လက်နက်ကိုင်တော်လှန်ရေး

နွေဦးတော်လှန်ရေးသည် စစ်အုပ်စုအာဏာသိမ်းမှုအား ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် ဖြိုခွဲပြီးနောက် လက်နက်ကိုင်တော်လှန်ရေးဘက်သို့ ရွေ့လာခဲ့သည်။ ဆန္ဒပြသူများအကြား မိမိအခွင့်အရေး မိမိရပိုင်ခွင့်၊ မိမိကိုယ်ကို ခုခံကာ ကွယ်ပိုင်ခွင့်၊ မိမိဒေသ မိမိ ကာကွယ်ရေးတို့အတွက် လက်နက်စွဲကိုင် တော်လှန်မှု အား ၂၀၂၁ ခုနှစ် မတ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

  • ကန်ပက်လက်တွင် ဝန်ထမ်း ၈၈ ဦး CDM ပြုလုပ်

    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အတွင်း အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် လုပ်ကိုင်နေသည့် ဝန်ထမ်း အား၎င်းတို့ လုပ်ကိုင်နေသည့် ရုံးလုပ်ငန်းများအား ရပ်တန့်စွန့်ခွာရန် မေ ၉ ရက်က သတိပေးပြီးနောက် ဝန်ထမ်း ၈၈ ဦး CDM ပြုလုပ်လာကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်စာရင်းနှင့်တကွ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

  • ဂန့်ဂေါ - ပလဖ စစ်ကြောရေး၌ အရပ်သားသေဆုံးမှုအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာနေ ဦးဆန်းလွင်အား မူးယစ်ဆေး သံသယမှုဖြင့် မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးပြီးနောက် ညနေပိုင်းတွင် မိသားစုအား အလောင်းလာရောက်ထုတ်ယူခိုင်းမှုနှင့် ပတ်သက်၍ အသက်သေဆုံးသည်အထိ ရိုက်နှက်မှုနှင့် မိသားစုဝင်များအား အမှုကျေအေးရန် ကြိုးစားနေမှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုံချကြောင်း ဒေသအခြေပြု အရပ်ဘက် အဖွဲ့အစည်းနှင့် တော်လှန်ရေးအင်အားစုများက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NUG
  • မိုးကုတ်နှင့် လားရှိုး ရမခတိုင်းစစ်ဌာနချုပ်အား တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

    မန္တလေးတိုင်း၊ မိုးကုတ်မြို့အား တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်- မန္တလေး(MDY- PDF) ပူးပေါင်းတပ်ဖွဲ့များကဇူလိုင် ၂၄ ရက်တွင် အပြီးသတ်သိမ်းယူနိုင်ပြီဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်တွင် MDYPDF က ထုတ်ပြန်လိုက်သည်။

    PSLFMNTJP
  • လက်နက်ချ စစ်သား ၃၁၇ ဦး MNDAA နှင့် ပူးပေါင်းကာ ပြန်တိုက်မည်

    လားရှိုးတွင် အကြမ်းဖက်စစ်အုပ်စုဘက်မှ ဒုတိယဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်သည့် တပ်သား ၃၁၇ ဦးဇူလိုင် ၂၁ ရက်က လက်နက်ချ အလင်းဝင်ကာ အာဏာသိမ်းစစ်တပ်အား တိုက်ထုတ်ရန်အတွက် မဟာမိတ်အဖွဲ့များ၌ ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

    MNTJP
  • စဉ့်ကူးမြို့နယ်အား Mandalay PDF အပြီးတိုင် သိမ်းပိုက်၊ ထိန်းချုပ်

    မန္တလေးတိုင်း ၊စဉ့်ကူးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စု စခန်းများအားလုံးနှင့် မြို့နယ်အား ဇူလိုင် ၁၇ ရက်တွင် အပြီးသတ် သိမ်းပိုက်၊ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) စစ်ဦးစီးအဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NUG
  • စစ်ဆင်ရေးကာလ စည်းကမ်းနှင့် လမ်းညွှန်ချက်များ Mandalay PDF ထုတ်ပြန်

    အကြမ်းဖက်စစ်အုပ်စုအား ထိုးစစ်ဆင်နေသည့် ကာလအတွင်း တပ်ဖွဲ့ဝင်အားလုံး လိုက်နာရမည့် စည်းကမ်းနှင့် လမ်းညွှန်ချက်၂၈ ချက်အား ကဏ္ဍသုံးခုခွဲ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (People’s Defense Force – Mandalay) စစ်ဦးစီးအဖွဲ့က ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NUG
  • မန္တလေးဒေသ ကြားကာလနိုင်ငံရေး အစီအမံရေးဆွဲရေး လုပ်ငန်းစဉ် ထုတ်ပြန်

    မန္တလေးဒေသတွင် လက်ရှိ တော်လှန်ရေးကာလ (ကြားကာလ) အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကြားကာလ နိုင်ငံရေးအစီအမံ (Interim Political Arrangement) တစ်ရပ် ပြင်ဆင်ဖော်ထုတ်ရေး လုပ်ငန်းစဉ်အားမန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRMH) နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများက ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

    CSTMAFCC
  • မွန်ဒေသ ခြောက်လတာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစီရင်ခံစာ

    မွန်ဒေသ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ခြောက်လတာအတွင်း ဖြစ်ပွားခဲ့သည့် ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဉ်များ စုစည်းမှတ်တမ်းထားသည့်"မွန်ဒေသ ၆ လတာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစီရင်ခံစာ" အား ရာမည ဖက်ဒရယ်အင်အားစုသစ် (NewRehmonnya Federated Force – NRFF) က ထုတ်ဝေသည့် လဂွန်းအိမ်စာစဉ်က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

    MSFCNMSP - AD
  • စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက် တစ်နှစ်ပြည့် ထုတ်ပြန်ချက်

    အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူကို ရန်သူအဖြစ် ပစ်မှတ်ထားတိုက်ခိုက်ရေးမူဝါဒကြောင့် နွေဦးတော်လှန်ရေး သုံးနှစ်တာကျော်ကာလအတွင်း စစ်ကိုင်းတိုင်း လူဦးရေ၏ ၂၂ ဒသမ ၄ ရာခိုင်နှုန်းခန့်မှာ စစ်ရှောင်အဖြစ် နေထိုင်နေရကာ နေအိမ်ပေါင်း ၅၃,၀၀၀ ကျော် မီးရှို့ခံထားရကြောင်း ဇူလိုင် ၁၁ ရက်က စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ - “စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်"၏ တစ်နှစ်ပြည့် ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။

    NUG
  • ဝက်လက် ဗကသရဲဘော် သတ်ဖြတ်ခံရမှုအတွက် အိတ်ဖွင့်ပေးစာနှင့် သဘောထားများ ထုတ်ပြန်

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ အသက် ၁၆ နှစ်အရွယ် ရဲဘော်မြင့်မြတ်ဦး ဇူလိုင် ၈ ရက်က သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှု ပြန်လည်ရှာဖွေရန်နှင့် ပြစ်မှုကျူးလွန်သူများအား ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ် အရေးယူပေးရန် တော်လှန်ရေးအင်အားစုများက အိတ်ဖွင့်ပေးစာနှင့် သဘောထားကြေညာချက်များ ထုတ်ပြန်ထားသည်။

    AFCCCRPH
  • PDF ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်းတပ်ရင်း ထပ်မံတိုးချဲ့

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန(MoD) လမ်းညွှန်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရန်ကုန်တိုင်း စစ်ဌာနလက်အောက်တွင် အင်အားဖြည့်တင်းသည့်အနေဖြင့် တပ်ရင်း ၅၁၀၂ အား ဇူလိုင် ၁ရက်တွင် စတင်ဖွဲ့စည်းကြောင်း တိုင်းစစ်ဌာနက ထုတ်ပြန်လိုက်သည်။

    NUG
  • ပုလဲ ကျောင်းအာဏာပိုင်နှင့် ပသုံးလုံးအဖွဲ့ဝင်များအား ဗကသများအဖွဲ့ချုပ် ဆန္ဒပြ

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများ၏ ကျောင်းဝင်ခွင့်လျှောက်ထားသူများ လိုက်နာရမည့်စည်းကမ်းချက်များ၌ လွတ်လပ်စွာပြောဆိုခွင့်၊ အသင်းအဖွဲ့၌ ပါဝင်ခွင့် ကန့်သတ်ချက်များပါရှိကာ "လူတိုင်းလွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိသည်" ဆိုသည့် အခြေခံလူ့အခွင့်အရေးအား ချိုးဖောက်ရာ ရောက်သည့်အတွက် ပုလဲမြို့နယ် ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့်ဒေသခံ ပြည်သူများက ဇွန် ၃၀ ရက်တွင် ကျောင်းအာဏာပိုင်နှင့် NUG ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ "ပ"သုံးလုံးအဖွဲ့အား ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည်။

    NUG
  • ၁၀:၂၇ ဒုတိယလှိုင်း၌ မဟာမိတ်အဖြစ် ပါဝင်ကြောင်း ရှမ်းမြောက်မဟာမိတ်တပ်ရင်း ထုတ်ပြန်

    ၁၀:၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် မဟာမိတ်ညီနောင်သုံးဖွဲ့နှင့် အကြမ်းဖက်စစ်အုပ်စုအကြား ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီ ဖြစ်ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်အတူ မဟာမိတ်ညီနောင်များနှင့်လက်တွဲ၍ စစ်ဆင်ရေးဖော်ဆောင်မှုများ၌ ပါဝင်သွားမည် ဖြစ်ကြောင်းရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NorthernShan State Alliance Army – NSSAA) က ဇွန် ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

    PSLFMNTJP
  • စစ်ကိုင်းဖိုရမ် တစ်နှစ်ပြည့် လူထုသို့ အစီရင်ခံစာ

    တိုင်းအဆင့် စုဖွဲ့မှုတစ်ခု ပေါ်ပေါက်ရေးကို ဦးတည်သည့် စစ်ကိုင်းဖိုရမ်၏ တစ်နှစ်ပြည့် လူထုသို့အစီရင်ခံစာအား ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ဇွန် ၂ ရက်တွင် ထုတ်ပြန်ခဲ့ရာ နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ လူမျိုးစုရေး၊ စစ်ရှောင်ပြည်သူအရေးများနှင့် ပတ်သက်သည့် ရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကိုပါ ဖော်ပြထားသည်။

  • IEC အား ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုဟု ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်

    ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အား ပြည်နယ် ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုကြောင်း၊ ပြည်နယ်လူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားကဏ္ဍများ၌ IEC နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းများ ဆွေးနွေးဖော်ထုတ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လူထုအရေးကိစ္စ ဆောင်ရွက်ရာ၌ ပြည်တွင်းနယ်စပ်ရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် ကရင်နီအင်အားစုများအကြား ဆက်စပ်ဆောင်ရွက်မှုနှင့် အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ကိုင်မည်ဖြစ်ကြောင်း ကရင်နီအရပ်ဖက်အဖွဲ့အစည်းများ၏ရပ်တည်ချက်သဘောထားအား မေ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

    KSCCKNPP
  • မကွေး ကြားကာလအစီအမံရေးဆွဲရေး ကော်မရှင်အား အစုအဖွဲ့ ခုနစ်ခုဖြင့် ဖွဲ့စည်း

    မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင်အား ဧပြီ ၁ ရက် ဖက်ဒရယ်ယူနစ်လွှတ်တော် အစည်းအဝေး၊ ဧပြီ ၃၀ ရက် ယူနစ်လွှတ်တော် တတိယအထူးအစည်းအဝေးခေါ်ယူခဲ့ပြီးနောက် နွေဦးတော်လှန်ရေး၌ ပါဝင်နေကြသော ယူနစ်အတွင်းရှိ အစုအဖွဲ့ခုနစ်ခုမှ တစ်စုလျှင် ကိုးဦးနှုန်းဖြင့် “မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကော်မရှင်”အား ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဧပြီ ၃၀ ရက် ရက်စွဲဖြင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ထားသည်။

  • NUG သုံးနှစ်ပြည့်အဖြစ် ကဏ္ဍခြောက်ရပ် အခြေအနေအား ထုတ်ပြန်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စတင်ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်အဖြစ် နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် လူထုဆက်ဆံရေးဆိုင်ရာ ကဏ္ဍခြောက်ရပ်နှင့် ပတ်သက်သည့်လုပ်ဆောင်နေမှု အခြေအနေများအား ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

    CRPHNUCC
  • ပသုံးလုံး၊ ပြည်သူ့စစ်မှုထမ်းနှင့် ၁၉၈၂ နိုင်ငံသားဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်သုံးရပ်အား ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ အတည်ပြုနိုင်ခဲ့

    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဦးဆောင်၍ ဧပြီ ၄ ရက်မှ ၉ ရက်အတွင်း ငါးရက်တာ ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ ဒေသန္တရအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စ၊ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်သုံးရပ်အား အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ကြောင်း NUCC က ထုတ်ပြန်လိုက်သည်။

    KPICTKSCC
  • ၂၀၀၈ ခြေ/ဥ နှင့် NCA ကို ငြင်းပယ်သည့် နိုင်ငံရေးရပ်တည်ချက် NMSP-AD ထုတ်ပြန်

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း ပိတ်ဆို့သွားပြီ ဖြစ်ကာ မိမိတို့ မျှော်မှန်းသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အရေးပါသည့် နိုင်ငံရေးရပ်တည်ချက်အားမွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)- New Mon State Party – AD က ဧပြီ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

    NMSP - AD
  • အရေးယူမှုပါဝင်မည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် NUG ထုတ်ပြန်

    အမျိုးသားညီညွတ်ရေးအစိုးရ– NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ အားလုံး လိုက်နာရမည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်အား မတ် ၂၂ ရက်က ယာယီသမ္မတ ဒူဝါလရှီးလ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကာ လိုက်နာမှုမရှိသူအား တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူမည်ဟု ဖော်ပြထားသည်။

    NUG
  • နိုင်ငံ့အပြောင်းအလဲအတွက် သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးမည်ဟု 7 NCA-S EAO ထုတ်ပြန်

    အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ကျင်းပခြင်း လုပ်ဆောင်သွားမည်ဟု အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့- EAOs ခုနစ်ဖွဲ့က မတ် ၁၈ ရက်တွင် ထုတ်ပြန်သည်။

    NMSP - ADRCSS
  • လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှ အခြားမရှိဟု MSFC ထုတ်ပြန်

    မွန်လူငယ်များအား အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်းဥပဒေဖြင့် စစ်တပ်အတွင်း သွပ်သွင်းရန် ကြိုးပမ်းနေခြင်းကြောင့် ရပ်တည်ရေး ပိုမိုခက်ခဲလာသည်ကို တွေ့နေရကာ မိမိတို့ အမျိုးသားများ၏ နိုင်ငံရေးအာဏာကို ရယူရာတွင် လက်နက်ကိုင် တော်လှန်သည့်လမ်းစဉ်မှတပါး အခြားမရှိသည့်အတွက် အတူတကွ ပူးပေါင်းပါဝင် တော်လှန်ကြရန် မွန်ဖက်ဒရယ်ကောင်စီ (MonState Federal Council - MSFC) ကဖေဖော်ဝါရီ ၂၅ ရက်တွင် ကျရောက်သည့် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့၌ ထုတ်ပြန်သည်။

    MSFC
  • အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်မည်ဟု NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) ကြေညာ

    အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် နိုင်ငံ့အာဏာသိမ်းယူထားသည့် စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်သည့်အတွက် ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ်ဗိုလ်မှူးချပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်နှင့် ပါတီဝင်များ၊ တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်အုပ်စုအား ဆန့်ကျင်တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလက်တွဲကာတိုက်ခိုက်သွားမည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေး၊စစ်ရေးဦးဆောင်အဖွဲ့က ဖေဖော်ဝါရီ၁၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

    MSFCNMSP - AD
  • အစုအဖွဲ့ကိုးခုက ပြည်သူ့ညီညွတ်ရေးတပ်ဦး ဖွဲ့စည်း

    စစ်အာဏာရှင်စနစ်အား ဆန့်ကျင်သော ညီညွတ်ရေးတပ်ပေါင်းစုတစ်ရပ် လိုအပ်ချက်အရ လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူမျိုးစုလူငယ်များ၊ ကျောင်းသားသမဂ္ဂဝင်ဟောင်းများ၊ နွေဦးတော်လှန်ရေး၌ ပေါက်ဖွားလာသည့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ(Local PDFs) ၊CDM ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းများ၊ လူငယ်သမဂ္ဂနှင့် လူငယ်တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်သည့် လူမျိုးပေါင်းစုံပြည်သူ့ညီညွတ်ရေးတပ်ဦး(People's United Front) ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် မူဝါဒသုံးရပ်ဖြင့် ဖွဲ့စည်းလိုက်သည်။