• “စွယ်တော်ပွင့်သစ်" စကားဝိုင်း ဆွေးနွေးပွဲ

    ဆေးတက္ကသိုလ် (မန္တလေး) ကျောင်းသားများသမဂ္ဂ တော်လှန်ရေးတပ်ဦး - UMM-SURFက ဦးဆောင်ပြုလုပ်သည့် "စွယ်တော်ပွင့်သစ်" ကမ်ပိန်းအတွက် "စွယ်တော်ပွင့်သစ်" စကားဝိုင်းအား စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်ခဲ့သည်။ စကားဝိုင်း၌ ဆေးပညာကျန်းမာရေးမိသားစုအတွင်းမှ စစ်အုပ်စုအား တော်လှန်နေသည့် အင်အားစုများ ပါဝင်ခဲ့ကာ အခြားမိတ်ဖက် အဖွဲ့အစည်းများကလည်းအဆိုပါစကားဝိုင်းအား ၎င်းတို့ကိုယ်ပိုင် လူမှုကွန်ရက်များမှတစ်ဆင့် တိုက်ရိုက်မျှဝေခဲ့သည်။

    AFCCGSCB
  • "ငါတို့ သံအမတ် - ငါတို့အသံ" ကမ်ပိန်း

    အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် ဆက်လက်ထားရှိရေးနှင့် စစ်တပ်ကိုယ်စားလှယ် လက်မခံရေး “ငါတို့ သံအမတ်၊ ငါတို့ အသံ၊ ငါတို့ ကိုယ်စားလှယ်" "Our Ambassador, Our Voice, Our Representative” – ကမ်ပိန်းအား ဒီမိုကရေစီရေး လှုပ်ရှားနေသည့် အင်အားစုများက ဆက်တိုက်ပြုလုပ်လျက် ရှိသည်။

    AFCCDDMSC
  • စစ်အုပ်စုရွေးကောက်ပွဲ တရားမဝင်ကြောင်း ထုတ်ဖော်မည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ထုတ်ပြော

    စစ်အုပ်စုက ကျင်းပရန်အတွက် နည်းလမ်းပေါင်းစုံ လုပ်ဆောင်နေသည့် ရွေးကောက်ပွဲမှာ တရားမဝင် ကြောင်း ထုတ်ဖော်ပြသသွားရမည်ဟု မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ (Mon State Federal Council - MSFC) - ပုံမှန်အစည်းအဝေး (၂၇/၂၀၂၃) ၌ ကောင်စီသဘာပတိ နိုင်သုဝဏ္ဏက ထည့်သွင်းပြောဆိုထားသည်။

    MSFC
  • ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ ကျင်းပ

    (၃၂) နှစ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ - KNPFအခမ်းအနား ကို သြဂုတ်လ ၉ ရက်နေ့တွင် ကျင်းပသည်။

    KNU
  • ဖက်ဒရယ်လစ်ဇင် ပညာရပ်ဆိုင်ရာ လေ့လာခြင်း စဉ်ဆက်မပြတ် လှုပ်ရှားမှု

    ဖက်ဒရယ်လစ်ဇင် ပညာရပ်နှင့် ပတ်သက်၍ စဉ်ဆက်မပြတ် လေ့လာမှုများ ပြုလုပ်နိုင်ရန်အတွက် ဖက်ဒရယ်ဂျာနယ်၊ မြန်မာနှင့် တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ - ENAC နှင့် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး - AASYC တို့ ပူးပေါင်းတင်ဆက်နေသည့် ဖက်ဒရယ်လစ်ဇင် ပညာရပ်ဆိုင်ရာ လေ့လာခြင်းအစီအစဉ်အား စက်တင်ဘာ ၈ ရက်တွင် ထုတ်လွှင့်လိုက်သည်။

    AASYC
  • မုံရွာထောင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံ တိုက်ပွဲဝင်

    မုံရွာအကျဉ်းထောင်အတွင်း ထောင်ဝန်ထမ်းများမဟုတ်ဘဲ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၈ ရက်တွင် အထူးရှာဖွေရေးလုပ်မှုအား ဆန့်ကျင်သည့်အနေဖြင့် ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများက အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ - MPSSC ထုတ်ပြန်ထားသည်။

    MPSSC
  • ကရင်နီအမျိုးသားအားဇာနည်နေ့၌ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ သွားမည်ဟု KSCC ကတိပြု

    စက်တင်ဘာ ၈ ရက်တွင် ကျရောက်သည့် ကရင်နီအမျိုးသားအာဇာနည်နေ့အတွက် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council – KSCC) သဝဏ်လွှာပေးပို့ရာ၌ ကရင်နီအမျိုးသား ခေါင်းဆောင်၊ ရဲဘော်၊ ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းကာ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ စည်းလုံးညီညွတ်စွာ ချီတက်ကာ မတရားမှုများအား ဆက်လက်တွန်းလှန်မည် ဟု ကတိကဝတ်ပြုကြောင်း ဖော်ပြထားသည်။

    KSCC
  • အာဆီယံ သုံးသပ်မှုနှင့် ဆုံးဖြတ်ချက်အရ စစ်အုပ်စုအား အရေးယူပြစ်ဒဏ်ချမှု အမြန်ဆုံး လုပ်ရမည်

    (၄၃) ကြိမ်မြောက် အာဆီယံအစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ စက်တင်ဘာ ၅ ရက်က ပြုလုပ်ပြီးနောက် မြန်မာအရေးနှင့် ပတ်သက်၍ ချမှတ်ထားသော ဘုံသဘောတူညီချက် (၅) အကောင်အထ ထည်ဖော်မှုနှင့် စပ်လျဉ်းသည့် သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များအား ကြိုဆိုကာ အရေးယူဒဏ်ခတ်မှု အစီအစဉ်များ အမြန်ဆုံးချမှတ်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ - CRPH က စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

    CRPH
  • "ပြစ်ဒဏ်ကင်းလွတ်နေသော ဖက်ဆစ်စစ်မိစ္ဆာများနှင့် အနာဂတ် တရားမျှတမှု" စကားဝိုင်း

    နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ကွန်ရက် စီစဉ်သည့် ၁၀၈ ကြိမ်မြောက် ဘာသာပေါင်းစုံ အတူလက်တွဲ စစ်အာဏာရှင်ဖြုတ်ချပွဲ စကားဝိုင်းအစီအစဉ်ဖြစ်သည့် "ပြစ်ဒဏ်ကင်းလွတ်နေသော ဖက်ဆစ်စစ်မိတစ္ဆာများနှင့် အနာဂတ် တရားမျှတမှု" စကားဝိုင်းတွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေး ပါဝင်ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုအတွင်း စစ်အုပ်စုက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများမှာ ယခင်ကာလများထက် ယခုနွေဦးတော်လှန်ရေး ကာလ၌ ပိုများလာကြောင်း ထောက်ပြထားသည်။‍

    DPNS
  • ဘဏ္ဍာရေးစစ်မျက်နှာ တိုက်ပွဲ သတင်းစာရှင်းလင်းပွဲ

    စစ်အုပ်စုထံ စီးဝင်နေသည့် ဝင်ငွေများ ဖြတ်တောက်ရေးဆိုင်ရာ ဘဏ္ဍာရေးတိုက်ပွဲ ဆင်နွှဲသည့် "ဖက်ဆစ်စစ်ဝင်ငွေ ဖြတ်တောက် - ပြည်သူ့ဘဏ္ဍာ တည်ဆောက်" ကမ်ပိန်းနှင့် ပတ်သက်၍ နွေဦးတောလှန်ရေးအတွင်း ပါဝင်နေသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ကိုတေဇာစန်း၊ မချောစုစံ၊ မခတ်ဆစ် တို့ပါဝင်သည့် ရုပ်သံသတင်းစကားကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) က စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ကမ်ပိန်းသည် စစ်အုပ်စုဝင်ငွေ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျသွားရေး ရည်မှန်းထားကာ သပိတ်မှောက်ရမည့် ကုန်စည်များကိုလည်း ကြေညာထားသည်။

    GSCB
  • လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ မူဝါဒ

    လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-HA) က ရေးဆွဲကာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၁ ရက်တွင် "လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ မူဝါဒ" အား အတည်ပြုလိုက်သည်။

  • ပြည်သူ့ခုခံတော်လှန်စစ် နှစ်နှစ်ပြည့် နိုင်ငံတော်အခြေပြုမိန့်ခွန်း

    “ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း" နှစ်နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန့်အား အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဒုတိယသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၇ တွင် ပြောကြားခဲ့သည်။

  • ကြားကာလ ကရင်နီအုပ်ချုပ်ရေးကောင်စီ၌ ဌာနမှူးကြီးများ ခန့်အပ်

    ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council – IEC) က ဌာနကြီး ငါးခုအတွက် ဌာနမှူးကြီးများနှင့် ဒုတိယဌာနမှူးများအား စက်တင်ဘာ ၇ ရက်တွင် ခန့်အပ်တာဝန်ပေးလိုက်သည်။

    KSCC
  • တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲ တိုက်ပွဲဝင်မည်ဟု KNPP ထုတ်ပြန်

    (၇၅) နှစ်မြောက် ကရင်နီ အမျိုးသားအာဇာနည်နေ့သို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni Nationall Progressive Party – KNPP) က စက်တင်ဘာ ၈ ရက်က သဝဏ်လွှာပေးပို့ရာ၌ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘဝတူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ထည့်သွင်းဖော်ပြထားသည်။ လက်ရှိ နိုင်ငံ နိုင်ငံရေးအခင်းအကျင်းမှာ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ တစ်ပါတည်း ရှိနေကာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ပြီဖြစ်သည့် တော်လှန်ရေးအား ခွန်အားအသစ်များ ဆောင်ကြဉ်းပေးနေကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။ KNPP ကို ၁၉၄၈ ခုနှစ်ကတည်းက ဖွဲ့စည်းထားကာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆေက်ရေးကို ရည်ရွယ်သည်။ ၎င်း လက်အောက်တွင် ကရင်နီတပ်မတော် (Karenni Army) ရှိကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများအား လက်မခံကြောင်း ပြတ်သားစွာ ငြင်းဆန်ထားသည်။

    KNPP
  • မြန်မာတွင် အကွက်ချ နှိပ်ကွပ်မှုများ ရှိနေဟု ကုလအတွင်းရေးမှူးချုပ် ထုတ်ပြော

    မြန်မာစစ်အုပ်စု နိုင်ငံအတွင်း အကွက်ချ ဖိနှိပ်မှုနှင့် နှိပ်ကွပ်မှုများ ပြုလုပ်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး မျှော်လင့်ချက် နင်းချခံထားရပြီဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် ဂူတားရက်စ်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် စက်တင်ဘာ ၇ ရက်က ပြုလုပ်သည့် အမေရိကန်၊ တရုတ်၊ အာဆီယံနှင့် ဒေသတွင်းခေါင်းဆောင်များ၌ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုလိုက်သည်။

  • ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာ

    အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန – MOD က ပြည်သူ့ ခုခံတွန်းလှစ်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာအား စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

  • လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

    ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်၌ စစ်အုပ်စုသည် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး ပျက်စီးကာ ဘုန်းကြီးကျောင်း (၁)လုံး အနည်းငယ် ပျက်စီး ခဲ့ရပြီး ဒေသခံပြည်သူလူထု (၇၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ စာသင်ကျောင်း (၂) ကျောင်းလည်းယာယီပိတ်ထားခဲ့ရသည်။

    KNU
  • ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန် လှုံ့ဆော်လှုပ်ရှားမှုများ

    စစ်အုပ်စု လက်အောက်ခံတပ်သားများ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန် CDM လှုပ်ရှားမှု၌ ပါဝင်ကြရန် စည်းရုံးလှုံ့ဆော်သည့် လှုပ်ရှားမှုများအဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လက်ကမ်းစာစောင် ၂၃၀၀ ကျော် ဖြန့်ဝေခဲ့ပါသည်။

    GSC
  • အာဆီယံ လေတပ်ဦးစီးချုပ် ညီလာခံ မတက်ကြရန် CRPH တောင်းဆို

    ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို မတက်ရောက်ရန် အာဆီယံနိုင်ငံများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက စက်တင်ဘာ ၆ ရက်နေ့တွင် တောင်းဆိုခဲ့သည်။

    CRPH
  • (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး

    (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးရပ်အကောင်အထည်ဖော်မှုနှင့် ပတ်သက်သည့် ပြန်လည်သုံးသပ်မှုကို ၂၀၂၃ စက်တင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ရာ သုံးသပ်ချက် ရှစ်ရပ်နှင့် ဆုံးဖြတ်ချက် ၁၁ ရပ် ထွက်ရှိလာသည်။