• တကောင်းမြို့ သိမ်းပြီးဖြစ်ကြောင်း NUG-MoD ထုတ်ပြန်

    မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်းမြို့အား အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း ကွပ်ကဲမှုဖြင့် သြဂုတ် ၁၁ ရက် နံနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ သြဂုတ် ၁၂ ညပိုင်းတွင်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) က သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သည်။

    NUG
  • စစ်ရှောင်ပြည်သူများအတွက် ရန်ကုန်ပြည်သူသို့ တိုက်တွန်းနှိုးဆော်ချက်

    ရန်ကုန်မြို့အတွင်း နေထိုင်နေသည့် တော်လှန်သော ပြည်သူများအနေဖြင့် မြို့သို့ ရောက်ရှိလာမည့် စစ်ဘေးရှောင်ပြည်သူများနှင့် ပတ်သက်၍ "ပြည်သူချင်းဖေးမကူကြ" ရန် အတွက် အချက်ငါးချက်ပါ "ရန်ကုန်မြို့နေပြည်သူတရပ်လုံးသို့ တိုက်တွန်းနှိုးဆော်ချက်" အား ရန်ကုန်အခြေပြု တော်လှန်ရေးအင်အားစုများက သြဂုတ် ၁၃ရက်တွင် ထုတ်ပြန်ထားသည်။

    AJMMOctopus
  • GSCN အား လူမျိုးပေါင်းစုံ မျိုးဆက်များ သွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစုအဖြစ် အမည်ပြောင်း

    လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) ၏ ဒုတိယအကြိမ် ညီလာခံအား လူမျိုးစု ၁၉ ခုမှ ကိုယ်စားလှယ်များနှင့် လေ့လာသူ စုစုပေါင်း ၅၃ ဦးဖြင့် ပြုလုပ်ပြီးနောက် ကော်မတီအမည်အား"လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်ရေး မဟာမိတ်အင်အားစု" (Generation’s Solidarity Coalition of Nationalities – GSCN) အဖြစ် ပြောင်းလဲကြောင်း ထုတ်ပြန်လိုက်သည်။

    GSCN
  • အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျဆုံးခြင်း နေ့စွဲမှတ်တမ်း

    အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား နိုင်ငံအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများအား ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် ၁၉၆၁ ခုနှစ်က တောင်ကြီးမြို့တွင် ဖွဲ့စည်းသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ၁၉၇၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ခွဲထုတ်ကာ လားရှိုးမြို့အခြေပြု ဖွဲ့စည်းထားသည်။ ၁၉၄၉ ခုနှစ်က မေမြို့ (ဝါ) ပြင်ဦးလွင်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း “ရမခ တိုင်းစစ်ဌာနချုပ်” သည် ၇၅ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ပထမဦးဆုံး ကျဆုံး လက်လွှတ်လိုက်သည့် တိုင်းစစ် ဌာနချုပ်အဖြစ် မှတ်တမ်းဝင်ထားသည်။

    KNPPKNU
  • ထိန်းချုပ်မြို့နယ် ၁၂ ခုတွင် PSLF/TNLA တရားရေးယန္တရား စတင်

    ၁၀:၂၇ စစ်ဆင်ရေး အပိုင်း (၁) နှင့် (၂) အတွင်း ထိန်းချုပ်ထားနိုင်သည့် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ စသည့် မြို့နယ် (၁၂) ခုတွင်ဗဟို၊ ခရိုင် နှင့် မြို့နယ်တရားသူကြီးများ၊ ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်များ လွှဲပြောင်း၊ ခန့်အပ်ကာ တရားရေးယန္တရား စတင်လည်ပတ်နေပြီဖြစ်ကြောင်း ပလောင်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။

    PSLF
  • မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) အား သြဂုတ် ၁၀ ရက်တွင် စတင်

    မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်များ၌ "မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)”အား ခရိုင်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (LPDF) နှင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များ ပူးပေါင်း၍ သြဂုတ် ၁၀ ရက်တွင် စတင်ပြီဖြစ်ကြောင်း မြင်းခြံခရိုင် အမှတ် (၉)တပ်ရင်း (Myingyan Black Tiger - MBT) က ထုတ်ပြန်သည်။

    NUG
  • လူသားဒိုင်း လုပ်ခံထားရသည့် မောင်တောပြည်သူ ရာနှင့် ချီအား ULA/AA ကယ်ထုတ်နေ

    ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၈)ရပ်ကွက်၊ ကညင်တန်းရွာတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်အချို့က လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားသည့် ဒေသခံပြည်သူ ၅၀၀ ခန့်အား သြဂုတ် ၈ ရက် ညနေပိုင်းက လုံခြုံရာနေရာသို့ ကယ်ထုတ်ခဲ့သည့် ရုပ်သံမှတ်တမ်းဖိုင်အား အာရက္ခတပ်တော် (ULA/AA) ထုတ်ပြန်လိုက်သည်။

    ULA/AA
  • သက်ဝင်အားကောင်းဆဲ နွေဦးလူထု လှုပ်ရှားမှု

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် အကြမ်းဖက် စစ်အုပ်စုမှ စစ်အာဏာသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ ပထမပတ်မှ စတင်၍ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုသပိတ်များ နိုင်ငံအနှံ့တွင် ပုံစံမျိုးစုံဖြင့်ပေါ်ပေါက်ခဲ့ပါသည်။ ဆန္ဒဖော်ထုတ်မှုများ၊ သံပုံးတီးခြင်း၊ ဖဲကြိုးနီလှုပ်ရှားမှု၊ CDM လှုပ်ရှားမှု အစရှိသည့် အကြမ်းမဖက်သော လှုပ်ရှားမှုများဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။ စစ်အာဏာသိမ်းပြီးနောက် (၂၂) ရက်အကြာ ဖေဖော်ဝါရီလ ၂၂ ရက်တွင် “၂၂၂၂၂” လူထုသပိတ်ကြီးကို ဆင်နွှဲခဲ့ပြီး နိုင်ငံတစ်ဝှမ်း လူ သန်းနဲ့ချီပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။

    CSTMKSCM
  • စစ်အုပ်စု၏ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်း ဟန့်တားပေးရေး မြောက်ပိုင်းသုံးဖွဲ့ တောင်းဆို

    အကြမ်းဖက်စစ်အုပ်စုက စစ်ရေးနှင့် တိုက်ပွဲဇုန် မဟုတ်သည့် ဒေသများတွင် လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားများအား ပစ်မှတ်ထားသည့် ကြီးလေးသော ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိရာ အိမ်နီးချင်း တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးက ဝိုင်းဝန်းတားဆီး ဟန်တားပေးရန် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က သြဂုတ် ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

    PSLFMNTJP
  • ကယန်းအမျိုးသားတက္ကသိုလ်အား ဘာသာရပ်ခြောက်ခုဖြင့် စတင် ဖွင့်လှစ်

    အခြေခံမှ အဆင်မြှင့်ပညာရေးနှင့် နိုင်ငံတကာ ပညာရေးအား လက်လှမ်းမီစေရေးအတွက် ဘာသာရပ် ခြောက်ခုဖြင့် ကယန်းအမျိုးသားတက္ကသိုလ်(Kayan National University - KyNU) အား သြဂုတ် ၆ ရက်တွင် စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကယန်းအမျိုးသား ပညာရေးကော်မတီ (KNEC) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်လိုက်သည်။

  • အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

    အကြမ်းဖက်စစ်အုပ်စု၏ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အထိုင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အား သြဂုတ် ၃ ရက် နေ့လယ်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်အတည်ပြုထားသည်ဟု သတင်းမီဒီယာများက ဖော်ပြကြသည်။

    PSLFPLA
  • NUG အိန္ဒိယရုံးကိုယ်စားလှယ်အား ရာထူးမှ ထုတ်ပယ်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်အား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့်ပတ်သက်၍ တိုင်ကြားခံရပြီးနောက် သြဂုတ် ၁ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးဌာနက သြဂုတ် ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NUG
  • မိုးမိတ်အား တတိယမြောက်မြို့အဖြစ် PSLF/TNLA အလုံးစုံ သိမ်းပိုက်

    တအာင်းပြည် တပ်မဟာ (၃)နယ်မြေ မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စု စကခ (၂၁) (မပခ)၊ ခမရ – ၃၄၈၊ ခလရ ၂၂၃ နှင့် ၂၇၆ ဗျူဟာမှူးကြီး အခြေချကွပ်ကဲနေသည့် တပ်စခန်းအားလုံးအား ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းတွင် အလုံးစုံ သိမ်းပိုက်ကာ ထိန်းချုပ်ထားပြီဖြစ်ကြောင်း တအာင်းတပ်မတော်( PSLF/TNLA) က သြဂုတ် ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

    PSLF
  • ကန်ပက်လက်တွင် ဝန်ထမ်း ၈၈ ဦး CDM ပြုလုပ်

    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အတွင်း အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် လုပ်ကိုင်နေသည့် ဝန်ထမ်း အား၎င်းတို့ လုပ်ကိုင်နေသည့် ရုံးလုပ်ငန်းများအား ရပ်တန့်စွန့်ခွာရန် မေ ၉ ရက်က သတိပေးပြီးနောက် ဝန်ထမ်း ၈၈ ဦး CDM ပြုလုပ်လာကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်စာရင်းနှင့်တကွ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

  • ဂန့်ဂေါ - ပလဖ စစ်ကြောရေး၌ အရပ်သားသေဆုံးမှုအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာနေ ဦးဆန်းလွင်အား မူးယစ်ဆေး သံသယမှုဖြင့် မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးပြီးနောက် ညနေပိုင်းတွင် မိသားစုအား အလောင်းလာရောက်ထုတ်ယူခိုင်းမှုနှင့် ပတ်သက်၍ အသက်သေဆုံးသည်အထိ ရိုက်နှက်မှုနှင့် မိသားစုဝင်များအား အမှုကျေအေးရန် ကြိုးစားနေမှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုံချကြောင်း ဒေသအခြေပြု အရပ်ဘက် အဖွဲ့အစည်းနှင့် တော်လှန်ရေးအင်အားစုများက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NUG
  • ဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသည့်နည်းဖြင့် အဖြေရှာကြရန် "ဝ" သဘောထားထုတ်ပြန်

    ရှမ်းပြည်နယ် မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံအနှံ့ ပဋိပက္ခဖြစ်ပွားမှုများကြောင့် ပြည်သူ့အကျိုးစီးပွား ထိခိုက်မှု နလန်ပြန်ထူရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် ပြဿနာများအား တွေ့ဆုံဆွေးနွေးမှု အပါအဝင်ငြိမ်းချမ်းသော နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားစေလိုကြောင်း "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဗဟိုကော်မတီက ဇူလိုင် ၂၉ ရက်တွင် မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ထုတ်ပြန်လိုက်သည်။

    UWSP
  • နိုင်ငံခွဲထွက်ခြင်း သတင်းတုနှင့် ပတ်သက်၍ ညီနောင်သုံးဖွဲ့ ထုတ်ပြန်

    တရုတ်ဘာသာဖြင့် ရေးသားထားသည့် “တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံအသစ် ထူထောင်တော့မည်" ခေါင်းစဉ်အပြင် အခြားသော ခေါင်းစဉ်များဖြင့် မိမိတို့ အဖွဲ့အစည်းတံဆိပ်များသုံးကာ ၁၀ စောင်ထက်မနည်းသော သတင်းတုများအား လူမှုကွန်ရက်များပေါ်၌ ထုတ်ပြန်ခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဖွဲ့အစည်းအပေါ် တိုက်ခိုက်သူများအား ရှာဖွေဖော်ထုတ်၍ ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

    PSLFMNTJP
  • အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် မြန်မာအား တွန်းအားပေးမည်ဟု တရုတ် ပြောဆို

    စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့် မြန်မာပြည်မြောက်ပိုင်း တိုက်ပွဲများနှင့် ပတ်သက်၍ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား အရှိန်အဟုန်ဖြင့် ထိန်းသိမ်းထားရန် တွန်းအားပေးသွားမည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး MaoNing က ဇူလိုင်၂၅ ရက်တွင် ပြုလုပ်သည့် နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောဆိုသွားသည်။

  • မြို့သိမ်းပြီးနောက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီအား MNDAA ဖွဲ့စည်း

    အကြမ်းဖက်စစ်အုပ်စု အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အထိုင် လားရှိုးမြို့အား ၂၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် လုံးဝလွတ်မြောက်သွားပြီဖြစ်ကာ မြို့အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးအတွက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်ရေးကော်မတီအား ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

    MNTJP
  • မိုးဗြဲရေကာတာ ဖောက်ချမှု တမင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း IEC သတိပေး

    အကြမ်းဖက်စစ်အုပ်စု၏မိုးဗြဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၂) တပ်က ဇူလိုင် ၂၅ ရက် နံနက်အစောပိုင်းတွင် မိုးဗြဲရေကာတာ ရေတံခါးအား အဆင်ခြင်မဲ့ ဖွင့်ချလိုက်ခြင်းသည် ဒေသခံတောင်သူများနှင့် ပြည်သူများ အတိဒုက္ခရောက်စေရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး ရေကြီးမှုအန္တရာယ်အား သတိပြုကြရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အရေးပေါ်ကြေညာချက် ၁/၂၀၂၄ ဖြင့် ထုတ်ပြန်လိုက်သည်။

    KSCC
  • မိုးကုတ်နှင့် လားရှိုး ရမခတိုင်းစစ်ဌာနချုပ်အား တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

    မန္တလေးတိုင်း၊ မိုးကုတ်မြို့အား တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်- မန္တလေး(MDY- PDF) ပူးပေါင်းတပ်ဖွဲ့များကဇူလိုင် ၂၄ ရက်တွင် အပြီးသတ်သိမ်းယူနိုင်ပြီဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်တွင် MDYPDF က ထုတ်ပြန်လိုက်သည်။

    PSLFMNTJP
  • လက်နက်ချ စစ်သား ၃၁၇ ဦး MNDAA နှင့် ပူးပေါင်းကာ ပြန်တိုက်မည်

    လားရှိုးတွင် အကြမ်းဖက်စစ်အုပ်စုဘက်မှ ဒုတိယဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်သည့် တပ်သား ၃၁၇ ဦးဇူလိုင် ၂၁ ရက်က လက်နက်ချ အလင်းဝင်ကာ အာဏာသိမ်းစစ်တပ်အား တိုက်ထုတ်ရန်အတွက် မဟာမိတ်အဖွဲ့များ၌ ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

    MNTJP
  • စဉ့်ကူးမြို့နယ်အား Mandalay PDF အပြီးတိုင် သိမ်းပိုက်၊ ထိန်းချုပ်

    မန္တလေးတိုင်း ၊စဉ့်ကူးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု စခန်းများအားလုံးနှင့် မြို့နယ်အား ဇူလိုင် ၁၇ ရက်တွင် အပြီးသတ် သိမ်းပိုက်၊ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) စစ်ဦးစီးအဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NUG
  • ကံဆောင်သံဃာသပိတ်အား ဝန်းရံအားဖြည့်ရန် NUCC နှိုးဆော်

    နိုင်ငံ့ဒေသအချို့တွင် သံဃာတော်များက ၁၉၉၀၊ ၂၀၀၇ ခုနှစ်များကဲ့သို့ အကြမ်းဖက်စစ်အုပ်စုအား ဦးတည်၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်အားရဲဝံ့စွာ ဆင်နွှဲနေပြီ ဖြစ်ကာ ပြည်သူများအနေဖြင့် လူထုလှုပ်ရှားမှုအားဖြင့် ဝန်းရံတိုက်ပွဲဝင်ပေးကြရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဇူလိုင်၁၉ ရက် အာဇာနည်နေ့တွင် တိုက်တွန်းလိုက်သည်။

    NUCC