သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
လူ့အခွင့်အရေးချိုးဖောက်မှုများ
အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်မှုများသည် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် စစ်ရာဇတ်မှု (War Crime) ၊ အစုအပြုံလိုက် သတ်ဖြတ်မှု (Massacre) ၊ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crime Against Humanity) အဆင့်အထိသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိသည်။
နိုင်ငံရေးရပ်တည်ချက် သဘောထားအား SNLD ထုတ်ပြန်
တိုက်ခိုက်ရေးအောင်ပွဲများမှသည် ပြည်သူ့နိုင်ငံရေးအောင်ပွဲများအထိ ဆက်လက် သယ်ဆောင် အနားသတ်ပေးနိုင်မှသာ တည်ငြိမ်အေးချမ်းမှု အစစ်အမှန်ကို ခံစားရမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy - SNLD) က အောက်တိုဘာ ၂၆ ရက်တွင် ၎င်းတို့၏နိုင်ငံရေး ရပ်တည်ချက်သဘောထားအား ထုတ်ပြန်ထားသည်။
ဘုတလင်သတ်ဖြတ်မှုများအား စစ်အုပ်စု ကျူးလွန်
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ အရပ်သားများအား ပစ်မှတ်ထား၍ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများသည် လူမျိုးအသီးသီး၏ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပေါ် လက်စားချေရန်အတွက် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် စစ်ရေးနည်းဗျူဟာသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။
သန်းခေါင်စာရင်းမှုအား လုံခြုံရေးအရ ဆန့်ကျင်ရန် ရန်ကုန်သပိတ်အင်အားစု တိုက်တွန်း
အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပပေးရန် အကြောင်းပြချက်ဖြင့် သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုမှာ မြို့ပြတော်လှန်ရေးအင်အားစုများ အပါအဝင် ပြည်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ရယူရန် ကြိုးပမ်းမှုသာ ဖြစ်ကာ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များက စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
AA စစ်သုံ့ပန်းစခန်းနှစ်ခု တိုက်ခိုက်ခံရမှု ၆၇ ဦးကျော် သေဆုံး
အာရက္ခတပ်တော် (AA) က စစ်သုံ့ပန်းများအား ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာနှင့် မောင်တောမြို့နယ်၊ လေးမိုင်(နခခ– ၂) စခန်းတို့အား အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းနှင့် အရပ်သားအကျဉ်းသား ၆၇ ဦးကျော် သေဆုံးခဲ့သည်။
နမ့်ခမ်းလေကြောင်းတိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချကြောင်း ရန်ကုန်သျှမ်းလူငယ်များအသင်း ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ထုန်းမောင်းဒေသ၊ နမ့်ခမ်းမြို့တွင် အကြမ်းဖက်စစ်အုပ်စုဘက်က အရပ်သားများအား ပစ်မှတ်ထား၍ လူနေရပ်ကွက်အတွင်း ဖျက်အားပြင်းဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့်ကလေးသူငယ် ကိုးဦးထက်မနည်း သေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ဆန့်ကျင် ရှုတ်ချကန့်ကွက်ကြောင်း ရန်ကုန်သျှမ်းလူငယ်များ (Tai Youth Yangon) က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကဏ္ဍလေးရပ် တရားဥပဒေစိုးမိုးရေးစီမံချက်အား IEC ထုတ်ပြန်
ကရင်နီပြည်နယ်အတွင်း လူမှုဘဝ လုံခြုံကာ မျှတစွာ ရှင်သန်ရပ်တည်ခွင့်ရှိစေရေးအတွက် မူးယစ်ဆေး၊ တော်လှန်ရေးနှင့် လူမှုကျင့်ဝတ် မညီသောလုပ်ငန်းများ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု၊ မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း စသည့် ကဏ္ဍလေးခုအား ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေးစီမံချက် ချမှတ်၍ တားမြစ်သွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကြေညာချက်အမှတ် (၃/၂၀၂၄) ဖြင့် စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
လူသားဒိုင်းလုပ်မှုအား ဆန့်ကျင်ကြရန် NUG တိုက်တွန်း
အကြမ်းဖက်စစ်အုပ်စုက စစ်မှု မထမ်းမနေရ ဥပဒေပြဌာန်းခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းကာ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်းများကိုပါ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းမှာ တိုင်းပြည်နှင့် ပြည်သူတစ်ရပ်လုံးအား လူသားဒိုင်းသဖွယ် အသုံးပြုရန်ကြိုးပမ်းခြင်းသာ ဖြစ်ပြီး နည်းလမ်းပေါင်းစုံဖြင့် ပြတ်သားစွာ ခုခံတော်လှန်၊ ဆန့်ကျင်ရန် တိုက်တွန်းနှိုးဆော်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာအင်အားစုများကြား စည်းလုံးရေး တည်ဆောက်ရန် အမေရိကန် တိုက်တွန်း
မြန်မာပြည်သူများ ဆန္ဒကို လေးစားသည့် အရပ်ဘက် အုပ်ချုပ်ရေးစနစ် အသွင်ကူးပြောင်းရေးကို အားပေးကာ ဒီမိုကရေစီလိုလားသူများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်ရန် လိုလားကြောင်း မြန်မာ့နိုင်ငံရေး အင်အားစုနှင့် တိုင်းရင်းသားအင်အားစု ခေါင်းဆောင်များအား တွေ့ဆုံစဉ် အမေရိကန်အစိုးရဘက်က တိုက်တွန်းလိုက်သည်။
လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေ သုံးသပ်ချက် NUCC ထုတ်ပြန်
နိုင်ငံအတွင်း ဖြစ်တည်နေသည့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် သုံးသပ်မှုနှင့်အတူ ဒုတိယမြောက် ပြည်သူ့ညီလာခံက ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် (၃) ရပ်၊ အကြံပြု တိုက်တွန်းချက် (၂၁) ရပ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ရှောင်ပြည်သူများအတွက် ရန်ကုန်ပြည်သူသို့ တိုက်တွန်းနှိုးဆော်ချက်
ရန်ကုန်မြို့အတွင်း နေထိုင်နေသည့် တော်လှန်သော ပြည်သူများအနေဖြင့် မြို့သို့ ရောက်ရှိလာမည့် စစ်ဘေးရှောင်ပြည်သူများနှင့် ပတ်သက်၍ "ပြည်သူချင်းဖေးမကူကြ" ရန် အတွက် အချက်ငါးချက်ပါ "ရန်ကုန်မြို့နေပြည်သူတရပ်လုံးသို့ တိုက်တွန်းနှိုးဆော်ချက်" အား ရန်ကုန်အခြေပြု တော်လှန်ရေးအင်အားစုများက သြဂုတ် ၁၃ရက်တွင် ထုတ်ပြန်ထားသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျဆုံးခြင်း နေ့စွဲမှတ်တမ်း
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား နိုင်ငံအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများအား ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် ၁၉၆၁ ခုနှစ်က တောင်ကြီးမြို့တွင် ဖွဲ့စည်းသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ၁၉၇၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ခွဲထုတ်ကာ လားရှိုးမြို့အခြေပြု ဖွဲ့စည်းထားသည်။ ၁၉၄၉ ခုနှစ်က မေမြို့ (ဝါ) ပြင်ဦးလွင်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း “ရမခ တိုင်းစစ်ဌာနချုပ်” သည် ၇၅ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ပထမဦးဆုံး ကျဆုံး လက်လွှတ်လိုက်သည့် တိုင်းစစ် ဌာနချုပ်အဖြစ် မှတ်တမ်းဝင်ထားသည်။
ထိန်းချုပ်မြို့နယ် ၁၂ ခုတွင် PSLF/TNLA တရားရေးယန္တရား စတင်
၁၀:၂၇ စစ်ဆင်ရေး အပိုင်း (၁) နှင့် (၂) အတွင်း ထိန်းချုပ်ထားနိုင်သည့် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ စသည့် မြို့နယ် (၁၂) ခုတွင်ဗဟို၊ ခရိုင် နှင့် မြို့နယ်တရားသူကြီးများ၊ ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်များ လွှဲပြောင်း၊ ခန့်အပ်ကာ တရားရေးယန္တရား စတင်လည်ပတ်နေပြီဖြစ်ကြောင်း ပလောင်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။
လူသားဒိုင်း လုပ်ခံထားရသည့် မောင်တောပြည်သူ ရာနှင့် ချီအား ULA/AA ကယ်ထုတ်နေ
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၈)ရပ်ကွက်၊ ကညင်တန်းရွာတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်အချို့က လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားသည့် ဒေသခံပြည်သူ ၅၀၀ ခန့်အား သြဂုတ် ၈ ရက် ညနေပိုင်းက လုံခြုံရာနေရာသို့ ကယ်ထုတ်ခဲ့သည့် ရုပ်သံမှတ်တမ်းဖိုင်အား အာရက္ခတပ်တော် (ULA/AA) ထုတ်ပြန်လိုက်သည်။
စစ်အုပ်စု၏ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်း ဟန့်တားပေးရေး မြောက်ပိုင်းသုံးဖွဲ့ တောင်းဆို
အကြမ်းဖက်စစ်အုပ်စုက စစ်ရေးနှင့် တိုက်ပွဲဇုန် မဟုတ်သည့် ဒေသများတွင် လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားများအား ပစ်မှတ်ထားသည့် ကြီးလေးသော ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိရာ အိမ်နီးချင်း တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးက ဝိုင်းဝန်းတားဆီး ဟန်တားပေးရန် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က သြဂုတ် ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
NUG အိန္ဒိယရုံးကိုယ်စားလှယ်အား ရာထူးမှ ထုတ်ပယ်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်အား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့်ပတ်သက်၍ တိုင်ကြားခံရပြီးနောက် သြဂုတ် ၁ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးဌာနက သြဂုတ် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဂန့်ဂေါ - ပလဖ စစ်ကြောရေး၌ အရပ်သားသေဆုံးမှုအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာနေ ဦးဆန်းလွင်အား မူးယစ်ဆေး သံသယမှုဖြင့် မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးပြီးနောက် ညနေပိုင်းတွင် မိသားစုအား အလောင်းလာရောက်ထုတ်ယူခိုင်းမှုနှင့် ပတ်သက်၍ အသက်သေဆုံးသည်အထိ ရိုက်နှက်မှုနှင့် မိသားစုဝင်များအား အမှုကျေအေးရန် ကြိုးစားနေမှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုံချကြောင်း ဒေသအခြေပြု အရပ်ဘက် အဖွဲ့အစည်းနှင့် တော်လှန်ရေးအင်အားစုများက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
မိုးဗြဲရေကာတာ ဖောက်ချမှု တမင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း IEC သတိပေး
အကြမ်းဖက်စစ်အုပ်စု၏မိုးဗြဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၂) တပ်က ဇူလိုင် ၂၅ ရက် နံနက်အစောပိုင်းတွင် မိုးဗြဲရေကာတာ ရေတံခါးအား အဆင်ခြင်မဲ့ ဖွင့်ချလိုက်ခြင်းသည် ဒေသခံတောင်သူများနှင့် ပြည်သူများ အတိဒုက္ခရောက်စေရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး ရေကြီးမှုအန္တရာယ်အား သတိပြုကြရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အရေးပေါ်ကြေညာချက် ၁/၂၀၂၄ ဖြင့် ထုတ်ပြန်လိုက်သည်။
မန္တလေးစစ်ကြောရေးညှင်းပန်းမှု သက်သေခံရုပ်သံများ ရရှိထားဟု Fortify Rights ထုတ်ပြန်
မန္တလေးတိုင်းအတွင်းရှိ စစ်ကြောရေးစခန်းတစ်ခုအတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုက ထိန်းသိမ်းထားသူများအား အသက်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့သည့်သက်သေခံ ရုပ်သံဖိုင်များအား လက်ခံရရှိထားကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများအတွက် တာဝန်ခံလာစေမည့် သက်သေအထောက်အထားများဖြစ်ကြောင်း Fortify Rights အဖွဲ့က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
မွန်ဒေသ ခြောက်လတာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစီရင်ခံစာ
မွန်ဒေသ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ခြောက်လတာအတွင်း ဖြစ်ပွားခဲ့သည့် ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်များ စုစည်းမှတ်တမ်းထားသည့်"မွန်ဒေသ ၆ လတာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစီရင်ခံစာ" အား ရာမည ဖက်ဒရယ်အင်အားစုသစ် (NewRehmonnya Federated Force – NRFF) က ထုတ်ဝေသည့် လဂွန်းအိမ်စာစဉ်က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဝက်လက် ဗကသရဲဘော် သတ်ဖြတ်ခံရမှုအတွက် အိတ်ဖွင့်ပေးစာနှင့် သဘောထားများ ထုတ်ပြန်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ အသက် ၁၆ နှစ်အရွယ် ရဲဘော်မြင့်မြတ်ဦး ဇူလိုင် ၈ ရက်က သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှု ပြန်လည်ရှာဖွေရန်နှင့် ပြစ်မှုကျူးလွန်သူများအား ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ် အရေးယူပေးရန် တော်လှန်ရေးအင်အားစုများက အိတ်ဖွင့်ပေးစာနှင့် သဘောထားကြေညာချက်များ ထုတ်ပြန်ထားသည်။
မြန်မာအပေါ် ICJ တရားစွဲဆိုမှု၌ နိုင်ငံရှစ်ခုအား ပါဝင်ဆောင်ရွက်ခွင့် ပြု
လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုသည့်အမှုနှင့် ပတ်သက်၍ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ မြောက်အိုင်ယာလန်နှင့် မော်လ်ဒိုက်နိုင်ငံတို့အားပါဝင်ဆောင်ရွက်ခွင့်ပြုကြောင်းInternationalCourt of Justice (ICJ) က ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဖွဲ့အမည်ခံ ကိုယ်ကျိုးရှာမှုများ ချက်ချင်း ရပ်တန့်ရန် YPDF နှင့် AA သတိပေး
အဖွဲ့အခြေစိုက်ဒေသနှင့် စစ်ရေးလှုပ်ရှားနေသည့်နေရာများ၌ အဖွဲ့အစည်းအမည်ခံ၍ ကိုယ်ကျိုးရှာ လက်နက်ခဲယမ်း ရောင်းဝယ်ခြင်း၊ သယံဇာတ သယ်ယူရောင်းချခြင်းနှင့် ငွေကြေး တောင်းခံ၊ ကောက်ယူခြင်းများရှိနေသည့်အတွက် ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက ပြဌာန်းထားသည့် တပ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊အမိန့်၊ ညွှန်ကြားချက်နှင့်အညီ အရေးယူသွားမည်ဟု ယောဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် အာရက္ခတပ်တော် (ULA/AA) တို့က ထုတ်ပြန်လိုက်သည်။
အထွေထွေ အကျပ်အတည်းကြားက ပြည်သူများ
အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းရန် စတင်ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်ကတည်းကပင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ စသည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင် ပြည်သူများ၏ အခွင့်အရေးများကို နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ပိတ်ပင်ခဲ့သည်မှာ ထင်ရှားပါသည်။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ၏ သပိတ်မှောက်ဆန္ဒပြမှုများကို အကြမ်းဖက်ခြင်းအပါအဝင် နည်းမျိုးစုံဖြင့် ဖိအားပေးနှိမ်နင်းရန် ကြိုးပမ်းမှုကြောင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများ ပုံမှန်အတိုင်း မလည်ပတ်နိုင်တော့သည်မှာ လွန်ခဲ့သည့် သုံးနှစ်ကျော် ကာလကတည်းကပင် ဖြစ်သည်။
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ၌ ထည့်သွင်းဆွေးနွေးမည်
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဇွန် ၂၂ ရက်တွင် အကြမ်းဖက်စစ်အုပ်စုက လုယက်မီးရှို့ဖျက်ဆီးခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဂိုဒေါင်ဖြစ်စဉ် အပါအဝင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအား ဇူလိုင် ၃ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ "Any Other Business” ခေါင်းစဉ်အောက်မှ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။