သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
မြန်မာအလုပ်သမားကိုယ်စားလှယ်အား ILO အုပ်ချုပ်မှုအဖွဲ့၌ ထပ်မံရွေးချယ်
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင်နှင့် မြန်မာအလုပ်သမား တပ်ပေါင်းစု (MLA) ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ အုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) ၌ ထပ်မံ ရွေးချယ်လိုက်သည်။
တအာင်းအရပ်ဖက်အဖွဲ့အစည်းများအား ပုံစံသစ်ဖြင့် ပြန်လည်စုဖွဲ့
တအာင်းပြည်၊ ကွတ်ခိုင်မြို့တွင် ဇွန် ၆ ရက်မှ ၈ ရက်အထိ တအာင်း အရပ်ဖက်အဖွဲ့အစည်းငါးဖွဲ့က ဦးဆောင်ကာ တအာန်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ -TPCC၊ တအာင်းပြည် ပညာရေးကောင်စီ-TLEC၊ တအာင်းသဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့-TEWG၊ တအာင်းမီဒီယာသတင်းဌာနတို့၏ ခေါင်းဆောင်များနှင့် လူငယ်ကိုယ်စားလှယ်များအပါအဝင် တက်ရောက်သူ ၆၄ ဦးပါဝင်သည့် ဆွေးနွေးပွဲပြုလုပ်ကာ အဖွဲ့အစည်းများအား ပုံစံသစ်ဖြင့် ပြန်လည်စုဖွဲ့ကြောင်း ၁/၂၀၂၄ထုတ်ပြန်ချက်ဖြင့် ကြေညာလိုက်သည်။
သျှမ်းကျောင်းသား သမဂ္ဂမှ တင်သွင်းသည့် မူဝါဒ အကြံပြုစာတမ်း ထုတ်ပြန်
၂၀၂၃ ခုနှစ်၊ မေလ ၁၃-၁၅ ရက်အတွင်း ကျင်းပခဲ့သော ပထမအကြိမ် သျှမ်းလူငယ်ညီလာခံတွင် သျှမ်းကျောင်းသား သမဂ္ဂမှ တင်သွင်းသည့် မူဝါဒ အကြံပြုစာတမ်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။ အဆိုပါ မူဝါဒ အကြံပြုစာတမ်းတွင် အဖွဲ့အစည်းမိတ်ဆက်၊ နောက်ခံ အကြောင်းအရာ၊ ပညာရေး၊ နိုင်ငံရေး၊ တော်လှန်ရေးနှင့် ပတ်သက်သော အကြံပြုလိုသော မူဝါဒများနှင့် အဆိုပြုချက်များပါဝင်သော အခန်းကဏ္ဍများ၊ သီးခြားအကြံပြုချက်များနှင့် အနှစ်ချုပ်တို့ ပါဝင်သည်။
စစ်တွေ၊ ဗျိုင်းဖြူရွာ အစုအပြုံလိုက် သတ်ခံရမှု NUG နှင့် AASYC ထုတ်ပြန်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆက်ရိုးကျရပ်ကွက် (ဗျိုင်းဖြူရွာ) တွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေ ဒကစ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက မေ ၂၉ ရက်တွင် အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီးနောက်အမျိုးသား ၄၈ ဦး၊ အမျိုးသမီးငါးဦး၊ စုစုပေါင်း ၅၃ ဦးအားရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် ပြည်တွင်း၊ ပြည်ပရှိ အင်အားစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC) က ဇွန် ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ကိုင်းဖိုရမ် တစ်နှစ်ပြည့် လူထုသို့ အစီရင်ခံစာ
တိုင်းအဆင့် စုဖွဲ့မှုတစ်ခု ပေါ်ပေါက်ရေးကို ဦးတည်သည့် စစ်ကိုင်းဖိုရမ်၏ တစ်နှစ်ပြည့် လူထုသို့အစီရင်ခံစာအား ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ဇွန် ၂ ရက်တွင် ထုတ်ပြန်ခဲ့ရာ နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ လူမျိုးစုရေး၊ စစ်ရှောင်ပြည်သူအရေးများနှင့် ပတ်သက်သည့် ရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကိုပါ ဖော်ပြထားသည်။
လုပ်ငန်းများ ခွင့်ပြုချက် ပြန်မယူပါက ပြည်သူပိုင်သိမ်းမည်ဟု PSLF/TNLA ထုတ်ပြန်
တအာင်းပြည်ရှိ ပြည်သူများ ရေရှည်အကျိုးစီးပွားတိုးတက်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေးအတွက် ယခင်အစိုးရအဆက်ဆက်က ထုတ်ပေးထားသည့် ခွင့်ပြုမိန့်၊ လိုင်စင်၊ အမိန့်စာများဖြင့် လည်ပတ်နေသည့် ပြည်နယ်တွင်း သတ္တုလုပ်ငန်း၊ အခြားပုဂ္ဂလိကလုပ်ငန်းများအား အသိအမှတ်မပြုကြောင်းနှင့် ဆက်လက်လုပ်ကိုင်လိုပါက နိုဝင်ဘာ ၃၀ ရက်မတိုင်မီ ရယူလျှောက်ထားကြရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အထွေထွေအုပ်ချုပ်ရေးဌာန (ရုံးချုပ်) ကမေ ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
နယ်မြေအငြင်းပွားမှုပြဿနာအတွက် SSPP/SSA သဘောထား ထုတ်ပြန်
ဒေသတွင်း ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ မလိုလားအပ်သည့် စစ်ရေးအရ ဖြေရှင်းမှုများကို ဖိတ်ခေါ်ရာ ရောက်သည့်ကိစ္စရပ်များအား မလုပ်ရန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုလက်ကိုင်ထားကာ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဖြေရှင်းရေးကို ပထမဦးစားပေးနည်းလမ်းအဖြစ် ကိုင်စွဲထားဆဲဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က မေ ၃၁ ရက်တွင် သဘောထား ထုတ်ပြန်သည်။
ပြည်သူအခြေပြု နိုင်ငံရေး၊ တော်လှန်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဟု စစ်ကိုင်းဖိုရမ် ထုတ်ပြန်
တော်လှန်သော အင်အားစုများဖြင့် စစ်ကိုင်းဒေသတော်လှန်ရေး ရှေ့ခြေတစ်လှမ်း တက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ပါ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှရေး အခွင့်အလမ်းများ စစ်ကိုင်းတိုင်းသားများရရှိရေး၊ တိုင်းအတွင်း နိုင်ငံရေးအစုအဖွဲ့တစ်ရပ် ပေါ်ပေါက်ရေး ဦးတည်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့် ဖိုရမ်တစ်နှစ်ပြည့်အဖြစ် လုပ်ဆောင်နိုင်ခဲ့သောလုပ်ငန်းစဉ် သုံးရပ်အား စစ်ကိုင်ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မြေရှားသတ္တုနှင့် ဆက်စပ်မှုများ လုပ်ကိုင်ခွင့် မပြုကြောင်း PSLF/TNLA ထုတ်ပြန်
တအောင်းပြည်နယ်အတွင်း မြေရှားသတ္တုလုပ်ငန်း တူးဖော်လုပ်ကိုင်ခြင်း၊ စမ်းသပ်ရှာဖွေ တိုင်းတာခြင်း၊ အသေးစားထုတ်လုပ်ခြင်းနှင့် အကြီးစားထုတ်လုပ်ခြင်းများကို မည်သည့်လုပ်ငန်းရှင် တစ်ဦးတစ်ယောက်ကိုမျှ လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုမည် မဟုတ်ဘဲ လုပ်ကိုင်ဆောင်ရွက်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) စီးပွားရေးဌာနက မေ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
အုပ်ချုပ်ရေးကော်မတီသစ်အား မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း
မွန်ပြည် (နယ်) တွင် အာဏာသုံးရပ် ကျင့်သုံးရေးအတွက် ကောင်စီ ဒုတိယအကြိမ်ညီလာခံအပြီးတွင် အုပ်ချုပ်ရေးကော်မတီအား ကော်မတီ ဥက္ကဌ၊ ဌာနမှူးကြီးကိုးဦး၊ စုစုပေါင်း ၁၀ ဦးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်းမေ ၂၇ ရက်တွင် အမိန့်ထုတ်ပြန်ချက် ၁/၂၀၂၄ ဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MNFC) က ထုတ်ပြန်လိုက်သည်။
IEC အား ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုဟု ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်
ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အား ပြည်နယ် ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုကြောင်း၊ ပြည်နယ်လူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားကဏ္ဍများ၌ IEC နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းများ ဆွေးနွေးဖော်ထုတ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လူထုအရေးကိစ္စ ဆောင်ရွက်ရာ၌ ပြည်တွင်းနယ်စပ်ရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် ကရင်နီအင်အားစုများအကြား ဆက်စပ်ဆောင်ရွက်မှုနှင့် အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ကိုင်မည်ဖြစ်ကြောင်း ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ၏ရပ်တည်ချက်သဘောထားအား မေ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဘူးသီးတောင်ဖြစ်စဉ်နှင့် ပတ်သက်သည့် ULA/AA ၏ ထုတ်ပြန်ချက်
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်အုပ်စုက လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်ဖြစ်ပွားစေရန် အရှိန်အဟုန်မြှင့်၍ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေသည့်အတွက် ၎င်းတို့အား ဆန့်ကျင်ရှုံချကာ နိုင်ငံတကာနှင့်အတူ လက်တွဲကာ လက်တွဲလုပ်ဆောင်ရသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း မတ် ၂၀ရက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ကမ်းလှမ်း ထုတ်ပြန်လိုက်သည်။
ပြည်နယ်တွင်း နေထိုင်ဆဲ Non-CDM များအား တာဝန်မှ ရပ်ဆိုင်းကြောင်း PSLF ထုတ်ပြန်
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ထိန်းချုပ်ထားသည့် နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့များ အပါအဝင် တအာင်းပြည်အတွင်း စစ်အုပ်စုလက်အောက်၌ ပုံစံအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော Non-CDM ဝန်ထမ်းအားလုံးအား လက်ရှိအချိန်မှစ၍ မည်သည့်တာဝန်မှ မရှိတော့ဘဲ လုပ်ငန်းတာဝန်များအားလုံး ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မေ ၁၅ ရက်တွင် PSLF က ထုတ်ပြန်လိုက်သည်။
EAOs ကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်လွှတ်တော် နိုင်ငံခြားရေးဆိုင်ရာ ဒုဝန်ကြီး မြန်မာအရေး ဆွေးနွေး
ဂျပန်အစိုးရအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ကာ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရေးနည်းလမ်း ရှာဖွေ ကြိုးပမ်းရန် ဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် (EAOs) ကိုယ်စားလှယ်အဖွဲ့နှင့် ဂျပန်လွှတ်တော် နိုင်ငံခြားရေးဆိုင်ရာ ဒုတိယဝန်ကြီး မစ္စတာ ကူမာရာမာဆာဟီရို (Mr. KUMURA Masahiro) တို့ မတ် ၁၄ ရက်က တွေ့ဆုံခဲ့ကြောင်း ဂျပန် နိုင်ငံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ မဲ့ဝါးကလိုးကြေညာစာတမ်းအား KNU ထုတ်ပြန်
ကရင်အမျိုးသား အစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေအတွင်း ကျင့်သုံးမည့် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး လက်စွဲဆိုင်ရာ "မဲ့ဝါးကလိုးကြေညာစာတမ်း" အား မြို့နယ် ၂၇ မြို့နယ်မှ မြို့နယ်ဥက္ကဌနှင့်မြို့နယ်ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာ ကတိကဝတ်ပြုပြီးနောက် မေ ၁၂ ရက်တွင် KNU ဗဟိုဌာနချုပ်က ထုတ်ပြန်လိုက်သည်။
ပြစ်ဒဏ်ကျ လွိုင်ကော်ပါချုပ်နှင့် လေးဦးအား IEC လွတ်ငြိမ်းခွင့်ပေး
မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ်ကိုးသိန်းစီ ပြစ်ဒဏ်ချမှတ်ခံထားရသည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးခင်အောင်မြင့်၊ ဒုတိယပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် ငါးဦးအား လွတ်ငြိမ်းခွင့်နှင့် ကြီးကြပ်ရေးဘုတ်အဖွဲ့ တင်ပြမှု၊ လူသားချင်း စာနာထောက်ထားမှုကို ဦတည်၍ မေ ၈ ရက်တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မေ ၉ ရက်တွင် အမိန့်အမှတ် ၀၉/၂၀၂၄ဖြင့် ထုတ်ပြန်လိုက်သည်။
မကွေး ကြားကာလအစီအမံရေးဆွဲရေး ကော်မရှင်အား အစုအဖွဲ့ ခုနစ်ခုဖြင့် ဖွဲ့စည်း
မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင်အား ဧပြီ ၁ ရက် ဖက်ဒရယ်ယူနစ်လွှတ်တော် အစည်းအဝေး၊ ဧပြီ ၃၀ ရက် ယူနစ်လွှတ်တော် တတိယအထူးအစည်းအဝေးခေါ်ယူခဲ့ပြီးနောက် နွေဦးတော်လှန်ရေး၌ ပါဝင်နေကြသော ယူနစ်အတွင်းရှိ အစုအဖွဲ့ခုနစ်ခုမှ တစ်စုလျှင် ကိုးဦးနှုန်းဖြင့် “မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကော်မရှင်”အား ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဧပြီ ၃၀ ရက် ရက်စွဲဖြင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ထားသည်။
ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ သုံးသန်းအထိ တိုးလာကြောင်း ကုလရုံး (မြန်မာ) ထုတ်ပြန်
မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေသည့် ပြင်းထန်သော ပဋိပက္ခများအတွင်း အရပ်သား သုံးသန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေရကာ ယင်းမှာ ဆိုးရွားသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးမှူးရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ကုလသမဂ္ဂရုံး (မြန်မာ) ကမေ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ သဘောထားရပ်တည်ချက် NUG ထုတ်ပြန်
သတင်းမီဒီယာများ၏ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်၊ သတင်းရယူပိုင်ခွင့်၊ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်ဟု ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁)၊ပုဒ်မ (၄၂) တွင် ပြဌာန်းထားသည့် အခြေခံမူဝါဒနှင့်အညီ အချက် ရှစ်ချက်ပါသည့် "စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထားရပ်တည်ချက်" အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
NUG သုံးနှစ်ပြည့်အဖြစ် ကဏ္ဍခြောက်ရပ် အခြေအနေအား ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စတင်ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်အဖြစ် နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် လူထုဆက်ဆံရေးဆိုင်ရာ ကဏ္ဍခြောက်ရပ်နှင့် ပတ်သက်သည့်လုပ်ဆောင်နေမှု အခြေအနေများအား ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC ရေးဆွဲသည့် ပြည်နယ် ပဋိညာဉ်အား CRMHအတည်ပြု
မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် စံတန်ဖိုးများ ပါဝင်သော မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ (MSCC) က ရေးဆွဲသည့် မွန်ပြည်နယ်ပဋိညာဉ် (Mon State Charter) အားဧပြီ ၁၇ ရက်က ပြုလုပ်သည့်အစည်းအဝေး၌ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) က ထုတ်ပြန်လိုက်သည်။
စစ်အုပ်စု တရားဝင်မှုရစေမည့် ထိုင်းအစိုးရ ထုတ်ပြန်ချက်အား အဖွဲ့ ၃၀၀ ကျော်က ငြင်းပယ်
ထိုင်းအစိုးရက ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့၏ အမည်ရှေ့၌ "ယခင်"ဟု ထည့်သွင်းသုံးနှုန်းထားခြင်းသည် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုအား တရားဝင်မှုပေးသည့် အဓိပ္ပာယ်သက်ရောက်သည့်အတွက် ထိုင်း၊ မြန်မာနှင့် နိုင်ငံတကာမှ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၃၁၂ ဖွဲ့က ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးParnpree Bahiddha-Nukara အား လိပ်မူ၍ ဧပြီ ၂၁ ရက်က အိပ်ဖွင့်ပေးစာပို့ ကန့်ကွက်ထားသည်။
မြန်မာစစ်ရှောင်များအား ကူညီပေးရန် ထိုင်းအစိုးရအား NUG မေတ္တာရပ်ခံ
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့နှင့် အနီးတဝိုက်၌ တော်လှန်ရေးအင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စု အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်အုပ်စုဘက်မှ အရပ်သားများကိုပါပစ်မှတ်ထား တိုက်ခိုက်သည့်အတွက် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြရသော မြန်မာစစ်ရှောင်များ ပိုများလာမည် ဖြစ်သည့်အတွက် ကူညီထောက်ပံ့ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၂၁ ရက်တွင် ထိုင်းအစိုးရထံ မေတ္တာရပ်ခံစာပေးပို့ထားသည်။
ပသုံးလုံး၊ ပြည်သူ့စစ်မှုထမ်းနှင့် ၁၉၈၂ နိုင်ငံသားဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်သုံးရပ်အား ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ အတည်ပြုနိုင်ခဲ့
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဦးဆောင်၍ ဧပြီ ၄ ရက်မှ ၉ ရက်အတွင်း ငါးရက်တာ ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ ဒေသန္တရအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စ၊ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်သုံးရပ်အား အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ကြောင်း NUCC က ထုတ်ပြန်လိုက်သည်။