ပသုံးလုံး၊ ပြည်သူ့စစ်မှုထမ်းနှင့် ၁၉၈၂ နိုင်ငံသားဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်သုံးရပ်အား ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ အတည်ပြုနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဦးဆောင်၍ ဧပြီ ၄ ရက်မှ ၉ ရက်အတွင်း ငါးရက်တာ ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ၌ ဒေသန္တရအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စ၊ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်သုံးရပ်အား အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ကြောင်း NUCC က ထုတ်ပြန်လိုက်သည်။

ညီလာခံသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ နွေဦးတော်လှန်ရေးအင်အားစု၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကောင်စီ အင်အားစုသည့် အစုအဖွဲ့ငါးခုမှ ကိုယ်စားလှယ် ၂၀၄ ဦး၊ အထူးဖိတ်ကြားထားသူ ၁၀၄ ဦးနှင့် လေ့လာသူ ၁၂၈ ဦး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ်ညီလာခံ၌ အဆိုပြုချက်နှင့် အကြံပြုချက် ၂၁ ချက်ကိုလည်း မှတ်တမ်းတင်ထားနိုင်ခဲ့ကာညီလာခံအား ခြောက်လ တစ်ကြိမ် ပုံမှန်ကျင်းပသွားရန်လည်း ညီလာခံက သဘောတူဆုံးဖြတ်ခဲ့သည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.