနေမှု သတင်းစာရှင်းလင်းပွဲ
လက်ပတောင်းတောင်ဒေသ၌ မြန်မာဝမ်ပေါင်-ယန်စီ ကုမ္ပဏီက ကုမ္ပဏီဝင်းအတွင်း စစ်အုပ်စုအား အခြေစိုက်ခွင့် ပြုထားခြင်းနှင့် စစ်စခန်းများ ပြင်ဆင်နိုင်ရန် ပူးပေါင်းပံ့ပိုးနေမှု အခြေအနေနှင့် ပတ်သက်၍ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူများက စက်တင်ဘာ ၂၀ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
မြေပြင်သပိတ် အားကောင်းလာသည့် "ငါတို့ သံအမတ် - ငါတို့အသံ" လှုပ်ရှားမှု
အမျိုးသားညီညွတ်ရေးအစိုးရ – NUG နှင့် ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်းအား အသိအမှတ်ပြုရေး၊ စစ်အုပ်စု ကိုယ်စားလှယ်အား အသိအမှတ်မပြုရေး "ငါတို့ သံအမတ် - ငါတို့အသံ" လှုပ်ရှားမှုမှာ နိုင်ငံအနှံ့ ပိုမိုအားကောင်းလာလျက် ရှိသည်။
သွေးစွန်းငွေ ဖြတ်တောက်ရေး လက်မှတ်ကမ်ပိန်း တစ်ပတ် ဆက်တိုး
စစ်အုပ်စုထံ စင်ကာပူနိုင်ငံမှတစ်ဆင့် စီးဝင်နေသည် "သွေးစွန်းငွေ ဖြတ်တောက်ရေး" လက်မှတ်ထိုး တောင်းဆိုမှုကမ်ပိန်းအား စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ် ထပ်တိုးထားကာ ပြည်သူများပါဝင်ပေးကြရန် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFFC) က တိုက်တွန်း နှိုးဆော်ထားသည်။
ခေါင်းဆောင်မှုနှင့် လူ့အခွင့်အရေးစံတန်ဖိုးများအတွက် ကွင်းဆင်းဆွေးနွေး
ခေါင်းဆောင်မှု (Leadership) နှင့် လူ့အခွင့်အရေး စံတန်ဖိုးများ ဖြစ်သည့် လူ့အခွင့်အရေး (Human Rights) ၊ ကျား/မတန်တူရေး (Gender Equality) အကြောင်း အရာများအား ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှုသပိတ်ကော်မတီ (Democracy Movement Strike Committee – Dawei) အဖွဲ့ဝင်များက တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်ရှိ ကျေးရွာအချို့သို့ ကွင်းဆင်း ဆွေးနွေးပေးမှုများအား စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သည်။
စစ်အာဏာရှင်စနစ် အမြစ်လှန်ရေး ၁၀ ရက်တာ လူထုလှုပ်ရှားမှု
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁၆ နှစ်မြောက်အဖြစ် "လူထုအကျပ်အတည်း အရင်းခံ - စစ်အာဏာရှင်စနစ် အမြစ်လှန်" ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ ၁၀ ရက်တာ လူထုလှုပ်ရှားမှု ပြုလုပ်ရန် ကချင် ပြည်နယ် လူထုလှုပ်ရှားမှုအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။
ကျောင်းထဲအထိ ဝင်၍ ဘန်နာချိတ် ဆန္ဒပြ
"လူဖြစ်ခြင်းရဲ့ အဓိပ္ပာယ် ဒို့ တော်လှန်မှ ရမယ်...၊ နိုင်ငံရေးနဲ့ ကင်းတဲ့ ပြည်သူဆိုတာ မရှိဘူး" စာသားပါ ဘန်နာအား စက်တင်ဘာ ၁၇ ရက်က လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတစ်ခုထဲအထိ ဝင်ရောက် ချိတ်ဆွဲ၍ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်ခဲ့သည်။
စစ်အုပ်စုလူ့အခွင့်အရေး ကော်မရှင်အား အဖွဲ့ဝင်အတွင်းမှ ဖယ်ထုတ်ရန် APF သို့ တောင်းဆို
စစ်အုပ်စု စိတ်ကြိုက်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကောင်စီ (MNHRC) အား အာရှ-ပစိဖိတ်ဖိုရမ် (APF) မှ အဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်ရန် လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) CSO Working Group on Independent National Human Rights Institution (Burma/Myanmar) က စက်တင်ဘာ ၁၈ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားသည်။
"ညှင်းပန်းနှိပ်စက်ခွင့်လိုင်စင်” အစီရင်ခံစာ ထုတ်ပြန်
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ကြိုးပမ်းမှုနောက်ပိုင်း စစ်တပ်၏ ညှင်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်သည့် "ညှင်းပန်းနှိပ်စက်ခွင့်လိုင်စင် ?” အစီရင်ခံစာအား Equality Myanmar အဖွဲ့က စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ထုတ်ပြန်ချက်
ရဟန်းသံဃာတော်များအနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့ လက်ဝေခံ အပေါင်းအပါများအား ပတ္တနိကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းဖြင့် နွေဦးတော်လှန်ရေး၌ ဦးဆောင်လမ်းပြ ပါဝင်ပေးရန် စစ်အာဏာရှင်စနစ် အပြီး တိုင်ပျက်သုန်းရေး လှုပ်ရှားဆောင်ရွက်နေသူများက ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ၁၆ နှစ်မြောက် ဖြစ်သည့် စက်တင်ဘာ ၁၈ ရက်တွင် ကြေညာချက်ထုတ်၍ ပန်ကြာထားသည်။