သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
လူ့အခွင့်အရေးချိုးဖောက်မှုများ
အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်မှုများသည် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် စစ်ရာဇတ်မှု (War Crime) ၊ အစုအပြုံလိုက် သတ်ဖြတ်မှု (Massacre) ၊ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crime Against Humanity) အဆင့်အထိသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိသည်။
ပုလဲ ကျောင်းအာဏာပိုင်နှင့် ပသုံးလုံးအဖွဲ့ဝင်များအား ဗကသများအဖွဲ့ချုပ် ဆန္ဒပြ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများ၏ ကျောင်းဝင်ခွင့်လျှောက်ထားသူများ လိုက်နာရမည့်စည်းကမ်းချက်များ၌ လွတ်လပ်စွာပြောဆိုခွင့်၊ အသင်းအဖွဲ့၌ ပါဝင်ခွင့် ကန့်သတ်ချက်များပါရှိကာ "လူတိုင်းလွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိသည်" ဆိုသည့် အခြေခံလူ့အခွင့်အရေးအား ချိုးဖောက်ရာ ရောက်သည့်အတွက် ပုလဲမြို့နယ် ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့်ဒေသခံ ပြည်သူများက ဇွန် ၃၀ ရက်တွင် ကျောင်းအာဏာပိုင်နှင့် NUG ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ "ပ"သုံးလုံးအဖွဲ့အား ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည်။
စစ်သုံ့ပန်းကျင့်ဝတ် ချိုးဖောက်သူများအား ဖော်ထုတ်၊ အပြစ်ပေးမည်ဟု ချင်းပြည်ကောင်စီ ထုတ်ပြန်
ကောင်စီ၌ ပါဝင်သည့် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရှေ့တန်းစစ်မျက်နှာ၌ ဖမ်းဆီးမိသည့် စစ်သုံ့ပန်းများအပေါ် ဂျနီဗာကွန်ဗင်းရှင်းပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ် မလိုက်နာခဲ့သည့် ပြစ်မှုကျူးလွန်ထားသည့် ရုပ်သံဖိုင်များ လူမှုကွန်ရက်၌ ပျံ့နှံ့လျက်ရှိကာ ၎င်းအား စုံစမ်းဖော်ထုတ်၍ အပြစ်ပေးအရေးယူရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်(Chinland) ကောင်စီက ဇွန် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
မောင်တော၊ ဝေသာလီ WFP ဂိုဒေါင်အား စစ်အုပ်စုမီးရှို့သည့်ရုပ်သံဖိုင်အား AA ထုတ်ပြန်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ World Food Programme – WFP ဂိုဒေါင်နှင့် လူနေအိမ်အချို့အား အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ သင်တန်းပေးထားသည့် လက်နက်ကိုင် မူဆလင်များက ဇွန် ၂၁ ရက်၊ ညနေ (၅)နာရီအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့် ရုပ်သံဖိုင်အား အာရက္ခတပ်တော် (AA) က ဇွန် ၂၅ ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။
စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုစစ်တမ်းအား BWU ထုတ်ပြန်
အကြမ်းဖက်စစ်အုပ်စုက အသက်သွင်းလိုက်သည့် မတရားစစ်မှုထမ်းဥပဒေ၌ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဟု ပါရှိကာ ယင်းနောက်ဆက်တွဲ သက်ရောက်မှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ အမျိုးသမီးများအား မေးမြန်းကာ လေ့လာသုံးသပ်ထားသည့် "မတရားစစ်မှုထမ်းဥပဒေများနှင့် အမျိုးသမီးများအပေါ်သက်ရောက်မှုများ"စစ်တမ်းအား မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ဇွန် ၁၉ ရက်တွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့်ထုတ်ပြန်လိုက်သည်။
မြန်မာအလုပ်သမားကိုယ်စားလှယ်အား ILO အုပ်ချုပ်မှုအဖွဲ့၌ ထပ်မံရွေးချယ်
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင်နှင့် မြန်မာအလုပ်သမား တပ်ပေါင်းစု (MLA) ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ အုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) ၌ ထပ်မံ ရွေးချယ်လိုက်သည်။
စစ်တွေ၊ ဗျိုင်းဖြူရွာ အစုအပြုံလိုက် သတ်ခံရမှု NUG နှင့် AASYC ထုတ်ပြန်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆက်ရိုးကျရပ်ကွက် (ဗျိုင်းဖြူရွာ) တွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေ ဒကစ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက မေ ၂၉ ရက်တွင် အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီးနောက်အမျိုးသား ၄၈ ဦး၊ အမျိုးသမီးငါးဦး၊ စုစုပေါင်း ၅၃ ဦးအားရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် ပြည်တွင်း၊ ပြည်ပရှိ အင်အားစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC) က ဇွန် ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဘူးသီးတောင်ဖြစ်စဉ်နှင့် ပတ်သက်သည့် ULA/AA ၏ ထုတ်ပြန်ချက်
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်အုပ်စုက လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်ဖြစ်ပွားစေရန် အရှိန်အဟုန်မြှင့်၍ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေသည့်အတွက် ၎င်းတို့အား ဆန့်ကျင်ရှုံချကာ နိုင်ငံတကာနှင့်အတူ လက်တွဲကာ လက်တွဲလုပ်ဆောင်ရသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း မတ် ၂၀ရက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ကမ်းလှမ်း ထုတ်ပြန်လိုက်သည်။
ပသုံးလုံး၊ ပြည်သူ့စစ်မှုထမ်းနှင့် ၁၉၈၂ နိုင်ငံသားဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်သုံးရပ်အား ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ အတည်ပြုနိုင်ခဲ့
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဦးဆောင်၍ ဧပြီ ၄ ရက်မှ ၉ ရက်အတွင်း ငါးရက်တာ ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ ဒေသန္တရအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စ၊ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်သုံးရပ်အား အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ကြောင်း NUCC က ထုတ်ပြန်လိုက်သည်။
အရေးယူမှုပါဝင်မည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် NUG ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ– NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ အားလုံး လိုက်နာရမည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်အား မတ် ၂၂ ရက်က ယာယီသမ္မတ ဒူဝါလရှီးလ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကာ လိုက်နာမှုမရှိသူအား တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူမည်ဟု ဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စု၏ အတင်းအကျပ် စစ်မှုထမ်းစေမှုနှင့် နောက်ဆက်တွဲ သက်ရောက်နိုင်မှုများ
အကြမ်းဖက်စစ်အုပ်စု၏ အတင်းအကြပ် စစ်မှုထမ်းခေါ်ယူရန် ကြိုးပမ်းမှုသည် လူ့အခွင့်အရေးနှင့် မကိုက်ညီသော ဖိနှိပ်မှုဖြစ်ပြီး မြန်မာလူထု၏ အကျပ်အတည်း၊ အခက်အခဲများကို ပိုမိုဆိုးရွားစေကာ ဒေသတွင်းတည်ငြိမ်မှုကို ပိုမိုလျင်မြန်၊ သိသာစွာ ဆိုးရွားလာစေမည် ဖြစ်သည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ထုတ်ပြန်ကြေငြာချက်အပေါ် တုံ့ပြန်ချက်များ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ်၂၇/၂၀၁၀ဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ဖြင့် ပြဌာန်းထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်အား ဥပဒေ အာဏာတည်သည့်နေ့ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၄ ဖြင့် စစ်ကောင်စီဥက္ကဌ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။။