သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
စစ်အုပ်စုကို တရားဝင်မှုပေးခြင်း ရပ်ဖို့ ဖင်လန်နှင့် ဆွစ်ဇာလန်အား အဖွဲ့အစည်း ၆၆၁ ခု တောင်းဆို
ဖင်လန်နှင့် ဆွစ်ဇာလန်အစိုးရများက မြန်မာအကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တရားဝင်မှုပေးအပ်နေခြင်းအား မဖြစ်မနေ ရပ်တန့်ရမည်ဟု နွေဦးတော်လှန်ရေးနှင့် မြန်မာ့ ဒီမိုကရေစီရေးလုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်း ၆၆၁ ခုက နိုဝင်ဘာ ၁၁ ရက်တွင် အိတ်ဖွင့်ပေးစာထုတ် တားမြစ်ထားသည်။
"1111" တစ်လေးလုံး လှုပ်ရှားမှု နှင့် "Operation 1111"
သပြေခတ်ကို အသုံးပြုမည့် "တစ်လေးလုံး လူထုလှုပ်ရှားမှု" အား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ဆင်နွှဲနေသည့် စစ်ဆင်ရေး အောင်မြင်မှုအား ကြိုဆိုကြောင်းနှင့် စစ်အုပ်စုလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်းသည့်အနေဖြင့် နိုဝင်ဘာ ၁၁ ရက်တွင် စတင်နေပြီ ဖြစ်သည်။ ထို့အတူ ကရင်နီပြည်တွင် "Operation 1111 - 4K" ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF မှ အခြားသော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဖော်ဆောင်နေသည်။
Operation 1107 ကရင်နီတွင် စတင်
ကရင်နီပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF တို့ ပူးပေါင်းသည့် "Operation 1107” ကို စတင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက်တွင် ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) က သတင်းမီဒီယာများသို့ တရားဝင် အတည်ပြု ပြောဆိုထားသည်။
တတိယအကြိမ် CDM ညီလာခံရည်ရွယ်ချက် ထုတ်ပြန်
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု၌ ပါဝင်သည့် CDM ဝန်ထမ်းများ၏ တတိယအကြိမ် နိုင်ငံဝန်ထမ်းထုညီလာခံအား ရည်ရွယ်ချက် ငါးရပ်ဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ ဖြစ်မြောက်ရေးကော်မတီက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာ့အရေး အကူအညီပေးရေး ကနေဒါပါလီမန်က ၎င်းတို့အစိုးရအား တောင်းဆို
မျိုးသားညီညွတ်ရေးအစိုးရ – NUG သည် တရားဝင်အစိုးရဖြစ်ကာ ၎င်းတို့နှင့် ပိုမိုလက်တွဲလုပ်ဆောင်ရန်အတွက် ကနေဒါပါလီမန်က ကနေဒါအစိုးရထံ တောင်းဆိုသည့်စာအား နိုဝင်ဘာ ၁၀ ရက်က ပေးပို့လိုက်သည်။
MOGE ကို ပိတ်ဆို့အရေးယူမှုအပါအဝင် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ ပိတ်ဆို့အရေးယူမှုများ
ထိုအရေးယူမှုများတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများ ပါဝင်ပြီး၊ အမေရိကန်အစိုးရအနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးခြင်းမှ ပိတ်ဆို့အရေးယူခြင်းလည်းပါဝင်သည်။
ပြည်တွင်းစစ်ရှောင် IDP တိုးလာနေ
မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းနှင့် အရှ့တောင်ဘက်၌ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ မဟာမိတ်ပူးပေါင်းတပ်များနှင့် အကြမ်းဖက်စစ်အုပ်စုအကြား အောက်တိုဘာ ၂၆ ရက်မှစ၍ စစ်ရေးပဋိပက္ခ ပြင်းထန်လာကာ ပြည်သူ ၂၅,၇၀၀ ခန့် အိုးမဲ့အိမ်မဲ့ စစ်ရှောင်နေကြရသည်ဟု UN-OCHA က ထုတ်ပြန်ထားသည်။
NCA အပေါ်သဘောထား EROs သုံးဖွဲ့ ထုတ်ပြန်
အပစ်ရပ်စာချုပ် - NCA ရှစ်နှစ်ပြည့်ပွဲနှင့် ဆက်စပ်၍ NCA လုပ်ငန်းစဉ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ - JMC ကို ကြားနေအဖွဲ့အစည်းအဖြစ် နိုင်ငံအတွင်းရှိ သံတမန်အဖွဲ့များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက အဆိုပြု အားပေးမြှင့်တင်မှုမှာ စိုးရိမ်ရသည့် အချက်ဖြစ်ကြောင်း ယခင် အပစ်ရပ်စာချုပ်၌ လက်မှတ်ထိုးထားသည့် အဖွဲ့သုံးဖွဲ့က အောက်တိုဘာ ၂၇ တွင် ထုတ်ပြန်လိုက်သည်။
ဥရောပသမဂ္ဂအတွက် ပရာဟာ ပန်ကြားလွှာ
ယင်း ပရာဟာပန်ကြားချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC ၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ - EROs နှင့် နွေဦးတော်လှန်ရေး အင်အားစုများက အောက်တိုဘာ ၁၆ ရက်တွင် စုပေါင်းရေးသား ပန်ကြားထားခြင်း ဖြစ်သည်။
လားရှိုးစစ်ရှောင် ၃,၀၀၀ ကျော် ရှိလာ
ရှမ်းမြောက်ဒေသ၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အကြမ်းဖက်စစ်အုပ်စုအား Operation 1027 ကြေညာကာ တိုက်ခိုက်သည့် စစ်ရေးပဋိပက္ခအတွင်း လားရှိုးမြို့နယ်တစ်ခုတည်း၌ စစ်ရှောင် - IDPs ၃,၀၀၀ ကျော် ရှိလာပြီ ဖြစ်သည်။
မြောက်ပိုင်းသုံးဖွဲ့ စတင်သည့် Operation 1027 စစ်ဆင်ရေး
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟု လူသိများသည့် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က စစ်ကောင်စီနှင့် ပြည်သူ့စစ်များအား ရည်ရွယ်ချက်လေးရပ်ဖြင့် Operation 1027 အမည်ဖြင့် အောက်တိုဘာ ၂၇ ရက်တွင် စစ်ဆင်ရေး စတင်ပြုလုပ်နေပြီ ဖြစ်သည်။
ကရင်နီ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဖွဲ့စည်း
ကရင်နီပြည်နယ်အတွက် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီအား ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ - KSCC က စက်တင်ဘာ ၁၆ ရက်တွင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။
စစ်အုပ်စုအား ပြတ်သားစွာ အရေးယူရန် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ ကုလသမဂ္ဂထံပေးပို့သော အိတ်ဖွင့်ပေးစာ
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံမှု ရှိလာစေရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှ ခိုင်မာ ပြတ်သားစွာ အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံအတွင်း၊ ဒေသအတွင်းနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့အစည်း ၄၄၀ ကျော်က အောက်တိုဘာ ၁၇ ရက်တွင် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့သည်။
ကရင်နီ IEC အမျိုးသမီး/ကလေးသူငယ်ဌာနမှူးများ ခန့်အပ်
အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန ဌာနမှူးကြီးနှင့် ဒုတိယဌာနမှူးအဖြစ် အမျိုးသမီးသုံးဦးအား ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အောက်တိုဘာ ၁၈ ရက်တွင် အမိန့်အမှတ် ၁၈/၂၀၂၃ ဖြင့် ခန့်အပ်တာဝန်ပေးလိုက်သည်။
NCA ပျက်ပြယ်ကြောင်း KNPP ထုတ်ပြန်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်C (NCA) သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် မူတည်သည့် သဘောတူစာချုပ် ဖြစ်ကာ အကြမ်းဖက်စစ်တပ်က ဖွဲ့စည်းပုံကို ကျော်လွန်ကာ အာဏာသိမ်းလိုက်သည့်အတွက် ဖွဲ့စည်းပုံအပြင် NCA သည်ပါ ပျက်ပြယ်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်လိုက်သည်။
၃၅ နှစ်ပြည့် လူ့ဘောင်သစ်ပါတီ
၁၉၈၈ လူထုအရေးတော်ပုံမှ ပေါက်ဖွားလာသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်းမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ၃၅ နှစ် ပြည့်ပြီဖြစ်ကာ နွေဦးတော်လှန်ရေး၌ ၎င်းတို့ ကိုင်ဆွဲထားသည့် ရည်မှန်းချက်သုံးရပ်အား ထုတ်ပြန်လိုက်သည်။
မန္တလေးဖက်ဒရယ်ယူနစ် အင်အားစု တွေ့ဆုံပွဲ
မန္တလေးတိုင်း သို့မဟုတ် မန္တလေးဖက်ဒရယ်ယူနစ်အတွင်းရှိ တော်လှန်ရေးအင်အားစုများအကြား အလွတ်သဘဘော တွေ့ဆုံဆွေးနွေးမှုတစ်ရပ်အား အွန်လိုင်းအခြေပြု၍ အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည်။
လိင်အကြမ်းဖက်သူများအား အရေးယူရေး တောင်းဆို
နွေဦးတော်လှန်ရေး နှစ်နှစ်ခွဲကျော်ကာလအတွင်း တော်လှန်ရေး၌ ပါဝင်သည့် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ အမြတ်ထုတ်မှု၊ မဖွယ်မရာလုပ်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကားခြင်းများ ရှိနေကာ အရေးမယူနိုင်သည့်အပြင် နစ်နာသူများကိုပါ အကာအကွယ်မပေးနိုင်ဖြစ်နေသည့်အတွက် ထိန်းကြောင်းရန် တော်လှန်ရေးအင်အားစု အဖွဲ့ ၂၃ ဖွဲ့နှင့် တသီးပုဂ္ဂလ ပါဝင်နေသူများက တောင်းဆိုထားသည်။
NCA အတွက် ERO သုံးဖွဲ့သဘောထား ထုတ်ပြန်
အကြမ်းဖက်စစ်အုပ်စု အာဏသိမ်းခြင်းမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ အခြေခံမူနှင့် ရည်ရွယ်ချက်ကို ဖျက်ဆီးခြင်းဖြစ်ကာ ပြည်သူများအား နည်းလမ်းပေါင်းစုံဖြင့် အင်အားသုံးပြီး ထပ်ခါတလဲလဲ တိုက်ခိုက်နေမှုသည် NCA ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေကာ ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းကို စွန့်လွှတ်ကြောင်း ပေါ်လွင်နေပြီ ဖြစ်သည်ဟု NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကျောင်းသားတပ်မတော် (ABSDF) တို့ ပူးတွဲထုတ်ပြန်လိုက်သည်။
လူသားချင်းစာနာထောက်ထားမှု နှီးနှောဖလှယ်ပွဲ အကြံပြုတိုက်တွန်းချက်စာတမ်း
စက်တင်ဘာ ၂၃ မှ ၂၆ ရက်အထိ လေးရက်တာ ပြုလုပ်ခဲ့သည့် "ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူ" နှီးနှောဖလှယ်ပွဲ၏ ရလဒ်အဖြစ် အကြံပြုတိုက်တွန်းချက်စာတမ်းကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မုန်လိုင်ခတ် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ် တော်လှန်ရေးအင်အားစုများ၏ တုံ့ပြန်မှုများ
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက် ည (၁၁) နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် ကလေးသူငယ် (၁၃) ဦးအပါအဝင် အရပ်သား စစ်ရှောင်ပြည်သူ (၃၂) ဦး သေဆုံးခဲ့ကာ (၂၀) ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ သေဆုံးသူအများစုမှာ အမျိုးသမီးများ ဖြစ်ပြီး စစ်ရှောင်နေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့သည်။
နိုင်ငံရေးနှင့် ဖက်ဒရယ်ရေး၌ အမျိုးသမီးနှင့် လူငယ်ကဏ္ဍအတွက် CRPH နှင့် MWPN တို့ ဆွေးနွေး
မြန်မာ့နိုင်ငံရေးကဏ္ဍနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး၌ အမျိုးသမီးနှင့် လူငယ်များ ပါဝင်မှုအခန်းကဏ္ဍ မြှင့်တင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက် (MWPN) တို့ အောက်တိုဘာ ၃ ရက်က အွန်လိုင်းအခြေပြု ဆွေးနွေးခဲ့သည်။
ဝန်းသို စာသင်ကျောင်းတိုက်ခိုက်ခံရမှု သတင်းစာရှင်းလင်းပွဲ
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာအား စစ်အုပ်စုလက်အောက်ရှိ တမခ – ၃၃ လလက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၁၂၀ အထိုင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဆရာမတစ်ဦး အပြင် ကလေးငယ် ၂၀ ဦး ထိခိုက်ခဲ့မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ဥက္ကဋ္ဌဟောင်းနှင့် စစ်အုပ်စုတွေ့ဆုံမှု KNU နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်
စစ်အုပ်စု ခေါင်းဆောင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်းတို့ စက်တင်ဘာ ၃၀ ရက်က နေပြည်တော်၌ တွေ့ဆုံမှုမှာ အဖွဲ့အစည်းနှင့် လုံးဝ ပတ်သတ်ခြင်းမရှိကြောင်း KNU ဗဟိုဌာနချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီက အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်သည်။