သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
မွန်လူငယ် (၁၁) ဖွဲ့၏ နိုင်ငံရေးဘုံသဘောတူညီချက် ထုတ်ပြန်
နွေဦးတော်လှန်ရေး၌ ပါဝင်နေကြသည့် မွန်လူငယ်များ၏ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအား စက်တင်ဘာလအတွင်းက ပြုလုပ်ပြီးနောက် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဘုံရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အချက်လေးချက်ပါ ဘုံသဘောတူညီချက်အား စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရန်ကုန်သပိတ်အဖွဲ့ဝင်လေးဦး ဖမ်းဆီးခံရ
ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် သပိတ်အင်အားစုအဖွဲ့ဝင် လေးဦး ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) က စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
ပြည်နယ်/လူမျိုးကောင်စီများ ပြည်ထောင်စုတည်ဆောက်ရေး သဘောထား
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) နှင့် ပတ်သက်သည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ သဘောထားအား ပြည်နယ်အခြေပြု တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီရှစ်ခု၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
MNDAA ၏ နိုင်ငံတော်ဆိုင်ရာ ရပ်တည်ချက် ထုတ်ပြန်
စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟူသည့် နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်ဘဲ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာ လုယူခြင်း၊ လွတ်လပ်ရေး ရယူပြီး နိုင်ငံတော်သစ် ထူထောင်ခြင်းများကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)(ကိုးကန့်) စစ်ရေးကော်မတီက"လတ်တလော နိုင်ငံတော်အခြေအနေနှင့် ပတ်သက်၍ ရပ်တည်ချက်ထုတ်ပြန်ခြင်း" အမည်ဖြင့် စက်တင်ဘာ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ABSDF နှင့် NUG တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ထိုး
အပြန်အလှန်ကြား နားလည်မှု၊ နိုင်ငံရေးဂုဏ်သိက္ခာ အပြန်အလှန် အသိအမှတ်ပြုမှုကို အခြေခံ၍ အတူတကွ လက်တွဲတိုက်ပွဲဝင် ပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်၍ စက်တင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုလက်မှတ်ရေးထိုးထားသည်။
ကော်သူးလေကျောင်းများ ဘေးကင်းမှုဆိုင်ရာ ကြေညာစာတမ်း KNU ထုတ်ပြန်
ကော်သူးလေဒေသအတွင်းရှိ ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ကို အသိအမှတ်ပြုကာ ကျောင်းသား/သူ၊ ဆရာများနှင့် ကျောင်းများ ဘေးကင်းစိတ်ချလုံခြုံရေးနှင့် ကျန်းမာရေးအတွက် "ကော်သူးလေတွင်းရှိကျောင်းများ ဘေးကင်းမှုဆိုင်ရာ ကြေညာစာတမ်း" အား ကရင်အမျိုးသားအစည်းအရုံး(KNU) က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
AA စစ်သုံ့ပန်းစခန်းနှစ်ခု တိုက်ခိုက်ခံရမှု ၆၇ ဦးကျော် သေဆုံး
အာရက္ခတပ်တော် (AA) က စစ်သုံ့ပန်းများအား ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာနှင့် မောင်တောမြို့နယ်၊ လေးမိုင်(နခခ– ၂) စခန်းတို့အား အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းနှင့် အရပ်သားအကျဉ်းသား ၆၇ ဦးကျော် သေဆုံးခဲ့သည်။
သံတွဲရှိ မောင်ရွှေလေးရေတပ်စခန်းအား AA သိမ်းပိုက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းဟု လူသိများသည့် ရေတပ် ပင်မရေငုပ်နှင့် ဆယ်ယူရေးစခန်း (Central NavalDiving and Salvage Deport – CNDSD) စခန်းအား စက်တင်ဘာ ၅ ရက် ညပိုင်းတွင် အပြီးသတ် သိမ်းယူနိုင်ပြီးဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်သည်။
နမ့်ခမ်းလေကြောင်းတိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချကြောင်း ရန်ကုန်သျှမ်းလူငယ်များအသင်း ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ထုန်းမောင်းဒေသ၊ နမ့်ခမ်းမြို့တွင် အကြမ်းဖက်စစ်အုပ်စုဘက်က အရပ်သားများအား ပစ်မှတ်ထား၍ လူနေရပ်ကွက်အတွင်း ဖျက်အားပြင်းဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့်ကလေးသူငယ် ကိုးဦးထက်မနည်း သေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ဆန့်ကျင် ရှုတ်ချကန့်ကွက်ကြောင်း ရန်ကုန်သျှမ်းလူငယ်များ (Tai Youth Yangon) က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကဏ္ဍလေးရပ် တရားဥပဒေစိုးမိုးရေးစီမံချက်အား IEC ထုတ်ပြန်
ကရင်နီပြည်နယ်အတွင်း လူမှုဘဝ လုံခြုံကာ မျှတစွာ ရှင်သန်ရပ်တည်ခွင့်ရှိစေရေးအတွက် မူးယစ်ဆေး၊ တော်လှန်ရေးနှင့် လူမှုကျင့်ဝတ် မညီသောလုပ်ငန်းများ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု၊ မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း စသည့် ကဏ္ဍလေးခုအား ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေးစီမံချက် ချမှတ်၍ တားမြစ်သွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကြေညာချက်အမှတ် (၃/၂၀၂၄) ဖြင့် စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
CDF ကန်ပက်လက်အား တပ်ဖွဲ့စည်းပုံပြောင်း အရှိန်မြှင့်မည်
ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF – Kanpetlet) အား ပိုမိုစနစ်ကျရေးအတွက် တပ်ဖွဲ့စည်းပုံအား စစ်ဦးစီးချုပ်စနစ်ဖြင့် ပြောင်းလဲဖွဲ့စည်းကာ တော်လှန်ရေးအရှိန်အဟုန် မြှင့်တင်သွားမည် ဖြစ်ကြောင်း တတိယအကြိမ် ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာညီလာခံက စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
လူသားဒိုင်းလုပ်မှုအား ဆန့်ကျင်ကြရန် NUG တိုက်တွန်း
အကြမ်းဖက်စစ်အုပ်စုက စစ်မှု မထမ်းမနေရ ဥပဒေပြဌာန်းခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းကာ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်းများကိုပါ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းမှာ တိုင်းပြည်နှင့် ပြည်သူတစ်ရပ်လုံးအား လူသားဒိုင်းသဖွယ် အသုံးပြုရန်ကြိုးပမ်းခြင်းသာ ဖြစ်ပြီး နည်းလမ်းပေါင်းစုံဖြင့် ပြတ်သားစွာ ခုခံတော်လှန်၊ ဆန့်ကျင်ရန် တိုက်တွန်းနှိုးဆော်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောထားအား စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ထုတ်ပြန်
စစ်ကိုင်းတိုင်း(ဖက်ဒရယ်ယူနစ်) အတွင်း နိုင်ငံ့အခြေအနေများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စွာ ရပ်တည်၊ လည်ပတ်နိုင်ရေး၌ စိန်ခေါ်မှုများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသည့် အကြမ်းဖက်စစ်အုပ်စုနှင့် အကျိုးတူပူးပေါင်းနေခြင်းအား ရပ်တန့်ကာ စစ်ကိုင်းပြည်သူ့ဆန္ဒနှင့် အကျိုးစီးပွားကိုသာ အလေးထား၊ လက်တွဲလုပ်ကိုင်စေလိုကြောင်း စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့က သြဂုတ် ၃၁ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။
TNLA အား တရုတ်ခြိမ်းခြောက်စာပို့မှုအား လက်မခံဟု NUCC ထုတ်ပြန်
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တိုက်ပွဲများ ဖော်ဆောင်မှုအား ရပ်ဆိုင်းရန် တရုတ်နိုင်ငံ ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ခြိမ်းခြောက်စာပေးပို့ခဲ့မှုမှာ TNLA နှင့် မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပြစွာ ခြိမ်းခြောက်စော်ကားမှုဖြစ်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရှမ်းမြောက်တိုက်ပွဲရပ်ရန် PSLF/TNLA ကို တရုတ် ဖိအားပေး
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) အနေဖြင့် တိုက်ပွဲများအား ချက်ချင်းရပ်တန့်ရန်နှင့် မရပ်တန့်ပါက ရပ်တန့်ရေးအတွက် နည်းလမ်းများ ပိုမို လုပ်ဆောင်မည်ဖြစ်ကာ ဖြစ်ပေါ်သည့် အကျိုးဆက်များအားလုံးကိုလည်း ကိုယ်တိုင် တာဝန်ယူရမည်ဟု သြဂုတ် ၂၉ ရက်တွင် ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက "စစ်ရေးလေ့ကျင့်မှုအကြောင်းကြားကြော်ငြာချက်" ၌ ဖော်ပြထားသည်။
ဗဟိုဦးဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးတာဝန်ခံ လုပ်ကြံခံရမှု YRF သဘောထားထုတ်ပြန်
ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့ (Yadanarbon Revolutionary Force – YRF) ဗဟိုဦးဆောင်အဖွဲ့ဝင်၊ ဘဏ္ဍာရေးဌာန တာဝန်ခံ ရဲဘော်သန်းထိုက် (ခ) ညီညီမှာ သြဂုတ် ၂၇ ရက် ညပိုင်းက လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုအတွက် အမှုမှန်ပေါ်ရေး၊ တရားမျှတမှုရရှိရေးအတွက် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီပေးကြရန် YRT က သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရန်ကုန်တိုင်း ပကဖတပ်ဖွဲ့ (၁) အား မြို့နယ်လေးခု ထပ်ပေါင်း ဖွဲ့စည်း
ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အချို့ဖြင့် စုဖွဲ့ထားသည့် ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့ (၁) အား ခရမ်း၊ သုံးခွ၊ ကျောက်တန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ တော်လှန်ရေးရဲဘော်အချို့အား ပူးပေါင်းပါဝင် စုစည်း၍ ပြင်ဆင်ဖွဲ့စည်းကြောင်း သြဂုတ် ၂၅ ရက်တွင် တပ်ဖွဲ့တာဝန်ခံ အမည်ဖြင့် ထုတ်ပြန်ထားသည်။
တအာင်းပြည် ကျန်းမာရေးကောင်စီ ဖွဲ့စည်း
တအောင်းပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အဓိကထား လုပ်ဆောင်ရန်အတွက် "တအာင်းပြည်ကျန်းမာရေးကောင်စီ- Ta’angland Health Council (THC)" ကို ဖွဲ့စည်းပြီဖြစ်ကြောင်း သြဂုတ် ၂၅ ရက်တွင် ထုတ်ပြန်သည်။
ကရင်နီပြည်နယ် ကြားကာလလွှတ်တော် တစ်နှစ်ပြည့် အစီရင်ခံစာ
ကြားကာလ ဥပဒေပြုရေးကော်မတီအား ကရင်နီပြည်နယ် ကြားကာလလွှတ်တော် (Karenni State InterimParliament - KSPI) အဖြစ် ပြောင်းလဲရပ်တည် လည်ပတ်မှု တစ်နှစ်ပြည့်အစီရင်ခံစာအား သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ် PSLF/TNLA ဖွင့်လှစ်
တအာင်းပြည်နယ်အတွင်း ပြည်သူလူထုအား အရည်အသွေးပြည့်မှီ၍ စိတ်ချလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ရည်ရွယ်၍ လူသားအရင်းအမြစ် မွေးထုတ်ပေးရန်အတွက် မန္တလေး ကျန်းမာရေးမိသားစု (Medical Family Mandalay –MFM) နှင့် ပူးပေါင်း၍ တအာင်း သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်အား ဖွင့်လှစ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) က သြဂုတ် ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာအင်အားစုများကြား စည်းလုံးရေး တည်ဆောက်ရန် အမေရိကန် တိုက်တွန်း
မြန်မာပြည်သူများ ဆန္ဒကို လေးစားသည့် အရပ်ဘက် အုပ်ချုပ်ရေးစနစ် အသွင်ကူးပြောင်းရေးကို အားပေးကာ ဒီမိုကရေစီလိုလားသူများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်ရန် လိုလားကြောင်း မြန်မာ့နိုင်ငံရေး အင်အားစုနှင့် တိုင်းရင်းသားအင်အားစု ခေါင်းဆောင်များအား တွေ့ဆုံစဉ် အမေရိကန်အစိုးရဘက်က တိုက်တွန်းလိုက်သည်။
မွန်ပြည်အစိုးရ တည်ထောင်မည်ဟု ရာမညဖက်ဒရယ်အင်အားစု ထုတ်ပြန်
မွန်ပြည် ကိုယ်စားပြု တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုများ အားလုံး နိုင်ငံရေးနှင့် စစ်ရေး၌ ပူးပေါင်းဆောင်ရွက်ကာ ဗဟာဗျူဟာကျ လှုပ်ရှား၍ မွန်ပြည်အစိုးရ တည်ထောင်မည်ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်တွင် ကျရောက်သည့် မွန်တော်လှန်ရေး (၇၇) နှစ်မြောက် အထိမ်းအမှတ် ထုတ်ပြန်ချက်မှ တဆင့် ရာမညဖက်ဒရယ်အင်အားစုသစ် (New Rehmonnya Federated Force- NRFF) က ထုတ်ပြန်ကြေညာလိုက်သည်။
လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေ သုံးသပ်ချက် NUCC ထုတ်ပြန်
နိုင်ငံအတွင်း ဖြစ်တည်နေသည့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် သုံးသပ်မှုနှင့်အတူ ဒုတိယမြောက် ပြည်သူ့ညီလာခံက ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် (၃) ရပ်၊ အကြံပြု တိုက်တွန်းချက် (၂၁) ရပ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ကျွန်အုပ်ချုပ်မှု အံတုရေး လှုပ်ရှားမှု ရန်ကုန်သပိတ်အင်အားစု စတင်
ဘက်ပေါင်းစုံ ကျဆုံးနေသည့် အကြမ်းဖက်စစ်အုပ်စုအတွက် မြို့ပြများအား ဆက်လက်ထိန်းချုပ်နိုင်ရေးတွင် ရပ်/ကျေးအုပ်ချုပ်ရေး ယန္တရားများမှာ အဓိကထောက်တိုင်ဖြစ်ပြီး မိမိရပ်ရွာများအတွင်းရှိ အနိုင်ကျင့် ဖိနှိပ်နေသည့် အုပ်ချုပ်ရေးမှူးများအား ရပ်ရွာလူထုကိုယ်တိုင် ပြင်းပြင်းထန်ထန် ဆန့်ကျင်အာခံကြရန် "စစ်ကျွန်အုပ်ချုပ်မှု အံတုရေး လှုပ်ရှားမှု" အားစတင်ကြောင်း ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲများက သြဂုတ် ၁၆ ရက်တွင် ကြေညာလိုက်သည်။