သုတေသန
နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သုတေသန စာတမ်းများနှင့် ဖြစ်စဉ်များ
- အားလုံး
- ဂျဲန်ဒါတန်းတူညီမျှမှု
- စစ်ဘေးရှောင် ပြည်သူများ
- နိုင်ငံတကာ ဆက်ဆံရေး
- လက်နက်ကိုင်တော်လှန်ရေး
- ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ
- ဖွဲ့စည်းပုံအခြေခံဥပဒေ
- လူ့အခွင့်အရေးချိုးဖောက်မှုများ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု
- အရပ်သားများကို ကာကွယ်ပေးခြင်း
ဦးကျော်မိုးထွန်းအား မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိ
မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးအဖြစ် ကိုယ်စားပြုသူ ရွေးချယ်ရေးအား ကုလစိစစ်ရေးကော်မတီက ဆိုင်းငံ့လိုက်သည့်အတွက် လက်ရှိအသိအမှတ်ပြုခံထားရသူ ဦးကျော်မိုးထွန်းမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိနေမည် ဖြစ်သည်။
ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ - CJDC ဖျက်သိမ်းကြောင်းကြေညာ
အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်မှုများ ကာကွယ်ရန် ချင်းအမျိုးသားတပ်ဦး - CNF ၊ မြို့နယ်ကာကွယ် ရေးတပ်ဖွဲ့ ကိုးဖွဲ့၊ ဒေသကာကွယ်ရေးအဖွဲ့ ခုနစ်ဖွဲ့၊ CDF KKG ၊ စုစုပေါင်း ၁၈ ဖွဲ့ဖြင့် ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်းက စတင်ပူးပေါင်းဖွဲ့စည်းထားသည့် Chinland Joint Defense Committee – CJDC အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ – ၁၆ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးအပြီး ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
မြန်မာ့လူထုသဘောထားနှင့် တော်လှန်ရေးအခြေအနေမှန် သိစေရေး တရုတ်အား အိတ်ဖွင့်ပေးစာ ပို့
မြန်မာပြည်သူတစ်ရပ်လုံး ထောက်ခံ၊ ပါဝင်၊ ဆင်နွှဲနေသည့် မြန်မာ့နွေဦး တော်လှန်ရေးသည် ဖက်ဆစ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ပြည်သူ့ကိုယ်စားပြု ဒီမိုကရေစီအစိုးရစနစ် ပေါ်ထွန်းရေး၊ လူမျိုးပေါင်းစုံ တန်းတူရည်တူရှိသည့် ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို ရှေးရှုကာ တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံတစ်ရပ်ရပ်၏ အကျိုးစီးပွားကို ထိခိုက်နစ်စေမှု လုံးဝ ဖြစ်စေမည် မဟုတ်သည့် ပြည်သူတော်လှန်ရေးသာ ဖြစ်ကြောင်း တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိထံ လိပ်မူ၍ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာလူထုအခြေပြုနှင့် တော်လှန်ရေးအဖွဲ့အစည်း ၂၂၅ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။
မုံရွာထောင်အတွင်း နိုင်/ကျဉ်းများအား စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်နေ
မုံရွာထောင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ မတရားပုဒ်မ တပ်၍ ထောင်သွင်းအကျဉ်းကျခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား ထောင်အာဏာပိုင်များက စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်နေသည့်အပေါ် ချက်ချင်းရပ်တန့်ရန် သတိပေးလိုက်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်လိုက်သည်။
စစ်အုပ်စုလောင်စာရရေး ပါဝင်ပတ်သက်နေသည် လု်ပငန်း ၁၂ ခုအား ပြစ်ဒဏ်ခတ်ရေး တောင်းဆို
အကြမ်းဖက်စစ်အုပ်စု လိုအပ်သည့် လေယာဉ်ဆီနှင့် စစ်ဘက်/အရပ်ဘက် နှစ်မျိုးသုံး လောင်စာရရေးအတွက် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ ဝယ်ယူရေးအတွက် ငွေကြေးလွှဲပြောင်းမှုနှင့် လောင်စာဆီတဆင့်သိုလှောင်ပေးမှု၌ ပါဝင်သည့် ကုမ္ပဏီများ၊ ရေကြောင်းအာမခံနှင့် သင်္ဘောအေဂျင်စီများအနေဖြင့် စီးပွားရေးပိတ်ဆို့ထားမှုအပေါ် ချိုးဖောက်သည့်အတွက် ပြစ်ဒဏ်ခတ်မှု ချမှတ်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။
MSRF အား မွန်ဖက်ဒရယ်ကောင်စီတပ်အဖြစ် ပြောင်းလဲရပ်တည်
နှစ်ဖက်ခေါင်းဆောင်းများ ဆွေးနွေးပြီးနောက် မွန်ပြည်တော်လှန်ရေးတပ် (Mon State Revolutionary Force – MSRF) အား မွန်ပြည်ဖက်ဒရယ်ကောင်စီ (Mon State Federal Council – MSFC) တပ်အဖြစ် ပြောငးလဲရပ်တည်ကာ ဆက်လက်တိုက်ပွဲ သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်က ထုတ်ပြန်လိုက်သည်။
CDM ကျောင်းသား/သူ မူဝါဒ ပေါ်ပေါက်ရေး BEGSC တိုက်တွန်း
CDM လှုပ်ရှားမှု၌ ပါဝင်သည့် ကျောင်းသား/သူ များအတွက် တရားမျှတမှု ပြန်လည်ရှာဖွေရေးမှာ အရေးကြီးကာ ၎င်းတို့၏ ပညာရေးအခွင့်အလမ်း၊ ပညာရေးအာမခံချက်၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် မူဝါဒတစ်ရပ်အား ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် ရေးဆွဲအတည်ပြုပေးစေလိုကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် သက်ဆိုင်သူအားလုံးအား အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (BEGSC-CEC) က ဒီဇင်ဘာ ၁၄ ရက်တွင် တိုက်တွန်းထုတ်ပြန်ထားသည်။
အာမခံချက်များစွာပါသည့် ဘက်ပြောင်းရေး အစီအမံ IEC ထုတ်ပြန်
ကရင်နီပြည်နယ်အတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့၊ တပ်ရင်းများအနေဖြင့် အသက်အာမခံချက်အပြင် နိုင်ငံ့ကာကွယ်ရေးတာဝန် ပြန်လည်ထမ်းဆောင်ခွင့်ကိုပါ အာမခံသည့် ဘက်ပြောင်းရေးအစီအမံများ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ - IEC က ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအား ချင်းပြည်ကောင်စီ အတည်ပြု
ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်အထိ ချင်းအမျိုးသားတပ်ဦး - CNF ဌာနချုပ် ဗစ်တိုးရီးယားစခန်းတွင် ပြုလုပ်သည့် ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီညီလာခံမှတစ်ဆင့် ဒီဇင်ဘာ ၆ ရက်တွင် ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုလိုက်ပြီ ဖြစ်သည်။
ဂျဲန်ဒါတန်းတူ မဟာဗျူဟာမြောက်ချဉ်းကမ်ခြင်း စာတမ်း WLB ထုတ်ဝေ
“ဖက်ဒရယ်စနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တန်းတူညီမျှမှုအခြေခံမူ - အမျိုးသမီးအခွင့်အရေးနှင့် ဂျဲန်ဒါတန်းတူမှုကို မဟာဗျူဟာမြောက်ချည်းကပ်ခြင်း” အမည်ဖြင့် စာတမ်းကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB က ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ဝေလိုက်သည်။
ကောလင်း ပြည်သူ့အုပ်ချုပ်ရေး စတင်
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်အား အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် သိမ်းယူပြီးနောက် ဒီဇင်ဘာ ၃ ရက်မှစ၍ ပြည်သူ့အုပ်ချုပ်ရေးစတင်ပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ထုတ်ပြန်ကြေညာလိုက်သည်။
စစ်အုပ်စု အကျိုးဖြစ်စေသည့် ODA နှင့် စီမံကိန်းများ ရပ်ဆိုင်းရန် ဂျပန်အစိုးရအား တောင်းဆို
မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရက ပေးအပ်နေသည့် ဖွံ့ဖြိုးရေးဆို်ငရာ တရားဝင်အကူအညီ (Official Development Assistance – ODA) ချေးငွေများ ပေးအပ်ခြင်း၊ ဂျပန်အစိုးရန်ပုံငွေဖြင့် လည်ပတ်နေသည့် ဂျပန်နိုင်ငံ၏ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (Japan Oversea Infrastructure Investment Corporation for Transport and Urban Development – JOIN) နှင့် ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်းဘဏ် (Japan Bank for International Cooperation – JBIC) သည် စစ်သမိုင်းပြတိုက် ပြန်လည်ပြုပြင်ရေးစီမံကိန်းများ၌ ပါဝင်ပတ်သက်နေသည့်အတွက် အကြမ်းဖက်စစ်အုပ်စုအား အကျိုးဖြစ်ထွန်းနေစေသည့်အတွက် ၎င်းတို့အား ရပ်တန့်ရန် ဂျပန်အစိုးရအား ဦးတည်၍ ဒီဇင်ဘာ ၁ ရက်က နွေဦးတော်လှန်ရေး၌ ပါဝင်နေသည့် အရပ်ဘက်အဖွဲ့အစည်း ၈၅ ခုက တောင်းဆိုလိုက်သည်။
အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု မူဝါဒ NUCC ထုတ်ပြန်
အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု - CDM နှင့် ပတ်သက်သည့် မူဝါဒအား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC က ကောင်စီ၏ ဒီဇင်ဘာ ၁ ရက်အစည်းအဝေးမှတစ်ဆင့် အတည်ပြု ထုတ်ပြန်လိုက်သည်။
မွန် CDM ကောင်စီ ဖွဲ့စည်း
မွန်ပြည်နယ်အတွင်းရှိ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု - CDM၌ ပါဝင်သည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဌာနမှ ဝန်ထမ်းအစုအဖွဲ့ သုံးဖွဲ့ ပူးပေါင်း၍ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON) အား ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွဲ့စည်းလိုက်သည်။
NUG နှင့် KPICT တော်လှန်ရေးကာလ ကဏ္ဍပေါင်းစုံအားကောင်းရေး တွေ့ဆုံ
နွေဦးတော်လှန်ရေးကာလ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများအား ပြန်လည်သုံးသပ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကဏ္ဍများ ပိုမိုအားကောင်းရေး၊ တော်လှန်ရေး အောင်မြင်ရေးအတွက် လက်တွဲလုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် Kachin Political Interim Coordination Team (KPICT) တို့ နိုဝင်ဘာ ၃၀ ရက်က တွေ့ဆုံခဲ့သည်။
စစ်အုပ်စုအား မဖိတ်ရန် GPEDC နှင့် ကိုရီးယားအစိုးရအား အရပ်ဘက် ၆၆၀ ဖွဲ့က ကန့်ကွက်
၂၀၂၃ ဘူဆန် ကမ္ဘာ့မိတ်ဖက် ဖိုရမ် (2023 Busan Blobal Partnership Fourm) အား အကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ် ဖိတ်ကြားထားမှုအား ပြန်လည်ရုပ်သိမ်းရန်နှင့် မြန်မာပြည်သူများအား ထောက်ခံကြောင်း ပြသရန် မြန်မာ့အရပ်ဘက် အဖွဲ့အစည်း ၆၆၀ က နိုဝင်ဘာ ၂၉ ရက်တွင် အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်သည်။
ရှမ်းလူထုဆန္ဒအရ SSPP နှင့် RCSS အပစ်အခတ်ရပ်ရေး သဘောတူ
ရှမ်းပြည်လူထု၏ သဘောဆန္ဒအရ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား အပစ်အခတ်ရပ်စဲပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် အဖွဲ့နှစ်ခုပေါင်း၍ ထုတ်ပြန်လိုက်သည်။
မကွေးယူနစ် ကြားကာလစီမံဥပဒေအား မကွေးချင်းတိုင်းရင်းသားအစုအဖွဲ့က ကန့်ကွက်
မကွေးတိုင်းဒေသကြီးလွှတ်တော်က မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေအား နိုဝင်လာဘ ၁၇ ရက်က ပြဋ္ဌာန်းသည့်အပေါ် မကွေးတိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားများအစုအဖွဲ့က အသိအမှတ်မပြုကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဖိနှိပ်မှုများကြားက ရန်ကုန်မြို့ လူထုသပိတ်တိုက်ပွဲ
အကြမ်းဖက်စစ်အုပ်စု လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် လူထုသပိတ်တိုက်ပွဲများ ပြန်လည် စတင်လာပြီ ဖြစ်ကာ နိုဝင်ဘာ ၂၅ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့် သပိတ်အင်အားစုများ ပူးပေါင်း၍ သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့သည်။
မြန်မာအရေး၌ ပါဝင်လှုပ်ရှားနေသူများနှင့် တွေ့ဆုံခဲ့ကြောင်း အင်ဒိုနိုင်ငံခြားဌာန ထုတ်ပြန်
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ရေး တွန်းအားပေးရန်၊ မြန်မာ့အကျပ်အတည်းအား ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းနိုင်ရေး အတွက် အားလုံးပါဝင်သည့် ဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာ့အရေးအတွက် အဓိကပါဝင်ပတ်သက်နေသူများနှင့် ဂျကာတာမြို့တွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၁၂ ကြိမ်မြောက် မကဒတ ညီလာခံမှ နိုင်ငံရေးနှင့် ရပ်တည်ချက် ထုတ်ပြန်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF ၏ ၁၂ ကြိမ်မြောက် ညီလာခံမှ နိုင်ငံရေးရည်မှန်းချက် ငါးရပ်နှင့် ရပ်တည်ချက် ခြောက်ရပ်အား ထုတ်ပြန်လိုက်ကာ လက်နက်ကိုင်တိုက်ပွဲ အဓိကထားကာ အခြားတိုက်ပွဲပုံသဏ္ဍန်နှင့်ပါ ပေါင်းစပ်တိုက်ပွဲဝင်မည်ဟု ပါရှိသည်။
KCSS ၏ မူသဘောတူညီချက်ဖြင့် ကရင်နီကြားကာလ လွှတ်တော် ဖွဲ့စည်း
လူထုအား ကိုယ်စားပြုမှု၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်အား စောင့်ကြည့်ထိန်းညှိရန်အတွက် ကရင်နီကြားကာလ လွှတ်တော်အား ၂၀၂၀ ရွေးကောက်ပွဲ၌ ဒေသတွင်း အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် နိုဝင်ဘာ ၁၇ ရက်တွင် စတင်ဖွဲ့စည်းလိုက်သည်။
တိုင်းသုံးတိုင်း၌ ကြားကာလဖွဲ့စည်းပုံရေးဆွဲမှု ကြိုတင်ပြင်ဆင်ရေး ဥပဒေကြမ်းအား အတည်ပြု
စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတိုင်းတို့တွင် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုလိုက်ပြီ ဖြစ်သည်။
လူသားချင်းစာနာထောက်ထားမှု ဥပဒေ လိုက်နာရန် ကုလအတွင်းရေးမှူးချုပ်ရုံး ထုတ်ပြန်
မြန်မာနိုင်ငံ၌ "ပဋိပက္ခကျယ်ပြန့်လာသည့်အတွက်" သက်ဆိုင်သူအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအား လိုက်နာရန်နှင့် အရပ်သားများအား အကာအကွယ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။