ဂန့်ဂေါ - ပလဖ စစ်ကြောရေး၌ အရပ်သားသေဆုံးမှုအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာနေ ဦးဆန်းလွင်အား မူးယစ်ဆေး သံသယမှုဖြင့် မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးပြီးနောက် ညနေပိုင်းတွင် မိသားစုအား အလောင်းလာရောက်ထုတ်ယူခိုင်းမှုနှင့် ပတ်သက်၍ အသက်သေဆုံးသည်အထိ ရိုက်နှက်မှုနှင့် မိသားစုဝင်များအား အမှုကျေအေးရန် ကြိုးစားနေမှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုံချကြောင်း ဒေသအခြေပြု အရပ်ဘက် အဖွဲ့အစည်းနှင့် တော်လှန်ရေးအင်အားစုများက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဖွဲ့ငါးခု စုပေါင်းထားသည့် GlobalYaw Funding (GYF) ၊ နှလုံးလှ လူမှုကူညီရေးအသင်း (ဂန့်ဂေါမြို့)၊ ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF) နှင့် CDF KKG တို့က စုပေါင်းထုတ်ပြန်ခြင်းဖြစ်ကာသေဆုံးသူခန္ဓာကိုယ်တွင် များစွာသည့် ဒဏ်ရာဒဏ်ချက်များ တွေ့ရှိခဲ့ရကာ ဇူလိုင် ၁၈ ရက်တွင် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူများက သေဆုံးသူ၏ အမျိုးသမီးအား သေဆုံးမှုအတွက် ဆက်လက် အမှုမဖွင့်တော့ကြောင်းနှင့် ကျေအေးကြောင်း လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ကြောရေး၌ ဦးဆန်လွင် သေဆုံးမှုနှင့် ပတ်သက်၍ တာဝန်ရှိသည့် ပလဖ တာဝန်ခံနှင့် ပါဝင်ပတ်သက်သူများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမြန်ဆုံး ထိရောက်စွာ ဖော်ထုတ်အရေးယူပေးရန်လည်း တောင်းဆိုထားသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.