သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
လက်နက်ကိုင်တော်လှန်ရေး
နွေဦးတော်လှန်ရေးသည် စစ်အုပ်စုအာဏာသိမ်းမှုအား ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် ဖြိုခွဲပြီးနောက် လက်နက်ကိုင်တော်လှန်ရေးဘက်သို့ ရွေ့လာခဲ့သည်။ ဆန္ဒပြသူများအကြား မိမိအခွင့်အရေး မိမိရပိုင်ခွင့်၊ မိမိကိုယ်ကို ခုခံကာ ကွယ်ပိုင်ခွင့်၊ မိမိဒေသ မိမိ ကာကွယ်ရေးတို့အတွက် လက်နက်စွဲကိုင် တော်လှန်မှု အား ၂၀၂၁ ခုနှစ် မတ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။
Federal Wings နှင့် NUG ပူးပေါင်းမှု ရပ်ဆိုင်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) နှင့် ပူးပေါင်းဆောင်ရွက်မှုအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၆ ရက်မှစ၍ နှစ်ဖက် သဘောတူ ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
စစ်အုပ်စုခေါင်းဆောင်အား ICC ဖမ်းဝရမ်းလျှောက်ထားမှု၌ ပူးပေါင်းမည်ဟု NUG-K2C ထုတ်ပြန်
ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် ဖမ်းဝရမ်းထုတ်ရေး လျှောက်ထားမှု၌ ပူးပေါင်းသည့်အနေဖြင့် အစွမ်းကုန် အရှိန်မြှင့်ကြိုးပမ်း အားထုတ်မည်ဟု NUG-K2C က နိုဝင်ဘာ ၃၀ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
စုပေါင်းတော်လှန်ရေးအတွက် ထားဝယ်ခရိုင် တပ်ပေါင်းစု ဖွဲ့စည်း
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားမှုအောက်ရှိ ခရိုင်တပ်ရင်း ၁ နှင့် ၂၊ မြို့နယ်လေးခုရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ပူးပေါင်းကာ ခရိုင်တပ်ပေါင်းစုအဖြစ် အောက်တိုဘာ ၂၈ ရက်တွင် ဖွဲ့စည်းပြီး ဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
ထိန်းချုပ်မှုအား စွက်ဖက်နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ပေါက်ပကဖ ထုတ်ပြန်
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထိန်းချုပ်ထားသည့် ကျေးရွာများအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မဟုတ်သည့် သီးခြားလက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်နေထိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်ပါက ပြင်းထန်စွာ အရေးယူခြင်း၊ မြို့နယ်တွင်း နေထိုင်မှုအား ဖယ်ရှားသွားမည်ဟု ပေါက်မြို့နယ်- ပကဖ တာဝန်ခံအမည်ဖြင့် နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။
ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းခြင်းဥပဒေ အတည်ပြု
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ပေးပို့တင်သွင်းလာသည့် "ကရင်နီ တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ(မူကြမ်း)” အစီရင်ခံစာအား လွှတ်တော်အဆုံးအဖြတ်ဖြင့် ဥပဒေအဖြစ် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလလွှတ်တော် (Karenni State Interim Parliament) က နိုဝင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
တစ်လအတွင်း PDF နှင့် ပကဖ ခြောက်ဦးအား NUG အရေးယူ
ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် လက်အောက်ခံ တပ်ဖွဲ့များအား လိုအပ်သည့် ထိန်းကြောင်းမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ခြောက်ဦးအား အရေးယူ အပြစ်ပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အား စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းဟု အမည်ပြောင်း
စစ်ကိုင်းဖိုရမ်အင်အားစုများ အားလုံးတက်ရောက်သည့် စတုတ္ထအကြိမ်မြောက် ညီလာခံ၌ ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အား စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်း (Federationof Sagaing Forum) ဟု ပြောင်းလဲသတ်မှတ်ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်အသိပေးလိုက်သည်။
တတိယအကြိမ် ပြည်သူ့ညီလာခံမှာ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ
ပြည်သူ့ညီလာခံဟူသည်မှာ တော်လှန်ရေးကာလ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာရွက်စာတမ်းတစ်စောင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) က ဦးဆောင်ကျင်းပသည့် ညီလာခံတစ်ရပ် ဖြစ်သည်။ တော်လှန်ရေးကာလတလျောက် ပြည်သူ့ညီလာခံကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကာ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၉ ရက်အထိ ၅ ရက်တာ ကျင်းပခဲ့သည်။ ပဋိညာဉ်အရ ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ပြဌာန်းထားသော်လည်း (၂) နှစ်ကျော် ကြာပြီးမှသာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံတွင် ညီလာခံကို (၆) လ တစ်ကြိမ်ကျင်းပရန် ထပ်လောင်းအတည်ပြုထားသဖြင့် တတိယအကြိမ် ပြည်သူ့ညီလာခံကို မကြာမီ ကျင်းပလာနိုင်ဖွယ် ရှိသည်။
စစ်ကိုင်း ကြားကာလဖွဲ့စည်းပုံ မူကြမ်းအား လွှတ်တော်သို့ တင်သွင်း
စစ်ကိုင်းဒေသအတွင်းရှိ နိုင်ငံရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးကော်မရှင်က မူကြမ်းအား တိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်ကြောင်း လွှတ်တော်က အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
မဟာမိတ်စုဖွဲ့မှု တိုးမြှင့်မည်ဟု မကွေးအင်အားစု ထုတ်ပြန်
ကွန်ရက်တွင် မပါဝင်သေးသည့် ဒေသအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက် ချိတ်ဆက်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တော်လှန်အင်အားစု ၁၁ ဖွဲ့ ပါဝင်သည့် မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်က အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဟန်ပြဆွေးနွေးရေးအား ပြတ်သားစွာ ပယ်ချဟု NUCC၊ NUG ပူးတွဲထုတ်ပြန်
အကြမ်းဖက်စစ်အုပ်စု၏ "နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ခြင်း"မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များ သပ်လျှိုဖြိုခွဲရန်နှင့် နိုင်ငံတကာ အမြင်ကောင်းစေရန်အတွက် အားထုတ်မှုသာ ဖြစ်ပြီး ဟန်ပြသပ်သပ်သာ ဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ပယ်ချကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က အောက်တိုဘာ ၁ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။.
မွန်လူငယ် (၁၁) ဖွဲ့၏ နိုင်ငံရေးဘုံသဘောတူညီချက် ထုတ်ပြန်
နွေဦးတော်လှန်ရေး၌ ပါဝင်နေကြသည့် မွန်လူငယ်များ၏ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအား စက်တင်ဘာလအတွင်းက ပြုလုပ်ပြီးနောက် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဘုံရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အချက်လေးချက်ပါ ဘုံသဘောတူညီချက်အား စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ABSDF နှင့် NUG တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ထိုး
အပြန်အလှန်ကြား နားလည်မှု၊ နိုင်ငံရေးဂုဏ်သိက္ခာ အပြန်အလှန် အသိအမှတ်ပြုမှုကို အခြေခံ၍ အတူတကွ လက်တွဲတိုက်ပွဲဝင် ပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်၍ စက်တင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုလက်မှတ်ရေးထိုးထားသည်။
ကဏ္ဍလေးရပ် တရားဥပဒေစိုးမိုးရေးစီမံချက်အား IEC ထုတ်ပြန်
ကရင်နီပြည်နယ်အတွင်း လူမှုဘဝ လုံခြုံကာ မျှတစွာ ရှင်သန်ရပ်တည်ခွင့်ရှိစေရေးအတွက် မူးယစ်ဆေး၊ တော်လှန်ရေးနှင့် လူမှုကျင့်ဝတ် မညီသောလုပ်ငန်းများ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု၊ မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း စသည့် ကဏ္ဍလေးခုအား ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေးစီမံချက် ချမှတ်၍ တားမြစ်သွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကြေညာချက်အမှတ် (၃/၂၀၂၄) ဖြင့် စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
CDF ကန်ပက်လက်အား တပ်ဖွဲ့စည်းပုံပြောင်း အရှိန်မြှင့်မည်
ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF – Kanpetlet) အား ပိုမိုစနစ်ကျရေးအတွက် တပ်ဖွဲ့စည်းပုံအား စစ်ဦးစီးချုပ်စနစ်ဖြင့် ပြောင်းလဲဖွဲ့စည်းကာ တော်လှန်ရေးအရှိန်အဟုန် မြှင့်တင်သွားမည် ဖြစ်ကြောင်း တတိယအကြိမ် ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာညီလာခံက စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
လူသားဒိုင်းလုပ်မှုအား ဆန့်ကျင်ကြရန် NUG တိုက်တွန်း
အကြမ်းဖက်စစ်အုပ်စုက စစ်မှု မထမ်းမနေရ ဥပဒေပြဌာန်းခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းကာ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်းများကိုပါ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းမှာ တိုင်းပြည်နှင့် ပြည်သူတစ်ရပ်လုံးအား လူသားဒိုင်းသဖွယ် အသုံးပြုရန်ကြိုးပမ်းခြင်းသာ ဖြစ်ပြီး နည်းလမ်းပေါင်းစုံဖြင့် ပြတ်သားစွာ ခုခံတော်လှန်၊ ဆန့်ကျင်ရန် တိုက်တွန်းနှိုးဆော်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဗဟိုဦးဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးတာဝန်ခံ လုပ်ကြံခံရမှု YRF သဘောထားထုတ်ပြန်
ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့ (Yadanarbon Revolutionary Force – YRF) ဗဟိုဦးဆောင်အဖွဲ့ဝင်၊ ဘဏ္ဍာရေးဌာန တာဝန်ခံ ရဲဘော်သန်းထိုက် (ခ) ညီညီမှာ သြဂုတ် ၂၇ ရက် ညပိုင်းက လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုအတွက် အမှုမှန်ပေါ်ရေး၊ တရားမျှတမှုရရှိရေးအတွက် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီပေးကြရန် YRT က သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရန်ကုန်တိုင်း ပကဖတပ်ဖွဲ့ (၁) အား မြို့နယ်လေးခု ထပ်ပေါင်း ဖွဲ့စည်း
ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အချို့ဖြင့် စုဖွဲ့ထားသည့် ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့ (၁) အား ခရမ်း၊ သုံးခွ၊ ကျောက်တန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ တော်လှန်ရေးရဲဘော်အချို့အား ပူးပေါင်းပါဝင် စုစည်း၍ ပြင်ဆင်ဖွဲ့စည်းကြောင်း သြဂုတ် ၂၅ ရက်တွင် တပ်ဖွဲ့တာဝန်ခံ အမည်ဖြင့် ထုတ်ပြန်ထားသည်။
မွန်ပြည်အစိုးရ တည်ထောင်မည်ဟု ရာမညဖက်ဒရယ်အင်အားစု ထုတ်ပြန်
မွန်ပြည် ကိုယ်စားပြု တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုများ အားလုံး နိုင်ငံရေးနှင့် စစ်ရေး၌ ပူးပေါင်းဆောင်ရွက်ကာ ဗဟာဗျူဟာကျ လှုပ်ရှား၍ မွန်ပြည်အစိုးရ တည်ထောင်မည်ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်တွင် ကျရောက်သည့် မွန်တော်လှန်ရေး (၇၇) နှစ်မြောက် အထိမ်းအမှတ် ထုတ်ပြန်ချက်မှ တဆင့် ရာမညဖက်ဒရယ်အင်အားစုသစ် (New Rehmonnya Federated Force- NRFF) က ထုတ်ပြန်ကြေညာလိုက်သည်။
လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေ သုံးသပ်ချက် NUCC ထုတ်ပြန်
နိုင်ငံအတွင်း ဖြစ်တည်နေသည့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပေါ် သုံးသပ်မှုနှင့်အတူ ဒုတိယမြောက် ပြည်သူ့ညီလာခံက ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် (၃) ရပ်၊ အကြံပြု တိုက်တွန်းချက် (၂၁) ရပ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
တကောင်းမြို့ သိမ်းပြီးဖြစ်ကြောင်း NUG-MoD ထုတ်ပြန်
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်းမြို့အား အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း ကွပ်ကဲမှုဖြင့် သြဂုတ် ၁၁ ရက် နံနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ သြဂုတ် ၁၂ ညပိုင်းတွင်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) က သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျဆုံးခြင်း နေ့စွဲမှတ်တမ်း
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား နိုင်ငံအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများအား ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရေးအတွက် ၁၉၆၁ ခုနှစ်က တောင်ကြီးမြို့တွင် ဖွဲ့စည်းသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ၁၉၇၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ခွဲထုတ်ကာ လားရှိုးမြို့အခြေပြု ဖွဲ့စည်းထားသည်။ ၁၉၄၉ ခုနှစ်က မေမြို့ (ဝါ) ပြင်ဦးလွင်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း “ရမခ တိုင်းစစ်ဌာနချုပ်” သည် ၇၅ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ပထမဦးဆုံး ကျဆုံး လက်လွှတ်လိုက်သည့် တိုင်းစစ် ဌာနချုပ်အဖြစ် မှတ်တမ်းဝင်ထားသည်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) အား သြဂုတ် ၁၀ ရက်တွင် စတင်
မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်များ၌ "မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)”အား ခရိုင်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (LPDF) နှင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များ ပူးပေါင်း၍ သြဂုတ် ၁၀ ရက်တွင် စတင်ပြီဖြစ်ကြောင်း မြင်းခြံခရိုင် အမှတ် (၉)တပ်ရင်း (Myingyan Black Tiger - MBT) က ထုတ်ပြန်သည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား တော်လှန်ရေးအင်အားစုများ သိမ်းပိုက်
အကြမ်းဖက်စစ်အုပ်စု၏ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အထိုင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အား သြဂုတ် ၃ ရက် နေ့လယ်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်အတည်ပြုထားသည်ဟု သတင်းမီဒီယာများက ဖော်ပြကြသည်။